Thursday, May 16, 2019

၂၀၁၈ ခုနှစ် ဇွန်လတွင် မြန်မာနိုင်ငံအတွင်း လှည့်လည်သုံးစွဲနေသောငွေစက္ကူ ကျပ် ၁၃၀၄၁ ဘီလျံရှိပြီး ယခင်ခြောက်လထက် ကျပ် ၃၇၂ ဘီလျံကျော် မြင့်တက်

၂၀၁၈ ခုနှစ် ဇွန်လတွင် မြန်မာနိုင်ငံအတွင်း လှည့်လည်သုံးစွဲနေသော ငွေစက္ကူ (Currency in Curculation) ကျပ် ၁၃၀၄၁ ဘီလျံရှိပြီး ယခင်ခြောက်လထက် ကျပ် ၃၇၂ ဘီလျံကျော်မြင့်တက်ခဲ့ကြောင်း  မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၁၉ ခုနှစ် အတွက် ပထမဦးဆုံးထုတ်ပြန်သည့် Quarterly Financial Statistics Bulletin (2018 Volume II) အရ သိရသည်။ ၂၀၁၇ ခုနှစ် မတ်မှ ၂၀၁၈ ခုနှစ် ဇွန်အထိ မြန်မာနိုင်ငံအတွင်း လှည့်လည်သုံးစွဲနေသော ငွေစက္ကူတန်ဖိုးမှာ ၂၀၁၇ ခုနှစ် မတ်တွင် ကျပ် ၁၃၀၆၃ ဘီလျံ၊ ၂၀၁၇ ခုနှစ် ဇွန်တွင် ကျပ် ၁၂၁၆၄ ဘီလျံ၊ ၂၀၁၇ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၂၂၂၇ ဘီလျံ၊ ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၁၂၆၆၉ ဘီလျံ၊ ၂၀၁၈ ခုနှစ် မတ်တွင် ကျပ် ၁၄၁၈၄ ဘီလျံ၊ ၂၀၁၈ ခုနှစ် ဇွန်တွင် ကျပ် ၁၃၀၄၁ ဘီလျံရှိပြီး ယခင်ခြောက်လထက် ကျပ် ၃၇၂ ဒသမ ၇၀၇ ဘီလျံမြင့်တက်လာခြင်း ဖြစ်သည်။


နိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်သော သုံးလပတ်ကာလအလိုက် လက်ကျန်ငွေရှင်း တမ်းအရ နိုင်ငံတော်ဗဟိုဘဏ်တွင်ရှိသော Assets (ရပိုင်ခွင့်များ) မှာ Cash and Cash Equivalents ကျပ် ၁၆၀၇ ဘီလျံ၊ ရွှေ ကျပ် ၄၁၀ ဘီလျံ၊ Placement with Foreign Banks ကျပ် ၅၀၇၁ ဘီလျံ၊ Foreign Securities ကျပ် ၅၁၁ ဘီလျံ၊ Deposit with Lacal Banks ကျပ် ၇၂၁ ဘီလျံ၊ IMF Related Assets ကျပ် ၂၅၁၁ သန်း၊ Other Assets(Foreign ) ကျပ် ၂၇၁ သန်း၊ Domestic Securities ကျပ် ၁၄၃၃၃ ဘီလျံ၊ Loans to Bank ကျပ် ၆၃၄ သန်း၊ Property,Plant and Equipment ကျပ် ၁၆ ဒသမ ၉ ဘီလျံ၊ Other Assets (Domestic) ကျပ် ၁၃၁ ဘီလျံ၊ စုစုပေါင်း ၂၂၈၀၇ ဒသမ ၁၇၆ ဘီလျံဖြစ်သည်။


နိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်သော သုံးလပတ်ကာလအလိုက် လက်ကျန်ငွေရှင်းတမ်းအရ နိုင်ငံတော်ဗဟိုဘဏ်တွင်ရှိသော Liabilites (ပေးရန်တာဝန်များ) မှာ Bank Deposits (Foreign) ကျပ် ၁၁၁၂ ဘီလျံ၊ Foreign Institutions Deposits  ကျပ် ၃၃၈ သန်း၊ Borrowing From Foreign Institutions ကျပ် ၂၁ ဘီလျံ၊ IMF Related Liabilities ကျပ် ၄၈၄ ဘီလျံ၊ Other Liabilities(Foreign) ကျပ်နှစ်သန်း၊ Government Deposities ကျပ် ၃၀၁ ဒသမ ၉ ဘီလျံ၊ Bank Deposits (Domestic) ကျပ် ၃၆၂၇ ဘီလျံ၊ Other Domestic ကျပ် ၄၀ဝ ဘီလျံ၊ Other Liabilities (Domestic) ကျပ် ၂၀၈ ဘီလျံ၊ မြန်မာနိုင်ငံအတွင်း လှည့်လည်သုံးစွဲနေသော ငွေစက္ကူ (Currency in Curculation) ကျပ် ၁၃၀၄၁ ဘီလျံ၊ Equity and Reserves ကျပ် ၃၆၃၀ ဘီလျံရှိပြီး စုစုပေါင်း ၂၂၈၀၇ ဒသမ ၁၇၆ ဘီလျံ ဖြစ်သည်။     

No comments:

Post a Comment