Thursday, May 16, 2019

အွန်လိုင်းကနေ မှတ်ပုံတင်ဖို့ နောက်ကျနေတဲ့ ကုမ္ပဏီတွေ တရားရုံးကို လျှောက်နိုင်

ကုမ္ပဏီတွေကို အွန်လိုင်းစနစ်နဲ့ ပြန်လည်မှတ်ပုံတင်ရာမှာ သတ်မှတ်ကာလကို ထပ်မံ ကျော်လွန်သူတွေအနေနဲ့ တရားရုံးမှာလျှောက်ထားပြီး တရားရုံးအမိန့်နဲ့ ဆောင်ရွက်နိုင်တယ်လို့ သတင်းရရှိပါတယ်။ ကုမ္ပဏီမှတ်ပုံတင်စာရင်း ပြန်သွင်းလိုကြောင်း တရားရုံးမှာ လျှောက်ထားရမှာလို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးမင်းကပြောပါတယ်။



ဒီလို လျှောက်ထားရမှာလည်း သတ်မှတ်ထားတဲ့ ဒဏ်ကြေးတွေကို ပေးဆောင်ရမှာဖြစ်ပြီး ဒါဟာလည်း တရားရုံးက တစ်စုံတစ်ခု အမိန့်ချမှတ်မှသာ ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

အွန်လိုင်းစနစ်နဲ့ ပြန်လည်မှတ်ပုံတင်ဖို့ နောက်ကျခဲ့တာကြောင့် ကုမ္ပဏီစာရင်းကနေ ပယ်ဖျက်ခံလိုက်ရတဲ့ လုပ်ငန်းတွေကတော့ ယခင်နာမည်နဲ့ လုပ်ငန်းလုပ်ကိုင်ခွင့်ရမှာ မဟုတ်ဘဲ နာမည်အသစ်နဲ့ ပြန်လည်လျှောက်ထားရမှာဖြစ်ပါတယ်။

အွန်လိုင်းမှတ်ပုံတင်စနစ် MyCO နဲ့ ပြန်လည်မှတ်ပုံတင်ဖို့ ပြီးခဲ့တဲ့ နှစ် သြဂုတ်လမှ ယခုနှစ် ဇန်န၀ါရီ ၃၁ ရက်နေ့အထိ သတ်မှတ်ပေးခဲ့ပေ့မယ် နောက်ကျမှုတွေရှိခဲ့တာကြောင့် မတ်လကုန်အထိ အချိန်ကာလ ထပ်တိုး သတ်မှတ်ပေးထားခဲ့တာပါ။

အွန်လိုင်းမှတ်ပုံတင်စနစ် MyCO နဲ့ ပြန်လည် မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီအရေအတွက်ပေါင်းဟာ ခြောက်သောင်းကျော်အထိရှိနေပြီလို့ သိရပါတယ်။

ပြန်လည်မှတ်ပုံတင်ခြင်းအပါအ၀င် မှတ်ပုံတင် အသစ်ပြုလုပ်တဲ့ ကုမ္ပဏီအရေအတွက်ကတော့ တစ်လကို တစ်ထောင်ကနေ ၁၅၀၀ ၀န်းကျင်ရှိတယ်လို့ ဆိုပါတယ်။

No comments:

Post a Comment