Thursday, May 16, 2019

"ကျောင်းသားများ မညီညွှတ်သဖြင့် သမဂ္ဂအဆောက်အဦ မဖြစ်" ဟု ဆို

ကျောာင်းသားသမဂ္ဂ အဆောက်အဦး မဖြစ်လာရခြင်းသား ကျောင်းသားတွေ ညီညွှတ်မှုမရှိခြင်းကြောင့် ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ်ဆရာများသမဂ္ဂအဖွဲ့ဥက္ကဌ ဒေါက်တာထွန်းထွန်းနိုင်ကပြောသည်။ “ကျွန်တော်တို့ ကျောင်းသားသမဂ္ဂအဆောက်အဦးဘာကြောင့် မဖြစ်လဲဆိုရင် ကျောင်းသားတွေ မညီညွှတ်လို့ပဲ။ကျောင်းသားအစဉ်အဆက် မညီညွှတ်လို့ပဲ”ဟု ဒေါက်တာထွန်းထွန်းနိုင်ကပြောသည်။ေ မလ ၁၅ ရက်နေ့က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ရုံးတွင် ကျင်းပပြုလုပ်သည့် အစိုးရ၏တတိယတစ်နှစ်တာကာလ၏ ဆောင်ရွက်ခဲ့မှုနျင့် ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများမေးမြန်းမှု အပေါ် ဒေါက်တာထွန်းထွန်းနိုင်မှ အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။



ယင်း အဆောက်အဦး မဖြစ်လာရခြင်းသည် ၈၈ ကျောင်းသားမှ တစ်ဖွဲ့၊ ၇၃ ကျောင်းသားမှ တစ်ဖွဲ့၊ ၆၅ မှ တစ်ဖွှဲ ၆၃ မှ တစ်ဖွဲ့ ဖြင့် ညီညွှတ်ခြင်းမရှိသည့် အတွက် ဒိုင်စားသွားခြင်းသာ ဖြစ်ကြောင်း ဒေါက်တာထွန်းထွန်းနိုင်ကပြောသည်။

“တစ်ဖွဲ့က ဆောက်မယ်ပြောတယ်။ တစ်ဖွဲ့က မဆောက်ဘူး ပြောတယ်။ဆောက်မယ်ဆိုတဲ့ အဖွဲ့က ဒီလို ဆောက်မယ်။ဟိုလို မဆောက်ဘူး။ဒီလို မဆော်ကဘူး။ ကျွန်တော်တို့ အချင်းချင်းက မညီညွှတ်ဘူး။မညီညွှတ်တော့် ဘာဖြစ်လဲဆိုတော့ ဒိုင်စားသွားတယ်။ အဲ့ ပိုက်ဆံတွေ ချထားပေးတာ ကျွန်တော်သိတယ်”ဟု ဒေါက်တာ ထွန်းထွန်းနိုင်ကပြောသည်။

ထို့ပြင် ယင်း အဆောက်အဦးဆောက်လုပ်ရန် အတွက် အစည်းအဝေးများလည်း လုပ်ဆောင် ခြင်းမရှိကြောင်း သိရသည်။

ယခု လက်ရှိတွင် ရန်ကုန်တက္ကသိုလ်အား အဆင့်မြှင့်တင် အကောင်အထည်ဖော်ရန် Mater Plan တွင် ပါဝင်ပြီး ယင်း Plan အရ လက်ရှိ ကျောင်းသားများအမှန်တကယ်လိုအပ်မည့် ကိစ္စများအား ပထမ အဆင့် အနေဖြင့် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment