Thursday, May 16, 2019

ကိုလံဘီယာ ရှေ့နေချုပ် ရာထူးက နုတ်ထွက်

ဖာ့စ် (FARC) ခေါင်းဆောင်ဟောင်းကို အမေရိကန်နိုင်ငံဆီ လွှဲပြောင်းပေးဖို့ ငြင်းဆန်ခဲ့တဲ့အပေါ် ကန့်ကွက်တဲ့အနေနဲ့ မေလ ၁၅ ရက်နေ့က ကိုလံဘီယာရှေ့နေချုပ် ရာထူးကနေ နုတ်ထွက်သွားပါတယ်။ ဖာ့စ်ခေါင်းဆောင်ဟောင်း ဆယ်အိုစီ ပေါင်သီယာဆက် မန်ဒယ်ကို  မူးယစ်မှောင်ခိုမှုနဲ့ စွပ်စွဲပြီး လွှဲပြောင်းပေးဖို့ အမေရိကန်နိုင်ငံက တောင်းဆိုတာကို ကိုလံဘီယာ အထူးတရားရုံးက လက်မခံ ပယ်ချလိုက်တာပါ။ ကာလပေါက်ဈေး ဒေါ်လာ သန်း ၃၂၀ တန်ဖိုးရှိတဲ့ ကိုကင်း ၁၀ တန်ကို တင်ပို့ရာမှာ ပူးပေါင်းကြံစည်ခဲ့တယ်ဆိုပြီး ဖာ့စ်ခေါင်းဆောင်ဟောင်းကို အမေရိကန် ဂျူရီအဖွဲ့က လွန်ခဲ့တဲ့ တနှစ်လောက်က စွဲချက်တင်ထားတာပါ။


သဘောတူညီချက် ပြုလုပ်ပြီးနောက်ပိုင်း ပြစ်မှုဖြစ်မှသာ တရားခံကို လွှဲပြောင်းပေးနိုင်တယ်လို့ ကိုလံဘီယာ အထူးတရားရုံးက ဆုံးဖြတ်ခဲ့တဲ့အတွက် ရှေ့နေချုပ်  နက်စ်တော ဟူဘယ်တို မာတီနက်စ်ဟာ အဲဒီဆုံးဖြတ်ချက်ကို ကန့်ကွက်ပြီး ရာထူးက နုတ်ထွက်လိုက်တာပါ။

အခု ရာထူးက နုတ်ထွက်လိုက်တဲ့ ရှေ့နေချုပ်ဟာ လက်တင်အမေရိက နိုင်ငံတွေမှာ မကောင်းသတင်း ထွက်နေတဲ့ အိုဒီးဘရက်ခ်ျ အရှုပ်တော်ပုံနဲ့ ဆက်စပ်နေတယ်ဆိုပြီး မေးခွန်းတွေ အထုတ်ခံနေရပါတယ်။

မာတီနက်စ်က စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး စုံစမ်းရေးကနေလွတ်အောင် ကြိုးပမ်းထားပါတယ်။

No comments:

Post a Comment