Thursday, May 16, 2019

ပြည်ထောင်စု တရားစီရင်ရေး ဥပဒေ စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းတွင် တရားသူကြီးများသည် နေ့စဉ် တရားခွင်တက်ရန် စတင် ဆောင်ရွက်သည့်အချိန်တွင် တရားခွင်၌ ကျမ်းသစ္စာ ပြုရန်အတွက် စီစဉ် ဆောင်ရွက်ရမည်ဟု အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ ပြင်ဆင်ထား

ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းတွင် တရားသူကြီးများသည် နေ့စဉ် တရားခွင်တက်ရန် စတင်ဆောင်ရွက်သည့် အချိန်တွင် တရားခွင်၌ ကျမ်းသစ္စာပြုရန်အတွက် စီစဉ်ဆောင်ရွက်ရမည်ဟု အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြင်ဆင်ထားကြောင်း သိရသည်။ေ မ ၁၅ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးက ပြည်ထောင်စုတရားစီရင်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်သို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်။



အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြည်ထောင်စု တရားစီရင်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းကို လေ့လာစိစစ်ရာတွင် တရားသူကြီးများ တရားခွင်တွင် ကျမ်းသစ္စာကို တိကျလေးနက်စွာ ပြုနိုင်ရန်အတွက် အဆိုပြု ဥပဒေကြမ်း အပိုဒ် ၂ ၊ ပုဒ်မ ၂၃၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မခွဲငယ်(၂) တွင် ဖော်ပြထားသည့် စကားရပ်များကို ပြင်ဆင်သင့်ကြောင်း၊ ပုဒ်မခွဲငယ် (၂)၏ အောက်တွင် ခြွင်းချက်အဖြစ် အသစ် ဖြည့်စွက်သင့်ကြောင်း ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့သည်။


ဥပဒေကြမ်း ကော်မတီက ပုဒ်မ၂၃၊ (ဂ) (၂) ပုဒ်မခွဲငယ် (ဂ) ပုဒ်မခွဲငယ (၁) အရ ရွေးချယ်ခန့်ထားခြင်း ခံသည့် တရားသူကြီးများသည် နေ့စဉ် တရားခွင်တက်ရန် စတင် ဆောင်ရွက်သည့် အချိန်တွင် တရားခွင်၌ ကျမ်းသစ္စာ ပြုရန်အတွက် စီစဉ် ဆောင်ရွက်ရမည်။ ခြွင်းချက်အဖြစ် တရားသူကြီးများသည် ဥပဒေ တစ်ရပ်ရပ်အရ ကျမ်းသစ္စာပြုရန် ကင်းလွတ်ခွင့် ရှိသူဖြစ်ပါက ကတိသစ္စာပြုရန် စီစဉ်ဆောင်ရွက်ရမည်ဟု ပြင်ဆင် ဖြည့်စွက်သင့်ကြောင်း အစီရင်ခံစာ တင်သွင်းခဲ့သည်။

ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပုဒ်မ ၂၃ တွင် (က) နိုင်ငံတော်သမ္မတက ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများအဖြစ် ရွေးချယ်ခန့်ထားခြင်း ခံရသူများသည် စတင် တာဝန်မထမ်းဆောင်မီ ပြည်ထောင်စုလွှတ်တော် နာယကရှေ့၌ ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာ ပြုရမည်။ (ခ) နိုင်ငံတော်သမ္မတက တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးများအဖြစ် ရွေးချယ် ခန့်ထားခြင်း ခံရသူများသည် စတင် တာဝန်မထမ်းဆောင်မီ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌဌရှေ့၌ ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာ ပြုရမည်။ (ဂ) ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် (၁) တရားသူကြီးအဖြစ် ရွေးချယ် ခန့်ထားခြင်း ခံရသူများအား တရားသူကြီးအဖြစ် စတင် တာဝန်ပေးသည့် အချိန်တွင် ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုရန်အတွက် စီစဉ်ဆောင်ရွက်ရမည်။ ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုခြင်း မဆောင်ရွက်ရသေးသော တရားသူကြီးများ အတွက်လည်း ကျမ်းသစ္စာ သို့မဟုတ် ကတိ သစ္စာပြုရန်အတွက် စီစဉ်ဆောင်ရွက်ရမည် ဆိုသည့် အဆိုပြု ပြဋ္ဌဌာန်းချက်အတိုင်း ထားရှိသင့်ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက မှတ်ချက်ပြုခဲ့သည်။

ပုဒ်မ ၂၃ ပုဒ်မခွဲ (ဂ) (၂) တွင် ပုဒ်မခွဲ (ဂ) ပုဒ်မခွဲငယ် (၁) အရ ရွေးချယ် ခန့်ထားခြင်း ခံရသည့် တရားသူကြီးများသည် နေ့စဉ် တရားခွင်တက်ရန် စတင် ဆောင်ရွက်သည့်အချိန်တွင် ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာ ပြုရန်အတွက် စီစဉ်ဆောင်ရွက်ရမည် ဆိုသည့် အဆိုပြု ပြဋ္ဌဌာန်းထားချက်အား ဥပဒေကြမ်း ကော်မတီက (၂) ပုဒ်မခွဲ (ဂ) ပုဒ်မခွဲငယ် (၁)အရ ရွေးချယ် ခန့်ထားခြင်း ခံရသည့် တရားသူကြီးများသည် နေ့စဉ် တရားခွင်တက်ရန် စတင် ဆောင်ရွက်သည့်အချိန်တွင် တရားခွင်၌ ကျမ်းသစ္စာပြုရန်အတွက် စီစဉ် ဆောင်ရွက်ရမည်ဟု ပြင်ဆင်ထားသည်။ ထို့ပြင် ခြွင်းချက်အနေဖြင့် တရားသူကြီးများသည် ဥပဒေ တစ်ရပ်ရပ်အရ ကျမ်းသစ္စာပြုရန် ကင်းလွတ်ခွင့် ရှိသူဖြစ်ပါက ကတိသစ္စာပြုရန် စီစဉ်ဆောင်ရွက်ရမည်ဟု အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက အသစ် ဖြည့်စွက်ထားသည်။

ထို့အပြင် အပိုဒ် ၃ တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် နိုင်ငံတော်အတွင်းရှိ တရားရုံး အားလုံးကို ကြီးကြပ် ကွပ်ကဲရမည်။  (၄) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးနှင့် ခရိုင်တရားရုံးများတွင် ရှိသော အရေးကြီးသော အမှုများကို တရားသူကြီး တစ်ဦးထက်ပိုသော ခုံရုံးဖြင့် စစ်ဆေးစီရင်ရန် ညွှန်ကြားနိုင်သည်ဟု အဆိုပြု ပြဋ္ဌဌာန်းချက်အတိုင်း ထားရှိသင့်ကြောင်း ဥပဒေကြမ်းကော်မတီက မှတ်ချက်ပြုခဲ့သည်။

ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း နှင့်ပတ်သက်ပြီး ဆွေးနွေးမည့် ကိုယ်စားလှယ်များအနေဖြင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဌက ပြောကြားသည်။     

No comments:

Post a Comment