Thursday, May 16, 2019

မန္တလေး ဧရာဝတီမြစ်ဘေး ကျူးတဲကကလေးတွေ ပညာရေးဆုံးခန်းတိုင် နေရမှု အလွန်နည်းပါးနေ

ကလေးတွေကိုကျာင်းအပ်နှံ ဖို့ မွေးစာရင်းမရှိတာတွေအိမ်ထောင်စုဇယားမရှိတာတွေကြောင့်အခက်အခဲတွေရှိနေတယ်။ မန္တလေးမြို့၊ ဧရာဝတီ မြစ်ကမ်းဘေးရှိကျူး ကျော်တဲတွေကကလေးတွေရဲ့ပညာရေးအခြေအနေဟ မိဘတွေက လက်လုပ်လက်စားလုပ်ကိုင်ကြရတာကြောင့် စာတတ်မြောက်မှုနဲ့ ကျောင်းပြီးဆုံး အောင်မတက်နိုင်တဲ့အ ခြေအနေတွေဖြစ်နေတယ်လို့ သိရပါ တယ်။ သည်ကလေးတွေကိုအကူအညီပေး ချင်သူတွေကသည်ကလေးတွေကို လာ ရောက် စာသင်ပေးကြတယ်လို့လည်းသိရပါတယ်။


သည်စာသင်ဝိုင်းလေးတွေမှာ စာအုပ်၊ ခဲတံဖိုးကုန်ကျစရိတ်ကို အလှူလိုက်ခံပြီး သင်ကြားပေးနေရတယ်လို့ သိရပါ တယ်။ သည်ကလေးတွေကို ကျောင်းအပ်နှံဖို့ မွေးစာရင်းမရှိတာတွေအိမ်ထောင်စုဇယားမရှိတာတွေကြောင့် အခက်အခဲတွေရှိနေတယ်လို့လည်း သိရပါတယ်။

“ကျောင်းကတောင်းတဲ့ ပိုက်ဆံတွေကိုလဲ ကျွန်မတို့ မတတ်နိုင်တဲ့ အတွက် ကလေးတွေကိုကျောင်းမထားနိုင်ပါဘူး ၊ ဒီမှာမစွမ်းမသန်ကလေးတွေလဲ ရှိနေတာေ ကြာင့် သွားမတက်နိုင်ကြတာမျိုး တွေလဲ ရှိပါတယ်” လို့ အိမ်ခြေယာမဲ့ နေ ထိုင်သူမိခင်တစ်ဦးဖြစ်တဲ့ မသဇင်ဦးက ပြောပါတယ်။

အိမ်ခြေယာမဲ့နေထိုင်နေရသူအများစုဟာ မန္တလေးဇာတိမဟုတ်ဘဲ စားဝတ်နေ ရေးအခက်အခဲကြောင့်နယ်အ သီးသီးက နေ ပြောင်းရွှေ့လာကြသူတွေလည်း ဖြစ်ပါ တယ်။တချို့က နှစ်ပေါင်းဆယ်ချီတဲ့ အထိ အိမ်ခြေယာမဲ့အဖြစ် နေထိုင်နေကြရပြီး ဝမ်းစာရေးအခက်အခဲ၊ အိမ်ပိုင်မြေပိုင် မရှိတဲ့အပြင်အိမ်ငှားနေထိုင်စားရိတ်ပါ မတတ်နိုင်တာကြောင့် လမ်းဘေးမှာနေ ထိုင်နေကြရပြီး ကျောင်းပညာရေးကို မတတ်နိုင်ကြဘူးလို့ သိရပါတယ်။

“ဒီကိစ္စကို ကျွန်မတို့စည်ပင်လူကြီးကို သွားတွေ့ပါဆိုလို့ သွားတွေ့တယ်၊ ကျွန်မ တို့ သွားတွေ့တာငါးဦးတည်းပါ၊ ဒါကိုသူ တို့ က ရုံးရှေ့မှာ ဆူညံပူညံတယ်ဆိုပြီး တော့ မောင်းထုတ်ပါတယ်၊ ဒေါက်တာ ဇော်မြင့် မောင်(ဝန်ကြီးချုပ်)ဆီကို သွားပါ လို့ လမ်းညွှန်လို့ သွားတော့လဲ ကျွန်မတို့ လေးခေါက်သွားပါတယ် မတွေ့ခဲ့ရပါဘူး Flag Youth အဖွဲ့နဲ့တွေ့တော့လဲ ကျွန်မ တို့ကို တာဝန်မယူနိုင် ကြောင်း ငြင်းဆိုခဲ့ တယ်”လို့ အိမ်ခြေယာမဲ့ နေထိုင်သူ မိခင် တစ်ဦးဖြစ်တဲ့ မသဇင်ဦးက ပြောပါတယ်။

