Thursday, May 16, 2019

မြန်မာနိုင်ငံ တောင်ပိုင်း ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လူနှင့်ဆင် ပဋိပက္ခဖြစ်မှု များလာပြီး သုံးဦးအထိ သေဆုံးခဲ့ရာ မြေအသုံးချခွင့် ချထားပေးမှုများကို သေချာစိစစ် ဆောင်ရွက်သင့်ပြီ ဖြစ်ကြောင်း ပညာရှင်များနှင့် ဒေသခံများ သတိပေး ပြောကြား

မြန်မာနိုင်ငံ တောင်ပိုင်း ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လူနှင့်ဆင် ပဋိပက္ခဖြစ်မှု များပြားလာနေပြီး တောဆင်ရိုင်းများ တိုက်ခိုက်မှုကြောင့် သုံးဦးအထိ သေဆုံးခဲ့ရာ မြေအသုံးချခွင့် ပေးထားမှုကို သေချာ စိစစ်ဆောင်ရွက်သင့်ပြီ ဖြစ်ကြောင်း ပညာရှင်များနှင့် ဒေသခံများက သတိပေး ပြောကြားခဲ့သည်။မြန်မာနိုင်ငံ တောင်ပိုင်းဒေသ ဖြစ်သည့် တနင်္သ࿿ာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်အတွင်းရှိ သဘာဝ တောတောင် မြေနေရာများကို အစိုးရအဆင့်ဆင့် ဆီအုန်း လုပ်ငန်းများကို အကြီးအကျယ် လုပ်ကိုင်ခွင့် ပေးထားခဲ့သည့် ဆိုးကျိုးများအဖြစ် တောရိုင်းတိရစ္ဆာန်များစွာ မျိုးသုဉ်းခဲ့သလို
တောဆင်ရိုင်းများလည်း စားကျက် ပျောက်ကွယ် သွားခဲ့ကြောင်း၊ တောဆင်ရိုင်းများ၏ ဖြတ်သန်း သွားလာသည့် မြေဧရိယာများ၊ မိုးရာသီ၊ ဆောင်းရာသီများတွင် နေထိုင်ခိုလှုံရသည့် သစ်တောများ ပျောက်ကွယ် သွားသည့်အတိုင်း တောဆင်ရိုင်းများမှာ လူများ နေထိုင်သည့် ကျေးရွာများအတွင်းသို့ ဝင်ရောက်လာခြင်း၊ ရန်ကုန်-မြိတ်-ကော့သောင်း ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ညအချိန် သွားလာနေခြင်းများ ရှိလာနေကြောင်း သိရသည်။“မြန်မာနိုင်ငံထဲမှာ လူနှင့်ဆင် ပဋိပက္ခက တဖြည်းဖြည်းနှင့် ပိုမို များပြားလာနေပါပြီ။ အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့ဘက်မှာ နှစ်စဉ် ပဋိပက္ခ ဖြစ်နေတာ ကြာပါပြီ။ သို့သော် တနင်္သ࿿ာရီဘက်မှာ တဖြည်းဖြည်းချင်း စဖြစ်လာနေပြီ။ တနင်္သ࿿ာရီ တိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်ဘက်မှာ လူနှင့်ဆင် ပဋိပက္ခပြဿနာ စနေပြီဆိုတဲ့ ခေါင်းလောင်းထိုးသံကို ဒေသခံတွေ ချပြပါတယ်။ ဒေသခံတွေဆီက လက်ရှိဖြစ်ပေါ်နေတဲ့ အနေအထားကို ကြည့်ပြီး ဘယ်လို ဆက်လက် လုပ်ဆောင်သွားမယ်။ ဘယ်လို ထိန်းသိမ်းသွားမလဲ။ ဘယ်လို စီမံကိန်းကို ချက်ချင်း လုပ်ရမလဲ။ ဘယ်လို စီမံကိန်းတွေကို ရေရှည်မှာ ပူးပေါင်း ဆောင်ရွက်ရမယ် ဆိုတာ ဆွေးနွေးခဲ့ပါတယ်။ မြေအသုံးချမှုက အရမ်းအရေးကြီးပါတယ်။ တကယ့် တကယ်တမ်းမှာ တောဆင်ရိုင်းက တောထဲမှာ သူတို့ ဘာသာသူတို့ ဖြတ်သန်း သွားလာနေတဲ့ ဧရိယာ ပုံမှန်ရှိပြီးသားပါ။ မိုးရာသီ၊ နွေရာသီ၊ ဆောင်းရာသီ အလိုက်ပေါ့။ အဲဒီအချိန်မှ မြေအသုံးချမှုတစ်ခုခုဝင်လာပြီဆိုတာနဲ့ သူတို့ရဲ့ ဖြတ်ကူးလမ်းတွေကို ကန့်သတ် လိုက်သလို ဖြစ်သွားတယ်။ ဒါကြောင့် မြေအသုံးချမှုက တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးမှာ တိုက်ရိုက် အရေးကြီးတယ်လို့ ကျွန်တော်တို့ ပြောဆိုနေခြင်း ဖြစ်ပါတယ်။ လက်ရှိ ရွာအနားမှာ ရောက်နေတဲ့ ဆင်တွေကို စနစ်တကျ မောင်းနှင်နည်းကိုပဲ ကျွန်တော်တို့ လောလောဆယ် သင်ကြားပြသ ထားနိုင်ပါသေးတယ်။ ရွာအားလုံး ကိုတော့ ကျွန်တော်တို့ မဆောင်ပေးနိုင်သေးပါဘူး။ အဓိကအချက်က လူနဲ့ဆင် ပဋိပက္ခဖြစ်နေတဲ့ ရွာ လေးရွာ လောက်ကိုပဲ လုပ်ဆောင်ပေးနေ နိုင်ပါသေးတယ်။ လက်ရှိမှာ လူသေတဲ့ နေရာတွေဖြစ်တဲ့ ဝါးချောင်း၊ ချောင်းမွန် ၅ ၊ ဝါးဒင်း၊ ယုဇန ဆီအုန်းခြံဝန်းကျင် ဒေသက ကျေးရွာတွေ ဖြစ်တယ်၊ ကျန်တဲ့ ကျေးရွာတွေကို လိုက်လံ ဆောင်ရွက်ပေးနေပါတယ်။ ရွာတွေကို ဆင်ဝင်လာတာတွေ ကျွန်တော်တို့ ကိုယ်တိုင် တွေ့ရပါတယ်။ ၁၅ နှစ် အရွယ် ကလေးလေးကို နှာမောင်းကနေ ကိုင်ပြီး ပစ်ပေါက်လိုက်တာ ကြားသိရပါတယ်။ ဒါတွေကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာ လုပ်ဆောင်နေပါတယ်”ဟု ပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ထိန်းသိမ်းရေးအဖွဲ့ (FFI) မှ တနင်္သ࿿ာရီ အစီအစဉ်စီမံကိန်း ဒါရိုက်တာ ဦးနေမျိုးရွှေက ပြောကြားသည်။

No comments:

Post a Comment