Thursday, May 16, 2019

အမေရိကမှာ သွားရောက်လေ့ကျင့်နေတဲ့ MMA ဖိုက်တာ ဖိုးသော်

မြန်မာနိုင်ငံရဲ့ MMA ဖိုက်တာ ဖိုးသော်က လာမယ့် ဇွန်လတွင်းမှာ One Championship ကနေ ကျင်းပမယ့် ONE: Hero Series June ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ဖို့ အမေရိကမှာ သွားရောက်လေ့ကျင့်နေပါပြီ အဲဒီ လေ့ကျင့်မှုဟာ တစ်လကျော်ကြာမြင့်မယ်လို့လည်း သိရပါတယ်။ ကြံ့ခိုင်မှုအားကောင်းစေဖို့ နည်းစနစ်တွေ ပိုမိုအားကောင်းလာစေဖို့နဲ့ အတွေ့အကြုံရအောင် သွားရောက်လေ့ ကျင့်တာ ဖြစ်တယ်လို့ ဖိုးသော်က ဆိုပါတယ်။
ဖိုးသော်ဟာ လာမယ့် ဇွန်လထဲမှာ အင်ဒိုနီးရှားနိုင်ငံသား Victorio Sendux နဲ့ ယှဉ်ပြိုင်ထိုးသတ်ရမှာ ဖြစ်ပါတယ်။ အောင်မြင်မှုအတွက် အကောင်းဆုံးကြိုးစားသွားမှာဖြစ်ပြီး ၊ သူ့ဘ၀အတွက်တော့ MMA က နံပါတ် ၁ ဖြစ်တယ်လို့လည်း ဖိုး သော်က ပြောပါတယ်။ ပရိသတ်တွေအတွက် အကောင်းဆုံးကြိုးစားပြီး အရှုံးပေးမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ လက်ရှိမှာတော့ ဖိုးသော်ဟာ MMA ပြိုင်ပွဲတွေမှာ ၇ ပွဲနိုင်၊ ၁ ပွဲရှုံးနိမ့်ထားတာပဲ ဖြစ်ပါတယ်ရှင်။

No comments:

Post a Comment