Thursday, May 16, 2019

တနင်္သ࿿ာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပြည်သူလူထု တွေ့ဆုံပွဲတွင် ပြည်သူများအား အချိန်မီ အသိပေးခြင်း မရှိခဲ့ဟု ဆိုကာ ဝေဖန်မှုများ ထွက်ပေါ်

တနင်္သ࿿ာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် မေ ၁၅ ရက် နံနက်က ပြုလုပ်ခဲ့သည့်  တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပြည်သူလူထု တွေ့ဆုံပွဲတွင် ပြည်သူများအား အချိန်မီ အသိပေးခြင်း မရှိခဲ့ဟုဆိုကာ ဝေဖန်မှုများ ထွက်ပေါ်လျက် ရှိသည်။ ထားဝယ် မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့သည့်  အဆိုပါ တွေ့ဆုံပွဲသည် တနင်္သ࿿ာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်အသစ်၏ လက်ထက်တွင် ပထမဆုံး စတင်ပြုလုပ်သည့် လူထုတွေ့ဆုံပွဲ ဖြစ်သော်လည်း တွေ့ဆုံပွဲ ပြုလုပ်မည့်ကိစ္စကို ဒေသခံ ပြည်သူများအား အသိပေး ကြေညာခြင်း မရှိသည့်အပြင် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ပွဲကျင်းပမည့် အချိန်နီးကပ်မှ အသိပေးကာ တစ်ရပ်ကွက်လျှင် ၁၀ ဦးစီ တက်ရောက်ပေးရန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက အကြောင်းကြားခဲ့ကြောင်း သိရသည်။


‘‘ကျွန်တော်တို့ လက်ရှိ အစည်းအဝေးကို ရောက်တယ်။ ကိုယ့်အသိနဲ့ကိုယ် သွားတာပေါ့။ အစည်းအဝေး ရောက်တဲ့အချိန်မှာ ဝန်ကြီးချုပ်က ပြောတာပေါ့။ ခန်းမက လုံလောက်မှု မရှိလို့ ဆိုပြီးတော့။ အဲဒီမှာ ကျွန်တော် ထောက်ပြတာက ဒါက လူထုတွေ့ဆုံပွဲ ဖြစ်တဲ့အတွက် ဒီလို သဘောလောက် အခြေအနေမျိုး လုပ်လို့ မရဘူးပေါ့။ အောက်ခြေမှာ ဖြစ်နေတဲ့ ပြည်သူလူထုရဲ့ အသံတွေ အနေအထားတွေ အကုန်လုံး ပြောပြနိုင်လို့ရှိရင် ဒီဘက်မှာ တာဝန်ရှိတဲ့ လူကြီးတွေက နားထောင်ပြီးတော့ ဒါကို လုပ်နိုင်မှာပေါ့လေ။ အခုကျတော့ သူတို့ ခေါ်ခိုင်းရတဲ့ လူလောက်ပဲ ခေါ်ထားတယ် ဆိုတဲ့အခါ လူထုတွေ့ဆုံပွဲ ဆိုတဲ့ ခေါင်းစဉ်ကတော့ ခေါင်းစဉ်နဲ့ တွေ့ဆုံပွဲက တထပ်တည်း မကျဘူးပေါ့။ နောက်ဆို အဲဒီလိုမျိုး မဖြစ်သင့်ဘူး။ ပြည်သူလူထု အကုန်လုံး ပါနိုင်တဲ့ အခြေအနေမျိုး လုပ်ပေးစေချင်တယ်” ဟု လူထုတွေ့ဆုံပွဲသို့ ဖိတ်ကြားခြင်း မခံရသော်လည်း တက်ရောက်ခဲ့သည့် ဦးခင်မောင်သိန်း ကဆိုသည်။


တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ထားဝယ်ဒေသခံ လူထုတွေ့ဆုံပွဲသို့ ဖိတ်ကြားခြင်း မခံရသော်လည်း အခမ်းအနားသို့ တက်ရောက်လာသူအား အချိန်အနည်းငယ် နောက်ကျသည်ကို ထားဝယ်မြို့နယ် အုပ်ချုပ်ရေး တာဝန်ရှိသူတစ်ဦးက ခန်းမအတွင်းသို့ ပေးမဝင်ခဲ့ဘဲ တားဆီးခဲ့ပြီး အကြိမ်ကြိမ် ပြောမှသာ နောက်ပိုင်းတွင် ဝင်ခွင့်ပြုခဲ့ကာ ယင်းအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ထိန်းသိမ်းပေးပါရန်နှင့် ထွေအုပ်နှင့် ရပ်ကျေးရုံးများတွင် “ပြောင်းလဲမှုအစ ထွေအုပ်က” ဟု စသည်ဖြင့် ရေးသားထားသည်များကို တွေ့ရပြီး ယင်းစာသားများနှင့် လုပ်ရပ်မှာ ဆန့်ကျင်ဘက် ဖြစ်နေကြောင်း လက်ရှိ မြင်တွေ့ခဲ့ရပြီး ယင်းအပေါ်တွင် အကောင်းဆုံး ဖြစ်အောင် ပြုပြင်ပေးပါရန် တွေ့ဆုံပွဲအတွင်း ဒေသခံတစ်ဦးဖြစ်သူ ဦးထွန်းကြည်က တင်ပြတောင်းဆိုခဲ့သည်။

ယင်းသို့ တောင်းဆို တင်ပြမှုများနှင့် ပတ်သက်၍ တနင်္သ࿿ာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်က ‘‘ဒီပွဲက ခန်းမထဲမှာ လုပ်တဲ့အတွက်ကြောင့် လူဦးရေ အကန့်အသတ် ရှိပါတယ်။ ကျွန်တော်တို့က ခန်းမရဲ့ အနေအထားအပေါ်မှာ မူတည်ပြီးတော့ တတ်နိုင်သမျှလည်း အရပ်ဘက် အဖွဲ့အစည်းတွေ ကျန်တဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ ဌာနဆိုင်ရာတွေ အဓိက ပါသင့် ပါထိုက်တဲ့ အဖွဲ့ အစည်းတွေကို ဦးစားပေးပြီးတော့ ဖိတ်ကြားရတဲ့အခါမှာ လူဦးရေ အကန့်အသတ်ကြောင့် ဖိတ်ကြားတဲ့အပိုင်းမှာ ကျန်ခဲ့တဲ့ ဟာတွေလည်း ရှိပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ကို နားလည်ပေးဖို့ လိုပါတယ်။ ဒါခန်းမထဲမှာ ဆောင်ရွက်ရတဲ့ အတွက်ကြောင့်မို့ ကျန်တဲ့ မတက်ရတဲ့သူတွေ ရှိရင်လည်း ကျွန်တော်တို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုပဲဖြစ်ဖြစ်၊ ခရိုင်အုပ်ချုပ်ရေးတို့ မြို့နယ်အုပ်ချုပ်ရေး တို့ကိုပဲဖြစ်ဖြစ် မိမိတို့ရဲ့ အခက်အခဲရှိတဲ့ဟာကို စာအားဖြင့်လည်း ပေးပို့လို့ရပါတယ်။ အတတ်နိုင်ဆုံး ကျွန်တော်တို့ ဖြေရှင်း ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။

No comments:

Post a Comment