Thursday, May 16, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည် လူသားချင်းစာနာထောက်ထားမှုရေးရာ လက်ထောက်အတွင်းရေးမှူးချုပ်နှင့် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုရေးရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာဒုတိယညှိနှိုင်းရေးမှူး Ms. Ursula Mueller အားလက်ခံတွေ့ဆုံ

Image may contain: 2 people, people standing and indoorနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် လူသားချင်းစာနာထောက်ထားမှုရေးရာ လက်ထောက် အတွင်းရေးမှူးချုပ်နှင့်ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုရေးရာညှိနှိုင်းရေးရုံး (UNOCHA) ၏အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာဒုတိယညှိနှိုင်းရေးမှူး Ms. Ursula Mueller နှင့်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ် တွင် နေပြည်တော်ရှိနိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။


ထိုသို့တွေ့ဆုံစဉ်ကုလသမဂ္ဂဘက်မှ လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးနေသည့်အစီအစဉ်များ၊ အစိုးရမှဆောင်ရွက်လျက်ရှိသည့် IDPစခန်းများပိတ်သိမ်းရေး အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်ကူညီပံ့ပိုးရေးနှင့် မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ကူညီပံ့ပိုးနိုင်မည့်ကိစ္စရပ် များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

No comments:

Post a Comment