Thursday, May 16, 2019

ဖေါ်လိုဝါ ၆၉% က သေခိုင်းသဖြင့် အကောင့်ပိုင်ရှင် အမျိုးသမီးငယ် သူ့ကိုယ်သူသတ်သေမှု မလေးရှားတွင်ဖြစ်ပွား

မိမိသေသင့်သလားဟူ၍ အင်စတာဂရမ်လူမှုကွန်ရက်တွင်မဲကောက်ခံရာ ဖေါ်လိုဝါ ၆၉%က သေသင့်ကြောင်းဆန္ဒပြုကြသဖြင့် မဲကောက်ခံသည့် အကောင့်ပိုင်ရှင် အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦး သူ့ကိုယ်သူသတ်သေခဲ့မှု မလေးရှားနိုင်ငံတွင်ဖြစ်ပွားခဲ့သည်။ မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ်နေ အမျိုးသမီးငယ်တစ်ဦးသည် အင်စတာဂရမ် လူမှုကွန်ရက်တွင် ”death” သို့ ”life”တစ်ခုခုကို ရွေးချယ်ပေးရန် သူ၏ ဖေါ်လိုဝါများထံမှ vote တောင်းခံခဲ့ခြင်းဖြစ်သည်။



”တကယ်ကို အရေးကြီးလိုပါ။ ကျွန်မကို ကူညီရွေးချယ်ပေးကြပါ(Really Important, Help Me Choose D/L)”ဟုလည်း ရေးသားခဲ့သေးကြောင်းသိရသည်။

ဆာရာဝပ်ပြည်နယ်ရဲတပ်ဖွဲ့က ထိုမိန်းကလေးငယ်၏ အမည်ကို ထုတ်ဖော်ပြောကြားခြင်းမပြုချေ။

အမျိုးသမီးငယ်အား သတ်သေရန် Vote ပေး၍ အားပေးအားမြှောက်ပြုခဲ့သူတို့အနေဖြင့် မိမိတို့ ပြုခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ တာဝန်ရှိကြောင်း ဥပဒေဆိုင်ရာပညာရှင်များကဆိုသည်။

No comments:

Post a Comment