Thursday, May 16, 2019

အစ္စဏီ့အကို ပြောပြခဲ့သော မကြာခင်လွတ်လာတော့မယ့် အစ္စဏီ အကြောင်း

၁ နှစ်ကျော်ကြာလာပြီဖြစ်တဲ့ အစ္စဏီအမှု နဲ့ ပတ်သတ်ပြီး ညီအကိုဖြစ်သူ ကျော်စွာ က ဆက်လက်ပြီး လုပ်ဆောင် သွားမယ့် အကြောင်း အရာ များ နဲ့ ပတ်သတ်ပြီး ခု လို ပြောသွား ခဲ့ ပါတယ်။ အမှုအခြေအနေကတော့ မနေ့ က ရုံးချိန်းပေါ့။ ဟိုဘက် ကတော့ ခွင့်တိုင်ထားတဲ့အတွက် နောက်တစ်ပတ်ကို ပြန်ချိန်းထားတယ်။ အမှုကတော့ တစ်နှစ်ကျော်ကြာသွားပြီပေါ့။ ကြာသွားတဲ့အချိန်မှာလည်း တရားလိုဘက်ကိုပဲ စစ်နေသေးတယ်။ ဒါတောင် မပြီးသေးဘူး။ ကျွန်တော်တို့ လုံးဝပြီးသွားတာက မှုခင်းဆေးဆရာဝန်ကတော့ အားလုံး စစ်ပြီးသွားပါပြီ။ တရားလို ဘက်ကို စစ်နေရင်းနဲ့ သူတို့က ရုံးပြောင်း လျောက်တယ်။ လျောက်တော့ ခရိုင်တက်တယ်။ ဒါအားလုံးလည်း သိပြီသားပါ revision ပြန်လှန်တဲ့သဘောပါ။ ခရိုင်တက်တော့ ခရိုင်က ပယ်ချတယ်။ အဲ့ဒါနဲ့ တိုင်းထိဆက်တက်တယ်။ တိုင်းက အမိန့်ပြန်ချတယ်။ ဒီရုံးမှာပဲ ပြန်စစ်ဖို့အမိန့်ချတယ်။



ခရိုင်ကနေတိုင်းကို တက်တဲ့အချိန်မှာ cele7 က video ကို ပထမဆုံးသက်သေအဖြစ်တင်ပြတယ်။အဲ့ video fileကို ဓာတ်ပုံအပြည့်အစုံမတင်ဘူးဆိုပြီး သူတို့ ဘက်က ကွန်ပလိန်း တက်တယ်။ တက်တော့ခရိုင်က ပယ်ချတယ်။ ပယ်တော့တိုင်းထက်ရောက်တယ်။ တိုင်းရောက်တော့ ဓာတ်ပုံအပြည့် လိုတယ်ဆိုတဲ့ ဟာမျိုးနဲ့ သူတို့တက်သွားတာပေါ့။ အဲ့ဒါကလည်း ပြန်ကျလာပြိ စစ်ဖို့ပဲ ကျန်တော့တယ်။ တရားရုံးပိုင်းကတော့ ကျွန်တော်တို့ နားမလည်ဘူး။ ဘယ်သူ့မှာ တာဝန် ရှိလည်းဆိုတာပေါ့။ တရားလို တရားရုံးရောက်လာဖို့ ဘယ်သူ့မှာ တာဝန်ရှိလည်း ဆိုတာပေါ့။အဲ့အပိုင်းကပြောလို့ မရဘူးဖြစ်နေတယ်။ ကျွန်တော်လည်း နားမလည်ဘူး ဆိုတော့လေ။ အမှုကတော့ စစ်နေပြီ။ သူတို့ခွင့်တိုင်ထားတာ ပြန်လာရင် သူတို့ကိုဆက်စစ်မှာပါ။ အဲ့ကျရင်တော့ ပရိသတ်သိဖို့ ကျွန်တော်တို့ သတင်းခုတ်ပြန်ပေးမယ်လေ။ လက်ရှိကြန့်ကြာနေတဲ့ အကြောင်းအရာကို ပြောရတာ ကျွန်တော်လည်း ပျင်းလာပြီ။ ပရိသန်လည်း ပျင်းမှာပဲ။

