Saturday, June 15, 2019

မြိတ် ယုဇနဖောင်ဒေးရှင်းရုံးတွင် မီးလောင်မှုဖြစ်ပွား

Image may contain: outdoorမြိတ်မြို့၊ ဆိပ်ငယ်ရပ်ကွက်ရှိ ကမ္ဘောဇဘဏ်ခွဲ ၂ နံဘေး ယုဇနဖောင်ဒေးရှင်းရုံးတွင် ဇွန်လ ၁၅ ရက်နေ့၊ နံနက် ၁၀ နာရီ၊ ၁၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်းသိရပါတယ်။ မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှမီးသတ်ယာဉ်နှင့် ရပ်ကွက်မီးသတ်ယာဉ်များသွားရောက်ငြိမ်းသတ်ခဲ့ကြောင်းသိရပါတယ်။ မီးစတင်လောင်ကျွမ်းရတဲ့အကြောင်းရင်းမှာ အဲယားကွန်းစက်မှ ဝါယာအပူလွန်ကဲမှုကြောင့် လောင်ကျွမ်းခြင်းဖြစ်နိုင်ကြောင်း မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကသုံးသပ်ထားပါတယ်။ အသေးစိတ်ကို တာဝန်ရှိသူများ စုံစမ်းစစ်ဆေးနေကြောင်းသိရပါတယ်။

No comments:

Post a Comment