Thursday, May 16, 2019

အထက်​မင်းလှတွင် ​လေပြင်းကြောင့် လူ​နေအိမ်​ ၁၅ လုံး အမိုးလန်​ပျက်​စီး

မ​ကွေးတိုင်း​ဒေသကြီး မင်းလှမြို့နယ်​မှာ ​မေလ ၁၅ ရက်​​နေ့ည​နေပိုင်းက ​လေပြင်း တိုက်​ခတ်​ခဲ့လို့ လူ​နေအိမ်​ ၁၅ လုံးနဲ့ နွားတင်းကုတ်တ​ခု အမိုးလန်​ပျက်​ဆီးခဲ့ပါတယ်။ မင်းလှ မြို့မစခန်းမှူးက “မင်းလှမြို့နယ်​ထဲက ​ညောင်​ပင်​ကျင်း ​ကျေးရွာမှ ​နေအိမ်​ ၇ လုံး၊ သက္ကယ်​ကျင်းကျေးရွာက ​နေအိမ်​ ၄ လုံး၊ လဲပင်​ကျင်း​ကျေးရွာက ​နေအိမ်​ ၂ လုံး၊​ တောင်​ဦး ​ကျေးရွာမှ ​နေအိမ်​ ၁ လုံး၊ လက်​ခုတ်​ပင်​​ကျေးရွာက ​နေအိမ်​ ၁ လုံးနဲ့ နွားတင်းကုတ်​ ၁ လုံးရဲ့ အမိုးတ​ချို့ လန်​ပြီး ပျက်​စီးခဲ့တာပါ။ အမိုးလန်​ခဲ့တဲ့ ​နေအိမ်​​တွေရဲ့ ပျက်​စီးဆုံးရှုံးမှု တန်​ဖိုးက​တော့ ၆၆၀၀၀၀ ကျပ်​ခန့်​ ရှိတယ်​” လို့ ​ပြောပါတယ်​။


မလွန်​-မင်းလှ ပရဟိတအဖွဲ့မှ ဦး​ဆောင်​သူ ​ဒေါက်​တာရဲထွန်း​ဇော်​က “အမိုးလန်​ ပျက်​စီးခဲ့တဲ့ ​ဒေသခံပြည်​သူ​တွေ ထိုက်​သင့်တဲ့ ကူညီပံပိုးမှု​တွေ အမြန်​ဆုံးရရှိဖို့ လူမှုဝန်​ထမ်း ကယ်​ဆယ်​​ရေးနဲ့ ပြန်​လည်​နေရာချထား​ရေး ဝန်​ကြီးဌာနနဲ့ ချိတ်​ဆက်​​ပေးထားပါတယ်​။ မ​ကွေးတိုင်း​ဒေသကြီး လူကယ်​ပြန်​ဌာနက တာဝန်​ရှိသူ​တွေ ကွင်းဆင်း​ထောက်​ပံ့တာ​တွေ ပြုလုပ်​​ပေးမယ်​ ကြားသိရတယ်​”လို့ ဆိုပါတယ်​။

မ​ကွေးတိုင်း​ဒေသကြီးအတွင်းမှာ မတ်​လ ၃၀ ရက်​​နေ့က​နေ ဧပြီလကုန်​ထိ ​လေပြင်း တိုက်​ခတ်​မှု​ကြောင့် ​နေအိမ်​ ၅၇၉ လုံးနဲ့ ဘာသာ​ရေးအ​ဆောက်​ဦ ၁၃ လုံးရဲ့ အစိတ်​အပိုင်းတ​ချို့ ပျက်​စီးဆုံးရှုံးမှု​တွေ ဖြစ်​​ပေါ်ခဲ့တယ်​လို့ မ​ကွေးတိုင်း​ဒေသကြီး ​ဘေးအန္တရာယ်​ဆိုင်​ရာ စီမံခန့်​ခွဲမှု ဦးစီးဌာနက သိရပါတယ်​။

No comments:

Post a Comment