Thursday, May 16, 2019

ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်တဲ့ YBS ၂၁ ယာဉ်က ယာဉ်ထိန်းတပ်ဖွဲ့ယာဉ်အပါအ၀င် ယာဉ် ၆စီးကို ဆင့်တိုက်မှု့ဖြစ်ပွား

Image may contain: car and outdoorပြီးခဲ့တဲ့​မေလ၁၃ရက်​​နေ့က စည်းကမ်းမဲ့ယာဉ်တွေကို ဖမ်းနေတဲ့ယာဉ်ထိန်းရဲတပ်ဖွဲ့မော်တော်ယာဉ်ကို YBS ၂၁ ယာဉ်က ၀င်တိုက်ခဲ့တာ​ကြောင့်​ ယာဉ်ထိန်းရဲ ၆ ဦးဟာထိခိုက်​ဒဏ်​ရာ(မစိုးရိန်ရ)ရရှိခဲ့တယ်​လို့ အမှတ်​၂ယာဉ်​ထိန်းတပ်​ဖွဲ့ရုံးမှ ဒုရဲမှူးကြီးသိန်းဦးက​ပြောပါတယ်​။ အင်းစိန်လမ်းမ​ပေါ်မှာ ဘီအိုစီဘက်က​နေ သမိုင်းလမ်းဆုံဘက်ကို​မောင်းနှင်​လာတဲ့ YBS ၂၁ ယာဉ်ဟာ ဘရိတ်ပေါက်ပြီးအရှိန်မထိန်းနိုင်ဘဲ ဘီအိုစီမှတ်တိုင်အရောက်မှာလမ်းရဲ့ယာဘက်ဘေးမှာရှိတဲ့ စည်းကမ်းမဲ့ယာဉ် ဖမ်းဆီး​ရေးအဖွဲ့ရဲ့​မော်တော်ယာဉ်ကို နောက်မှ ဝင်တိုက်ခဲ့​ကြောင်းနဲ့ အဲဒီလိုအတိုက်ခံရတာ​ကြောင့်​ ရှေ့မှာရပ်ထားတဲ အခြားမော်တော်ယာဉ် ၄ စီးကိုထပ်​ဆင့်​တိုက်မိခဲ့ကြောင်း၊ စုစုပေါင်း ယာဉ် ၆စီးဆင့်တိုက်မှုဖြစ်ကြောင်း ဒုရဲမှူးကြီးကရှင်းပြပါတယ်​။


"မ​နေ့ကဖြစ်​တာပါ။ အင်းစိန်​လမ်းမ​ပေါ်မှာဖြစ်​တာ။ ယာဉ်​ထိန်းရဲ၆ဦးလဲပွန်းပဲ့ဒဏ်​ရာ​လောက်ပဲရရှိသွားပါတယ်​။ လူသေဆုံးမှုလဲမရှိပါဘူး။ ယာဉ်မောင်းကတော့ အခင်းဖြစ်​​နေရာက​နေထွက်​​ပြေးသွားတယ်​။လော​လောဆယ်​​တော့ သူ့ကိုသိပါပြီ။ လိုက်​လံဖမ်းဆီး​နေတယ်​"လို့ အမှတ်​၂ယာဉ်​ထိန်းတပ်​ဖွဲ့ရုံး ဒုရဲမှူးကြီးသိန်းဦးက​ပြောပါတယ်။

အဲဒီ ယာဉ်​ထိန်းရဲ၆ဦးဟာထိခိုက်​ဒဏ်​ရာပြင်းထန်​စွာမရရှိကြပေမယ့် ​ဆေးရုံကိုပို့ပြီး လိုအပ်တာတွေကုသပေးခဲ့ပါတယ်​လို့လဲ အမှတ်​၂ယာဉ်​ထိန်းတပ်​ဖွဲ့ရုံး က​ပြောပါတယ်​။

လက်ရှိမှာယာဉ်​မဆင်​မခြင်​​မောင်းနှင်​တဲ့YBS၂၁ယာဉ်​​မောင်းကို အင်းစိန်မြို့မ ရဲစခန်းမှာယာဉ် (ပ) ၄၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/ ၃၃၇/ ၂၇၉/ ၂၀၂ (ပေါ့လျော့မှုကြောင့်ပြင်းထန်/ သာမန်နာကျင်စေမှု / ယာဉ်မဆင်မခြင်မောင်းနှင်မှု/ သတင်းပေးရန်ပျက်ကွက်မှု)ဖြင့် အမှုဖွင့်ထားပြီးဖြစ်တယ်လို့ သိရပါတယ်​။

ဒီဖြစ်စဉ်ကို ပြည်ထဲရေးဝန်ကြီးဌာနကလဲ သတင်းထုတ်ပြန်ထားပါတယ်။

No comments:

Post a Comment