Thursday, May 16, 2019

အမှုထမ်း သက်တန်းလွန်ခဲ့တဲ့ အတွက် ၇၈ သိန်းကျော် ပြန်ပေးရမယ့် ဆရာမ ငွေပြန်သွင်း

အမှုထမ်း သက်တန်းလွန်ခဲ့သည့်အတွက် ကျပ် (၇၈) သိန်းကျော် ပြန်ပေးရမည့် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အမှတ် (၁၂) အခြေခံပညာ အထက်တန်းကျောင်း မှ အလယ်တန်းပြ ဆရာမ ဒေါ်မာမာမြင့်သည် မေလ ၁၆ ရက်နေ့ က မြန်မာ့စီးပွားရေးဘဏ်ခွဲ (၂) သို့ ငွေပြန်သွင်းခဲ့သည် ။ ဆရာမ ဒေါ်မာမာမြင့် အနေဖြင့် ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့ က သက်ပြည့်ပင်စင်ပြည့်ခဲ့ပြီး အမှုထမ်း သက်လွန်ကာလ (၃) နှစ် (၇) လ ရှိခဲ့သည့်အတွက် ငွေ (၇၈) သိန်းကျော်ကို ပြန်လည်ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည် ။



``ဒီနေ့ ပြန်သွင်းရမယ့် ငွေကို ပြန်သွင်းပြီးဖြစ်တယ်။ ဒါပြီးမှ ဆရာမရဲ့ ပင်စင်အမှုတွဲက ပြန်ကျမှာ ဆက်တော့လုပ်ရဦးမှာပေါ့။ ပြီးတော့မှ ပင်စင်ခံစားခွင့်ပြန်ရမှာပေါ့။ အဆင်ပြေပါတယ် ။ မြို့နယ်ပညာရေးမှူးကြီးကလည်း သူကိုယ်တိုင်လိုက်လုပ်ပေးတယ်။´´ ဟု ဆရာမ ဒေါ်မာမာမြင့် က ပြောသည် ။

ဆရာမ ပြန်သွင်းရမည့် ငွေအား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် က မတ်လ ၂၃ ရက်နေ့မှာ လာရောက်ထောက်ပံ့ကူညီပေးခဲ့သည့်အပြင် ပြင်ပအလှူရှင်အနည်းငယ်ကလည်း ကူညီမှုများရှိကြောင်း သိရသည် ။

No comments:

Post a Comment