Thursday, May 16, 2019

Live ထုတ်လွှင့်မှု ကန့်သတ်မှုများ Facebook စတင်လုပ်ဆောင်

Facebook မှာ တိုက်ရိုက် live ထုတ်လွှင့်မှုနဲ့ပတ်သက်ပြီး ကန့်သတ်မှုတွေ စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ဒါဟာ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာကို အလွဲသုံးစားလုပ်နေတာတွေရပ်တန့်ဖို့အတွက် ပထမခြေလှမ်းကို စတင်တာဖြစ်တယ်လို့ သိရပါတယ်။ တိုက်ရိုက် live ထုတ်လွှင့်မှုနဲ့ပတ်သက်ပြီး Facebook ရဲ့ ဒီတင်းကျပ်တဲ့ဆုံးဖြတ်ချက်ကို နယူးဇီလန်ဝန်ကြီးချုပ် Jacinda Arden က ချီးကျူးစကားပြောကြားခဲ့ပါတယ်။



Facebook ရဲ့တိုက်ရိုက် live ထုတ်လွှင့်မှုကိုအသုံးချပြီး မူဝါဒဖြန့်နေတာတွေကို one-strike ဆိုတဲ့တင်းကျပ်တဲ့ စည်းကမ်းတွေနဲ့တားဆီးမှုတွေကို စတင်လုပ်ဆောင်မှာဖြစ်တယ်လို့ အခုလ(၁၄)ရက်က Facebook ကုမ္ပဏီကထုတ်ပြန်ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့(၂)လလောက်က နယူးဇီလန်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ဗလီတွေဆိုးဆိုးဝါးဝါးတိုက်ခိုက်ခံရပြီး အစုလိုက်အပြုံ လိုက်သတ်ဖြတ်နေတာတွေကို တိုက်ရိုက် live ထုတ်လွှင့်ခဲ့တာတွေကြောင့် Facebook က အခုလို တင်းကျပ်တဲ့ စည်းကမ်းတွေနဲ့ အပြောင်းအလဲတွေကို လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

ဒီပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားပြီး (၂၄)နာရီအတွင်းမှာ ဗီဒီယိုဗားရှင်းပေါင်း(၁.၅)သန်းနဲ့ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့သွားခဲ့ပါတယ်။ Arden ဟာ အခုလ(၁၅)ရက်က ပဲရစ်မြို့ကိုရောက်ရှိလာခဲ့ပြီး ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံကာ အင်တာနက်ပေါ်မှာစစ်သွေးကြွတွေရဲ့ဝါဒဖြန့်အကြမ်းဖက်မှုတွေကို ရပ်တန့်အောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတဲ့ကိစ္စရပ်နဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို Facebook အမှုဆောင်အရာရှိချုပ် Mark Zuckerberg ကတက်ရောက်လာခဲ့ခြင်းမရှိကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

No comments:

Post a Comment