အိမ်ခြေယာမဲ့လူဦးရေများပြားလာ တာနဲ့အမျှ ၄င်းတို့ရဲ့ရင်သွေးတွေကိုတတ် နိုင်သမျှကျောင်းထားပေးပေမဲ့ မိဘတွေ ရဲ့စားဝတ်နေရေး အခက်အခဲအရ ပညာ ရေးဆုံးခန်းတိုင်အောင် ထားပေးနိုင်ခြင်းမ ရှိတာကြောင့် လုပ်ငန်းခွင်နယ်ပယ်ကို ကလေးတွေက ပိုမိုအာရုံပြောင်းလာကြ တယ်လို့ ရှမ်းလေးကျွန်မြို့သစ်ဧရာထွန်း ကျူးအိမ်စုမှာနေ ထိုင်တဲ့ အိမ်ခြေယာမဲ့ မိခင်တစ်ဦးဖြစ်သူ ဒေါ်မွန်က ဆိုပါတယ်။

စာရင်းအချက်အလက်အတိအကျ ကောက်ယူရရှိပါက သက်ဆိုင်ရာအဖွဲ့အ စည်းတွေထံ တိကျစွာတင်ပြနိုင်ပြီး အိမ်ခြေ ယာမဲ့ ကလေးငယ်တွေအတွက် အခွင့်အ ရေးတွေပိုမိုရရှိဖို့ဆောင်ရွက်ပေးနိုင်မယ် လို့ ၄င်းတို့က ပြောပါတယ်။ စာရင်းအချက် အလက်ကောက်ယူမှုကို ဇူလိုင်လနဲ့ ဩ ဂုတ်လမှာ စတင်ကောက်ယူမှာဖြစ်ပြီး မန္တလေးခရိုင်ခုနှစ်မြို့နယ်အတွင်းက ဧရာဝတီမြစ်ကမ်းတစ်လျှောက်နေထိုင်နေတဲ့ အိမ်ခြေယာမဲ့ ကလေးငယ်တွေစာရင်းကို ကောက်ယူမှာဖြစ်တယ်လို့ Flag Youth Organization ကနေ သိရပါတယ်။

“ဒီလိုစာရင်းတွေကောက်တယ်ဆိုလို့ မျှော်လင့်ချက်တွေ အများကြီးထားပါ တယ်၊ ကလေးတွေရဲ့ပညာရေးပေါ့၊ ဒီမှာ ကအထက်တန်းကျောင်းသားတွေများပါ တယ်၊ ၂ဝဝ ကျော်လောက်ရှိနေပြီ ၊ ဆက် တက်နိုင်တာက ၅၀ တောင် မပြည့်ပါဘူး၊ အဲဒီ တော့ သူတို့မျှော်လင့်တာနဲ့မိဘတွေ က လဲ ဆင်း ရဲတဲ့အခါကျတော့ ကျူရှင် စရိတ်တွေ မတတ်နိုင်တော့ ကလေးတွေ ကအပြင်မှ အလုပ်လုပ်တဲ့အခါ ဝင်ငွေ ကောင်းတယ် ဆိုပြီးတော့ မိဘတွေကလဲဆက်မတတ် ခိုင်းတာတွေလဲ ရှိတယ်” လို့ အိမ်ခြေယာ မဲ့ နေထိုင်တဲ့ မိခင်တစ်ဦးဖြစ် သူ ဒေါ်မွန်က ပြောပါတယ်။

ကလေးငယ်တွေရဲ့ပညာရေးအခက် အခဲအပြင် ကျန်းမာရေးအတွက်လည်း စောင့်ရှောက်မှု မရရှိဘူးလို့ဆိုပါတယ်။ ယခုအစိုးရလက်ထက်မှာ ဧရာဝတီမြစ် ကမ်းတစ်လျှောက်အိမ်ခြေယာမဲ့ နေထိုင် ရသူတွေအတွက် တိုင်းဒေသကြီးအစိုးရအ ဖွဲ့ကတန်ဖိုးနည်းအိမ်ရာတွေမှာနေထိုင် ခွင့်ရဖို့စီစဉ်ပေးခဲ့ပေမဲ့ အိမ်ခြေယာမဲ့ ၃၇၅ ဦးမှာ ၄၀ ကျော်ပဲတိုက်ခန်းရရှိခဲ့တယ်လို့ ဆိုကြပါတယ်။

ရှမ်းလေးကျွန်းမြို့သစ်ဧရာထွန်းကျူး အိမ်စုတစ်ခုတည်းမှာတင် နေထိုင်တဲ့ ကလေးငယ် ပေါင်း ၁၅၀ လောက် ရှိပြီး ကျောင်းတက်ရောက်ပညာသင်ယူနေတဲ့ ကလေးငယ် ၁ဝဝ ဝန်းကျင်နဲ့ ကျောင်း လုံးဝတက်ခွင့်မရသေးတဲ့ကလေးငယ် ပေါင်း ၅၀ လောက်ရှိတယ်လို့လည်း ကလေးများငြိမ်းချမ်းရေးအ ဖွဲ့က သိရပါ တယ်။

No comments:

Post a Comment