Thursday, May 16, 2019

သာ​ပေါင်းမြို့နယ်​အတွင်းအောင်​သိဒ္ဓိ​စေတီ​တော်​တည်​ထားကိုးကွယ်ရန်ထူးအယ်​လင်းနှင့်​မြင့်​မြတ်​တို့မတည်​​ငွေလှူဒါန်း

ဧရာဝတီတိုင်း​ဒေသကြီး၊သာ​ပေါင်းမြို့နယ်​ ၊သစ်​ဖြူ​ကျေးရွာအုပ်​စု၊​လှေ​တော်​​ကျေးရွာ ​ကျောက်​​တောင်​ကြီး​ပေါ်၌တည်​ထားကိုးကွယ်​မည့်​ ​အောင်​သိဒ္ဓိ​စေတီ​တော်​တည်​ထားကိုးကွယ်ရန် အဆိုတော် ထူးအယ်​လင်းက ငွေကျပ်​သိန်း ၃၀ နှင့်​ ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင်အကယ်ဒမီ မြင့်​မြတ်​ က ငွေကျပ်သိန်း ၅၀တို့ကို မတည်​​ငွေအဖြစ် အသီးသီးလှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါအောင်​သိဒ္ဓိ​စေတီ​တော်​ကို ၃၁ ဘုံသားများအတွက်​ရည်​စူး၍ ၃၁​ တောင်​ပြည့်​ တည်​ထားကိုယ်​ကွယ်​သွားမည်ဖြစ်သောကြောင့် အဆို​တော်​ထူးအယ်​လင်းက ကြီးမှူး၍ အလှူ​ငွေများ​ကောက်​ခံလျက်​ရှိ​ကြောင်းလည်းသိရသည်​။

No comments:

Post a Comment