Thursday, May 16, 2019

ဝါးခယ်မမြို့နယ် ရွှေလောင်းရွာ ဇက်ဆိပ်ကမ်းတွင် ဇက်ကူးစဉ် ဘိလပ်မြေဖျော်စက် ကားတစ်စီး လျှောကျနစ်မြုပ်ခဲ့ပြီး ယာဉ်မောင်းပျောက်ဆုံးနေ

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ရွှေလောင်းကျေးရွာ ဇက်ဆိပ်ကမ်းတွင် ဇက်ကူးနေစဉ် ဘိလပ်မြေဖျော်စက် ကားတစ်စီး မေ ၁၄ ရက် နံနက် ၉ နာရီခွဲက လျှောကျနစ်မြုပ်ခဲ့ရာ ယာဉ်မောင်းမှာ ပျောက်ဆုံးလျက်ရှိကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်မှူးရုံးမှ သိရသည်။ေ ရွှလောင်းကျေးရွာ ဇက်ဆိပ်ကမ်းမှ ယခုအခါ ပျောက်ဆုံးလျက်ရှိနေသော ယာဉ် မောင်း ကိုကယားကြီး (ခ) ဦးဝင်းအောင်က ယာဉ်အမှတ် 9J/ ---- JAC အမျိုးအစား RGP ROYAL GOLDEN POWER ကုမ္ပဏီပိုင်ယာဉ်အား ကားတန်ချိန်နှင့် ဖျော်ရည် အပါအဝင် ဖျော်ရည်စက်တို့ စုစုပေါင်း အလေးချိန် တန် (၃၀) ဖြင့် ဇက်ရေယာဉ်ပေါ်သို့ တက်ခဲ့ရာ ကားဦးပိုင်း ဇက်ရေယာဉ်ပေါ်ရောက်စဉ် ဇက်ရေယာဉ် ကမ်းနှင့် ကွာသွားသဖြင့် အနက်ပေ ၃၀ ခန့်ရှိ ရွှေလောင်းမြစ် အတွင်းသို့ နောက်ပြန်လျှောကျ နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဆက်လက် သိရသည်။



“ဇက်အကူးမှာ ကမ်းနဲ့ဟသွားတော့ နောက်ပြန်လျှောကျ သွားတာပါ” ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ ဒုတိယရဲမှူး ကြီးထွန်းရွှေက ပြောကြားသည်။


အဆိုပါဇက်မှာ ရွှေလောင်းဆောက်လုပ်ရေး အထူးအဖွဲ့(၁၅)မှ ငှားရမ်းထားသည့် ဇက်ရေယာဉ်မောင်း ဦးကျော်စန်း မောင်းနှင်သည့် ဇက်ရေယာဉ်ဖြစ်ပြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် မြေနုကျေးရွာအုပ်စုသို့ ကူးရန်ဖြစ်ကြောင်း ဆက်လက်သိရသည်။

နစ်မြုပ်ပျောက်ဆုံး လျက်ရှိသည့် ယာဉ်မောင်း ကိုကယားကြီး (ခ) ဝင်းအောင်အား မြို့နယ်ရဲမှူးနှင့်အဖွဲ့၊ မြို့နယ်မီးသတ်ဌာနတို့မှ ဒေသခံ ပြည်သူများဖြင့် ပူးပေါင်းကာ ရှာဖွေလျက်ရှိသည်။ 

No comments:

Post a Comment