Thursday, May 16, 2019

လေယာဉ်ဘီးကြားမှာပုန်းပြီး လေယာဉ်ခိုးစီးဖို့ကြံသူတစ်ဦး မလေးမှာ ဖမ်းမိ

လေယာဉ်ဘီးကြားထဲတွင် ပုန်းကာ လေယာဉ်ခိုးစီးရန်ကြံစည်သူ အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးကို မလေးရှားနိုင်ငံ ပီနန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးရမိခဲ့သည်။ေ လယာဉ်ပြုပြင်ထိန်းသိမ်းမှုပြုရန်အတွက် ကျွမ်းကျင်သူတစ်ဦးက လေယာဉ်ကိုလှည့်ပတ် စစ်ဆေးစဉ် ကုန်တင်လေယာဉ်တစ်စီး၏ ဘီးခေါက်သိမ်းသည့်နေရာတွင် ယမန်နေ့(မေ ၁၃)က တွေ့ရှိခဲ့ခြင်းဖြစ်သည်။



”လေယာဉ်လေထဲပျံတက်သွားရင် ဘီးကိုခေါက်သိမ်းတဲ့ နေရာမှာ အဲဒီလူကိုတွေ့တာပါ။ ချက်ခြင်း လုံခြုံရေးအဖွဲ့ကို အကြောင်းကြားလိုက်ပြီး နောက်ပိုင်းမှာတော့ ရဲလက်ကိုအပ်လိုက်ပါတယ်”ဟု လေဆိပ်မှ သတင်းရင်းမြစ်တစ်ဦးကပြောသည်။

အသက် ၃၉ နှစ်ရှိပြီဖြစ်သော ထိုလူမှာ ဥစားကြက်ထုတ်လုပ်သော လုပ်ငန်းတစ်ခုမှ စက်ရုံလုပ်သားတစ်ဦးဖြစ်ပြီး၊ သူ့ဇာတိဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ မေဒင်မြို့သို့ပြန်ရန် လေယာဉ်လက်မှတ်ဝယ်စရာ ပိုက်ဆံမရှိသဖြင့် ယခုကဲ့သို့ လေယာဉ်ခိုးစီးရန် ကြံစည်ခဲ့ကြောင်း ရဲစစ်ချက်အရ သိရသည်။

ယင်းဖြစ်ရပ်မှန်ကန်ကြောင်းနှင့် စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေကြောင်း မလေးရှားနိုင်ငံ အနောက်တောင်ပိုင်းခရိုင် ဒုတိယရဲချုပ် ဂျက်ဖရီဇိန်းက အတည်ပြုပြောကြားသည်။

No comments:

Post a Comment