Thursday, May 16, 2019

မွတ်စလင်ဆန့်ကျင်ရေး အဓိကရုဏ်းများအပြီး အခြေအနေထိန်းချုပ်နိုင်ခဲ့ဟု သီရိလင်္က࿿ာတာဝန်ရှိသူများ ပြောကြား

သီရိလင်္က࿿ာတွင် အီစတာနေ့ အသေခံဗုံးခွဲတိုက်ခိုက်မှုများအပြီး သီတင်းပတ် အနည်းငယ်အကြာ၌ ဗလီများ၊ မွတ်စလင်များပိုင်ဆိုင်သော ဈေးဆိုင်များနှင့် နေအိမ်များသည် ပစ်မှတ်ထား ဖျက်ဆီးခံခဲ့ရပြီးနောက် အခြေအနေကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း အာဏာပိုင်များက မေ ၁၅ ရက်တွင် ပြောကြားခဲ့ကြသည်။ သီရိလင်္က࿿ာလူဦးရေ ၂၁ သန်းအနက် ၁၀ ရာခိုင်နှုန်းခန့်ရှိသော မွတ်စလင်များအား မေ ၁၃ ရက်တွင် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် မေ ၁၄ ရက်တွင် နိုင်ငံတစ်ဝန်း ဒုတိယမြောက်နေ့အဖြစ် ကာဖျူးအမိန့်ထုတ်ပြန်ထားစဉ် အကြမ်းဖက်တိုက်ခိုက်မှု ထပ်မံဖြစ်ပွားခြင်းမရှိခဲ့ပေ။

ဧပြီ ၂၁ ရက်တွင် ပြည်တွင်းအစ္စလာမ္မစ် အစွန်းရောက်များက ခရစ်ယာန်ဘုရားကျောင်း သုံးကျောင်းနှင့် ဇိမ်ခံဟိုတယ်သုံးခု၌ အသေခံဗုံးခွဲမှုများကြောင့် လူ ၂၅၈ ဦး သေဆုံးခဲ့ရပြီးနောက်ပိုင်း နိုင်ငံထဲရှိ မွတ်စလင်အများအပြားသည် လက်တုံ့ပြန် တိုက်ခိုက်ခံရနိုင်မှုများအတွက် ပြင်ဆင်ထားကြရသည်။

မေ ၁၄ ရက်တွင် မည်သည့် အကြမ်းဖက်ဖြစ်စဉ်မျှ မဖြစ်ပေါ်ခဲ့ဘဲ အခြေအနေများကို လုံးဝထိန်းချုပ်နိုင်ခဲ့ကြောင်း၊ လူအုပ်ကြီးဖြင့် တိုက်ခိုက်မှုများတွင် ပါဝင်မှုအတွက် တာဝန်ရှိသည့် အဖွဲ့များကို ဖမ်းဆီးနေကြောင်း စစ်ဘက်ပြောခွင့်ရပုဂ္ဂိုလ် Sumith Atapattu က ပြောကြားခဲ့သည်။


အဓိကရုဏ်းများတွင် ကျူးလွန်သူများအား ဖော်ထုတ်နိုင်ရန်အတွက် လုံခြုံရေးကင်မရာ ဗီဒီယိုမှတ်တမ်းများကို ပြန်လည်သုံးသပ်မည့် အထူးအဖွဲ့များအားချထားပြီး ယင်းမှတ်တမ်းများကို အခြေခံ၍ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း အစိုးရသတင်းရင်းမြစ်များက ပြောကြားခဲ့ကြသည်။

သို့သော် ဓားရှည်ကိုင်ထားသော လူအုပ်ကြီးက မေ ၁၃ ရက်နှောင်းပိုင်းတွင် မွတ်စလင်များ၏ ဈေးဆိုင်များနှင့် နေအိမ်များ၊ ဗလီများကို တိုက်ခိုက်ဖျက်ဆီးခဲ့ပြီး အမျိုးသားတစ်ဦးအား သတ်ဖြတ်ခဲ့ပြီးနောက် North West Province တွင် မွတ်စလင်များသည် မေ ၁၅ ရက်၌ စိုးရိမ်နေကြဆဲဖြစ်ပြီး နေအိမ်ထဲ၌သာ နေကြဆဲဖြစ်သည်။

ပြဿနာရှာသည်ဟု သံသယရှိသည့် အဖွဲ့ငယ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးနေပြီး ရဲတပ်ဖွဲ့ထံ လွှဲပေးခဲ့ကြောင်း စစ်ဘက်ပြောခွင့်ရပုဂ္ဂိုလ် Atapattu က ပြောကြားခဲ့သည်။ ゞင်းတို့သည် အရေးပေါ် အခြေအနေ ဥပဒေများဖြင့် ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင်ကြောင်း ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဂူနာဆီကီရာက ပြောကြားခဲ့သည်။

ထိန်းသိမ်းခံခဲ့ရသူများထဲတွင် လူများစု ဗုဒ္ဓဘာသာ ဆင်ဟာလိမျိုးနွယ်စုမှ အမက်ဝီရာဆင်းဟိလည်းပါဝင်ပြီး ပြီးခဲ့သောနှစ် မတ်တွင် နိုင်ငံအလယ်ပိုင်း ကန္ဒီခရိုင်၌ အလားတူ အဓိကရုဏ်းတွင် ပါဝင်ခဲ့မှုအတွက် ထိန်းသိမ်းခံခဲ့ရကာ အာမခံရရှိထားသူဖြစ်သည်။

နောက်ထပ် ထိန်းသိမ်းခံထားရသူတစ်ဦးဖြစ်သည့် နာမယ်ကူမာရာသည် ကြည်းတပ်နှင့် လေတပ်နှစ်ခုစလုံးမှ ထွက်ပြေးခဲ့သူဖြစ်ပြီး လူအုပ်ကြီးကို ဦးဆောင်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။ အဓိကရုဏ်းဖန်တီးသူများအား ဟန့်တားရန် တာဝန်ရှိသူများက လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း စွပ်စွဲချက်များ ထွက်ပေါ်ခဲ့ပြီးနောက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် ဒေသများမှ ထိပ်တန်းတာဝန်ရှိသူများအား ရဲတပ်ဖွဲ့က ရာထူးမှဖယ်ရှားပြီး ကွပ်ကဲမှုဆိုင်ရာ ဖွဲ့စည်းတည်ဆောက်မှုပုံစံကို အပြောင်းအလဲများစွာ လုပ်ဆောင်ခဲ့သည်။

No comments:

Post a Comment