ကျွန်တော်က အမှုစဖြစ်ထဲက ပြောခဲ့တယ်။ကျွန်တော့ရဲ့ ရပ်တည်ချက်ပေါ့။ အဓိကကတော့ ကျွန်တော်တို့က ဂုဏ်သိက္ခာအတွက် လုပ်နေတာပေါ့။ ဂုဏ်သိက္ခာတစ်ခုအတွက်ပါ ညီအကို ဖြစ်လို့ လိုက်လုပ်ပေးနေတာမဟုတ်ဘူး။ သူငယ်ချင်းတွေဖြစ်ရင်လည်း လိုက်လုပ်ပေးမှာပါ။ လုပ်ပေးတယ်ဆိုတာ သူတကယ် ကျူးလွန်ရင်တော့ ပေးလိုက်မယ်လေ။ သူဒီ့ထက်ဆိုးတဲ့အမှုလုပ်ရင် ကျွန်တော်တို့ လိုက်လုပ်ပေးစရာမလိုဘူးလေ။ အခုက သူက ဖြေရှင်းနိုင်တဲ့ အစွမ်းမရှိဘူး။ အရှုံးနဲ့ပဲ ရင်ဆိုင်နေရတယ်။

ကျွန်တော်က အဲ့ဒါကို သူ့ရဲ့ ဂုဏ်သိက္ခာ အတွက် မဟုတ်ဘူး ဟုတ်တယ်ကို ပရိသတ်ကို ချပြသွားမှာ။ ကျွန်တော် ဒါကို လိုက်ပြီး ကြိုးစားနေတာပါ။ အဲ့ဒီ့မှာ ကျွန်တော်တို့ နှစ်ဖတ်မှာ အမြင်ကွဲလွဲမှုလေးတွေ ရှိတယ်။ အမြင်လွဲနေတယ်ဆိုတာ။ ဒီဖတ်မှာပြန်ပေးဆွဲခံရတယ်ဆိုပြီး မြင်နေတာလေးတွေ ရှိတယ်။ သဘောက ပြန်ပေးဆွဲထားတယ်နော်။ မင်းတို့ နာသွားမယ် နာသွားမယ်အဲ့လို သဘောပေါ့။မင်းတို့ လုပ်လို့ နာသွားမယ်ဆိုတဲ့ သဘောမျိုးနဲ့ပြောတော့ မင်းတို့ လုပ်လို့ နာတယ် ဆိုတဲ့ ပုံစံမျိုးနဲ့ပြောတယ်ပေါ့နော်။ အဲ့ဒီ့မှာ နှစ်ဖတ်က စံလွဲနေတယ်ဗျ။ ဒီအမှုကိုကျွန်တော်တို့က ဂုဏ်သိက္ခာကို စံထားပြီး လုပ်တာ။ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်တိုင်းက အစ္စဏီရဲ့ ဂုဏ်သိက္ခာပေါ်မှာ စံထားတယ်။

ကျွန်တော်တို့ ဒီ rape case ဖြစ်ခဲ့ပါတယ် မဖြစ်ခဲ့ပါဘူး ဆိုတဲ့ အပေါ်မှာ စံထားတယ်။ အဲ့တော့ ဒီ rape ကိုသူတို့ ဘယ်လို မြင်လည်း တဖတ်မှာလဲ။ သူတို့ရဲ့ မြင်တဲ့ အမြင်က ကျွန်တော်တို့နဲ့ အရမ်းလွဲနေတယ်။ ဒါလေးကပေါ့ပေါ့လေးပဲ ဒီ rape ဖြစ်တယ် နင်လက်ခံလိုက်လေငါတို့က အချင်းချင်းတွေပဲ။ နင်ထောင်က ထွက်လာမှ ရမယ်လေ။ နင်တို့ငါ့တို့ကို ဒီလို မဖြေရှင်းနဲ့ပေါ့ နင်ထောင်က ထွက်လာရမှာပဲလေ။ဆုံးဖြတ်ချက်ကတော့ တရားရုံးက လုပ်မှာပေါ့။ ကျွန်တော်တို့က ကျွန်တော်တို့ လုပ်ပြရမယ့်ဟာကို 100 % ချပြသွားဖို့ လုပ်ပြီးသွားပြီ။ သူတို့ရုံးချိန်းလာခဲ့ရင်လည်း ကျွန်တော်တို့က ထက်စစ်ဖို့ပဲကျန်တော့တယ်။ ပြောရင်တော့ နဲနဲ ရိုင်းသလို ဖြစ်မယ်ဗျာ။ လာခဲ့ပါ ရုံးကို အမှန်တရားကို လာဖော်ပါ။ ကျွန်တော်တို့ စောင့်နေတယ်။ ပြီးတော့ ကျွန်တော်တို့ လုပ်နေတဲ့ အပေါ်မှာ work done ကို ကြည့်ရင် result က သာထွက်မလာသေးတာ။ ကျွန်တော်လုပ်ရမယ့် အပိုင်းမှာ confidence အပြည့်ရှိတယ်။ အမှုရဲ့ အခြေအနေအားဖြင့်လည်း တရားရုံးတွေက အမြန်လုပ်ပေးနေတာကို တွေ့ရတယ်။ စေတနာထားကြတယ် ရုံးတိုင်းရုံးတိုင်းကလေ။ ဒီလို သွားမယ်ဆိုရင် အမှုက မကြာဘူးဗျ။ မကြာခင်ပြီး သွားလိမ့်မယ်။

