Saturday, June 15, 2019

Apple အမှတ်တံဆိပ် အတုပြုလုပ်လိမ်လည်ရောင်းချသည့် TDJ ဖုန်းဆိုင်ပိုင်ရှင်ကို အမှုဖွင့် အရေးယူထားဟု ဆို

Apple အမှတ်တံဆိပ်ပါ i Phone ၏ Accessories ဆက်စပ်ဖုန်းပစ္စည်းအတုများကို ဖြန့်ဖြူးရောင်းချနေသည့် ဖုန်းဆိုင်ပိုင်ရှင်ကို တိုင်တန်းမှု့  အ ရ အရေးယူထားကြောင်း ရဲတပ်ဖွဲ့ ၏ ဇွန် ၁၄ ရက်နေ့  သတင်းထုတ်ပြန်မှု့ အရ သိရသည်။ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊(၁၀)ရပ်ကွက်နေ ဒေါ်ခင်ဖြူဝင်း(၇၀)နှစ်သည် Apple Inc ကုမ္ပဏီ၏ ကုန်ပစ္စည်းအမှတ်တံဆိပ်ကာကွယ်မှုဆိုင်ရာ တရားဝင်ကိုယ်စားလှယ်တစ်ဦးဖြစ်ကာ Apple ကုန်အမှတ်တံဆိပ်အား ၂၀၁၃ ခုနှစ်တွင် တရားဝင်မှတ်ပုံတင်သွင်းခဲ့သည်ဆို၏။


Apple ကုန်ပစ္စည်းအမှတ်တံဆိပ်များအား တရားမဝင်တင်သွင်းခြင်း၊ ထုတ်လုပ်ခြင်း၊ အတုအပဖြန့်ဖြူးရောင်းချခြင်းများမပြုလုပ်ရန် ၂၀၁၃ ခုနှစ်၊ သြဂုတ်လ၅ ရက်နေ့ကMyanmar Time သတင်းစာတွင် အသိပေးကြေညာခဲ့သည်ဆို၏။

ထိုသို့ ကြေညာထားသော်လည်း ကျောက်တံတားမြို့နယ်၊ အနော်ရထာလမ်းနှင့်(၃၅)လမ်းထိပ်တွင် ဖွင့်လှစ်ထားသော TDJ ဖုန်းဆိုင်၏ပိုင်ရှင်ဖြစ်သည့် မင်္ဂလာတောင်ညွှန့်မြို့နယ်၊ အောင်သပြေလမ်းနေဒေါ်လွမ်းနန်း(၃၀)နှစ်သည် တရားဝင်ခွင့်ပြုချက်မရှိဘဲ Apple အမှတ်တံဆိပ်ပါ i Phone ၏ accessories ဆက်စပ်ဖုန်းပစ္စည်းအတုများကို ဖြန့်ဖြူးရောင်းချနေကြောင်း စုံစမ်းသိရှိခဲ့ရသည်ဟုဆို၏။

ဒေါ်လွမ်းနန်းအား အရေးယူပေးရန်တိုင်တန်းချက်အရကျောက်တံတားမြို့မရဲစခန်းက (ပ)၃၇၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၈၆ ဖြင့် အမှုဖွင့်အရေးယူထားသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment