Thursday, May 16, 2019

အလိမ်အခေါက်စွမ်းရည်ဖြင့် ပရိသတ် ပွဲကျစေခဲ့သည့် တောင်အာဖရိက ဘောလုံးသမား

တောင်အာဖရိက လိဂ်ပွဲစဉ်တခုမှာ ကစားမားတဦးက ပရိသတ်တွေကို ပွဲကျစေမယ့် အလန်းစား အလိမ်အလှည့်တွေ ပြသခဲ့ပါတယ်။ တောင်အာဖရိက ပရီးမီးယားလိဂ်ပွဲစဉ် တခုဖြစ်တဲ့ အော်လန်ဒိုပိုင်းရိတ်စ်အသင်းနဲ့  ပိုလော့ဝါနေးတို့ရဲ့ ပွဲစဉ်မှာ ပိုင်းရိတ်စ်ကွင်းလယ်ကစားသမား သာဘိုကာလင်ဂီက တဦးတည်း လွတ်လွတ်ကျွတ်ကျွတ် ဘောလုံးရရှိချိန် အလိမ်အခေါက်စွမ်းရည် ပြသခဲ့တာပါ။ အဲဒီအချိန်မှာ အိမ်ရှင် အော်လန်ဒိုပိုင်းရိတ်စ်အသင်းက ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရနေတဲ့အချိန်ဖြစ်ပြီး ပွဲချိန် မိနစ် ၉၀ အကျော်မှာ ဘယ်တောင်ပံတလျှောက် အလိမ်အခေါက်စွမ်းရည် ပြသပြီး ပရိသတ်တွေရဲ့ လက်ခုပ်သံ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။



သူ့ရဲ့ ဘောလုံးဆွဲယူပြေးမှုကို ပရိသတ်တွေကလည်း သဘောကျနှစ်ခြိုက်ခဲ့ပြီး ဘောလုံးနဲ့ ဆွဲယူပြေးတဲ့ ဗွီဒီယိုဖိုင်ဟာ တွစ်တာမှာလည်း နာမည်ကြီးသွားခဲ့ပြီး ဝေမျှသူတွေနဲ့ ကြိုက်နှစ်သက်သူ များပြားခဲ့ပါတယ်။

တွစ်တာပရိသတ် တဦးကတော့ “ဘောလုံးကင်းထောက်တဦးက စောင့်ကြည့်နေချိန်မှာ ၈၉ မိနစ်ရောက်မှ လူစားဝင်ကစားရသောအခါ” ဆိုပြီး သာဘိုကာလင်ဂီရဲ့ အလန်းစား လှည့်ကွက်ဗွီဒီယိုဖိုင်ကို ဝေမျှခဲ့ပါတယ်။

No comments:

Post a Comment