အမှု ပြီးသွားတဲ့ အပေါ်မှာလည်း နှစ်မျိုးရှိတယ်။ တစ်ခုက လူထွက်လာတယ်ပေါ့။ လူထွက်လာပြီး နှစ်က ဂုဏ်သိက္ခာပါပြန်လိုချင်တယ်။ သူဒီမှာ တစ်နှစ်ရင်းခဲ့ရပြီးပြီလေ။ အဲ့အတွက် နှစ်ခုလုံး ပြန်လိုချင်တယ်။ လုပ်ထားတာကို လုပ်ထားတယ်ပြောမယ်။ မလုပ်ရင် မလုပ်ဘူး။ အကုန်လုံးကြီးကို ကျွန်တော်တို့က ပြောင်ငြင်းနေတာမဟုတ်ဘူး။ အစ္စဏီဘက်က မှားတာတွေရှိမယ်။ သမီးရည်းစားချင်းရန်ဖြစ်လို့ လက်ပါတာ ကျွန်တော်လည်း လက်မခံဘူး။ ဒါက သူတို့နှစ်ယောက်ရဲ့ အတွင်းဆက်ဆံရေး။ ဒါကို ကျွန်တော်တို့ မဝေဖန်ချင်ဘူး။ ဒါပေမယ့် လက်ပါတယ်ဆိုတာ negative ဗျာ။ ဒါကို ကျွန်တော်တို့ လက်ခံတယ်။ လက်ခံသင့်တာကို လက်ခံတယ်။ ဒါပေမယ့် ကျွန်တော် ပြောသလို သူ့တို့ထားတဲ့ စံနဲ့ ကျွန်တော့်တို့ထားတဲ့စံ မတူဘူး။ ဒါကို ညှိကမှာပေါ့။

rape အပေါ်မှာ သူတို့ဘယ်လိုမြင်လဲ။ ဒါယောကျာ်လေး တစ်ယောက်ရဲ့ ဘဝလား။ မင်းရဲ့ဂုဏ်သိက္ခာလား။ ဒါသူတို့ဘက်က မြင်ပေးနိုင်ရလိမ့်မယ်။ ဒီလို မဟုတ်ပဲ ကျွန်တေယ်တို့ကို ပြန်ပေးဆွဲထားသလိုမျိုးပြောနေတဲ့ ပုံစံမျိုးတွေပေါ့။ မင်းတို့လုပ်နေလို့ အမှုက ကြန့်ကြာနေတယ်။ခံရတဲ့သူက ထောင်ထဲမှာနော်။ ကျွန်တော်မေးချင်တယ် သူ့ကို ဘယ်သူထည့်ထားတာလဲ။ ကျွန်တော်တို့ လိုချင်တာ လူရော ဂုဏ်သိက္ခာရော။ ဒါကိုရဖို့ ဘယ်တွေပေးရမလဲ။ နှစ်ဦး နှစ်ဖတ်ကျေအေးဖို့ က ကျေအေးမယ်ဆိုလည်း ကျေအေးလို့ရတယ်။ ဒါပေမယ့် ကျွန်တော်တို့ကို ဒါကြီးကို ကျူးလွန်ပြီးတော့ ကျေအေးပါတယ်ဆိုတာကို လက်မခံဘူး။ သူတို့ဒါကိုဆက်မသွားချင်တော့ဘူးဆိုရင် ရပ်ချင်ရင်ရပ်လိုက်လို့ရတယ်။ ကြိုက်တဲ့ အချိန်လာ ညှိနှိုင်းလို့ရတယ်။ တန်ဖိုးလေး တစ်ခုအပေါ်မှာတော့ ညှိဖို့လိုတာပေါ့။

ပရိသတ်ကို ပြောချင်တာက မကြာခင် သတင်းကောင်းကြားရတော့မှာပါ။ သတင်းကောင်းတွေပဲ လာတော့မှာပါလို့ သတင်းကောင်းပြောခဲ့ပါတယ်။

No comments:

Post a Comment