Thursday, May 16, 2019

ထိုင်းနိုင်ငံသား ရသွားပြီဖြစ်တဲ့ မြန်မာနွယ်ဖွား ကျောင်းသူ ထိုင်း ပတ်စ်ပို့ ရပြီ

မြန်မာမိဘနှစ်ပါးက ဖွားမြင်ခဲ့တဲ့ ထိုင်းနိုင်ငံ ရနောင်းပြည်နယ်မှ နိုင်ငံမဲ့ကျောင်းသူလေး Ynladee Phiyatat ပြီးခဲ့တဲ့တစ်ပတ်က ထိုင်းနိုင်ငံသားအဖြစ်ကို ခံယူရရှိခဲ့ပြီး အမေရိကန်နိုင်ငံမှာကျင်းပမယ့် The Genius Olympaid သို့ သွားရောက်ယှဉ်ပြိုင်ဖို့အတွက် သူရဲ့ပထမဦးဆုံးထိုင်း passport ကို လက်ခံ ရရှိခဲ့ပါတယ်။ နိုင်ငံသားဆိုင်ရာ အထောက်အထားများကိုလက်ခံရရှိပြီးနောက် သူဟာအရမ်းကို ပျော်ရွှင်ဂုဏ်ယူနေခဲ့ပြီး ကူညီဆောင်ရွက်ပေးခဲ့ကြသူများကိုလည်း ကျေးဖူးတင်ကြောင်းပြောကြားခဲ့ပါတယ်။


အမေရိကန်ခရီးစဉ်အတွက် နောက်တစ်ဆင့်အနေနဲ့ အမေရိကန်ဗီဇာကို ရရှိမှာဖြစ်ပါတယ်။ သူက ထိုင်းနိုင်ငံ အတွက် အကောင်းဆုံးဂုဏ်ဆောင်ခဲ့မည်ဖြစ်ကြောင်းကိုလည်း ကတိပေးပြောကြားခဲ့ပါသေးတယ်။
နောက်လ နယူးယောက်မှာ သွားရောက်ယှဉ်ပြိုင်ရမယ့် အခွင့်အရေးတွေ ဆုံးရှုံးမှာ ကြောက်နေတဲ့အတွက် သူ့ကို နိုင်ငံသားအဖြစ် အမြန်ဆုံးလက်ခံပေးဖို့ တောင်းဆိုခဲ့တာကြောင့် မီဒီယာများမှာ ရေပန်းစားလာပြီး သက်ဆိုင်ရာ အာဏာပိုင်များကလည်း သတိပြုမိခဲ့ခြင်းဖြစ်တယ်။
သူဟာ ထိုင်းနိုင်ငံမှာမွေးဖွားပြီးကြီးပြင်းခဲ့ပေမယ့်လည်း မိဘများမှာ ရွှေ့ပြောင်းနေထိုင်သူများဖြစ်သောကြောင့် နိုင်ငံသားအခွင့်အရေး မရရှိခဲ့ခြင်းဖြစ်ပါတယ်။

No comments:

Post a Comment