Thursday, May 16, 2019

ဖျာပုံမြို့တွင် သေနတ်ကိုင်ဆောင် သွားလာနေသူအား ဖမ်းဆီးအရေးယူ

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့ရှိ ရပ်ကွက်အတွင်း  သေနတ်ကိုင်ဆောင် သွားလာနေသူ တစ်ဦးအား ဖမ်းဆီးခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ ဖြစ်စဉ်မှာ ဖျာပုံမြို့နယ် အမှတ် ၁၅ ရပ် ကွက်အတွင်း မေ ၁၂ ရက် ည ၁၂ နာရီ မိနစ် ၅၀ ခန့်တွင် လူတစ်ဦး သေနတ်ကိုင်ဆောင် ကာသွားလာနေကြောင်း သတင်းအရ လှည့်ကင်း ဆောင်ရွက်နေသည့် ဖျာပုံမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေရာ အရက်သောက်စား မူးယစ်ကာ သေနတ်ကိုင်ဆောင် သွားလာနေသည်ကို တွေ့ရှိဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်းနှင့် ゞင်းထံမှ ၉ မမပစ္စတိုတစ်လက်၊ ကျည်ငါးတောင့်နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပြီး
ゞင်းအား ဆက်လက်စစ်ဆေးရာ နေအိမ်မှ ၉ မမ ကျည်ခုနစ်တောင့်၊ သေနတ်အိတ် တစ်ခု၊ ကောင်းခါး ပြည်သူ့စစ် တံဆိပ်ပါ အင်္ကျီတစ်ထည်၊ ဓားနှစ်လက်တံဆိပ်ပါ အင်္ကျီတစ်ထည်၊ ရှမ်းပြည်နယ် မြောက်ပိုင်း ကောင်းခါး ပြည်သူ့စစ်အဖွဲ့တွင် ဗိုလ်မှူးအဆင့်ရှိ စီးပွားရေး တာဝန်ခံဖြစ်သည့် နယ်ဘက်အရာရှိ မှတ်ပုံတင် တစ်ခုတို့အား သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။ သေနတ်ကိုင်ဆောင် သွားလာနေသူကို ဖျာပုံမြို့မ ရဲစခန်းက လက်နက်ဥပဒေ ၁၉ (စ) ဖြင့် အမှုဖွင့်ထားသည်။   

No comments:

Post a Comment