Thursday, May 16, 2019

အမေရိကန်သမ္မတထရမ့်က ဆက်သွယ်ရေးနည်းပညာဆိုင်ရာ အရေးပေါ်အခြေအနေတစ်ရပ် ထုတ်ပြန်ကြေညာ

အမေရိကန်သမ္မတထရမ့်က ဆက်သွယ်ရေးနည်းပညာဆိုင်ရာ အရေးပေါ်အခြေအနေတစ်ရပ် ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အခုထုတ်ပြန်လိုက်တဲ့ အရေးပေါ်အခြေအနေအရ အမေရိကန်အနေနဲ့ ပြည်ပဆက်သွယ်ရေးကုမ္ပဏီတွေရဲ့ ဆက်သွယ်ရေး ပစ္စည်းတွေ အသုံးပြုနေတာကို တားမြစ်ပိတ်ပင်လိုက်တာပါ။ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေး ဒါမှမဟုတ် အမေရိကန်နိုင်ငံသား တစ်ဦးချင်းစီရဲ့ လုံခြုံရေးကို စိုးရိမ်တဲ့အတွက် အခုလို တားမြစ်လိုက်တာလို့ အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် ဆာရာဆန်ဒါက ပြောပါတယ်။
ထရမ့်ရဲ့ အမိန့် ညွှန်ကြားချက်မှာ ဘယ်ဆက်သွယ်ရေးကုမ္ပဏီဆိုပြီး အတိအကျ မဖော်ပြထားပေမဲ့ တရုတ်နည်းပညာကုမ္ပဏီကြီး ဟွာဝေးကို ရည်ရွယ်ထားပုံရတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။ အမေရိကန်အစိုးရအေဂျင်စီတွေက ဟွာဝေးကုမ္ပဏီကနေ နည်းပညာဆိုင်ရာ ပစ္စည်းတွေ ၀ယ်ယူမှုကိုတော့ အစောပိုင်းထဲက ပိတ်ပင်ထားပြီး ဖြစ်တယ်လို့ CNA သတင်းမှာဖော်ပြထားပါတယ်။

No comments:

Post a Comment