Saturday, June 15, 2019

သစ်ပင်ကို ရှင်အောင်စိုက်စို့

တစ်နိုင်ငံလုံးမှာ သစ်ပင်ပျိုးပင်ပေါင်း ၅၅ သန်းကျော် စိုက်ပျိုးမယ်ဆိုတဲ့သတင်းကို ၂၀၁၉ မေလ၃၀ ရက် ကြာသပတေးနေ့ ထုတ်7Day Daily သတင်းစာ  စာမျက်နှာ ၆ မှာ ဖတ်လိုက်ရပါတယ်။ အဲဒီသတင်းထဲမှာ ပြည်သူ တွေထံ ပျိုးပင် ၁၀ သန်းကျော်ကို လည်း အခမဲ့ဖြန့်ဝေပေးမှာမို့ နီး စပ်ရာ သစ်တောဦးစီးရုံးဆီ ပျိုး ပင်လိုချင်ကြောင်း လျှောက်ထား ပြီး စိုက်ပျိုးနိုင်တယ်ဆိုလို့ ဝမ်းသာစရာသတင်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒီဆောင်းပါးကိုရေးဖို့ စိတ် ကူးရတာကတော့ အဲဒီသတင်းထဲ မှာပါတဲ့ ဓာတ်ပုံထဲမယ် ထည့် သွင်းဖော်ပြထားတဲ့ သစ်ပင်စိုက် ဖို့ အကြံပြုချက်လေးတွေ တွေ့မိ လို့ပါပဲ။



သစ်ပင်စိုက်ပျိုးလိုပြီး မြေ နေရာနဲ့ ပျိုးပင်ရှိရင် ကိုယ့်အစီအ စဉ်နဲ့ကိုယ် စိုက်ပျိုးနိုင်တယ်။ ပျိုး ပင်မရှိရင် သက်ဆိုင်ရာသစ်တော ရုံးမှာ ပျိုးပင်လိုချင်တယ်လို့ လျှောက်ထားနိုင်တယ်။ နေရာ မရှိရင် သစ်တောဦးစီးဌာနဆီ မြေ နေရာလျှောက်ထားပြီး သစ်တော ရုံးက ခွင့်ပြုတဲ့နေရာမှာ ကျင်းတူး ကာ မြေဆွေးတွေ ထည့်ထားရ မယ်။ အဲဒီနောက် ပျိုးပင်ယူကာ စိုက်ပျိုးနိုင်ပြီး အပင်ရှင်သန်စေဖို့ တစ်လတစ်ကြိမ် ပေါင်းရှင်း၊ မြေ ဆွကာ မြေဩဇာကျွေးရမယ်တဲ့။

အဲဒီနောက်ဆုံးစာသားလေး ဖတ်မိတော့ ငယ်စဉ်က အဖြစ်အပျက်လေးတွေဆီ ပြန်ပြောင်း သတိရမိတယ်။ ကိုယ်တွေ ငယ် ငယ်တုန်းက တက်ခဲ့ရတဲ့ စာသင် ကျောင်းလေးမှာရှိတဲ့ ဆရာ၊ ဆရာမတွေဟာ မိုးတွင်းကာလ ကျောင်းစတက်တိုင်း ပြောလေ့ရှိ တဲ့ စကားလေးတွေကို ပြန်လည် ကြားယောင်မိတာပါ။

‘‘သားတို့၊ သမီးတို့ရေ သစ် ပင်လေးတွေ စိုက်ကြရအောင် နော်... ’’လို့ဆိုပြီး ပျိုးပင်လေးတွေ ကို တစ်ယောက်ချင်းစီ လက်ထဲ ထည့်ပေးပါတယ်။

ကျောင်းရှေ့၊ ကျောင်းအနီး အနားနဲ့ ကျောင်းရဲ့ ခပ်လှမ်းလှမ်း က မြေကွက်လပ်တွေဆီမှာ သူ ငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် သစ်ပင်စိုက်ခဲ့ပါတယ်။ ကိုယ်စိုက် ပျိုးပြီးတဲ့ သစ်ပင်လေးတွေကို လည်း မနက်ခင်း ကျောင်းတက် ရင်း ငေးငေးကြည့်မိတယ်။ မိုး မရွာတဲ့နေ့တွေဆို မုန့်စားဆင်း ချိန်မှာ သစ်ပင်လေးတွေကို ရေ လောင်းပေးပြီး သူတို့လေးတွေ ရှင်သန်လာတာကို ကြည့်ရတဲ့ အရသာဟာ ဘာနဲ့မှ နှိုင်းမရ အောင် ရင်ခုန်စရာကောင်းလွန်း ပါတယ်။

 ဒီလိုနဲ့ သစ်ပင်တွေဟာ တဖြည်းဖြည်း ရှင်သန်ကြီးထွား လာလိုက်တာမှ ကိုယ့်အရပ်မက မြင့်တက်လာတဲ့အခါ မနာလိုစိတ် ကင်းတဲ့ မုဒိတာတရားနဲ့အတူတူ သစ်ပင်တွေ ကိုယ့်ဆရာ၊ ဆရာမ အရပ်မက ရှည်ပါစေကြောင်း ဆု တောင်းရင်း ရေလောင်းပေးဖြစ်ခဲ့ပါတယ်၊ ပေါင်းသင်ပေးခဲ့ဖူးပါ တယ်။

အခုဆိုရင် ကိုယ်တွေကလေး ဘဝက စိုက်ပျိုးခဲ့တဲ့  သစ်ပင်မျိုး စုံဟာ ကျောင်းအနီးတစ်ဝိုက်မှာ ကိုယ့်မိဘအရပ်ထက်မက ရှည် ထွက်လာပြီး ကျောင်းခေါင်မိုး တောင် ကျော်တဲ့အပင်တွေ ဖြစ် နေပါပြီ။

တစ်ဆက်တည်း ပြောရရင် တော့ ကိုယ်တွေက မူလတန်းက နေ အလယ်တန်းပြီးတော့ အထက်တန်း ကျောင်းသား၊ ကျောင်းသူ တွေ ဖြစ်သွားတဲ့အခါမှာ အိမ်နဲ့ အလှမ်းဝေးတဲ့ ကျောင်းကို ပြောင်းတက်ရပါတယ်။

အထက်တန်းကျောင်းသား အရွယ်နဲ့ တက္ကသိုလ်ကျောင်းသား ဘဝရောက်တော့ စုပေါင်းသစ် ပင်စိုက်ပျိုးပွဲတော်တို့၊ သစ်ပင် မစိုက်မနေရပွဲတော်တို့နဲ့ တိုးပြီး တစ်နှစ်ကို တစ်ပင်မက စိုက်ကြ ပျိုးကြတဲ့အခါမယ် လူကြီးဆိုသူ တွေ စိုက်ခိုင်းတာ စိုက်ရပါတယ်။

 စိုက်ပြီးရင် ရေလည်း မလောင်းဖြစ်၊ ပေါင်းလည်းမသင် ဖြစ်ဘဲ ဝတ်ကျေတန်းကျေ စိုက် ဖြစ်ခဲ့တာပါ။ အဲဒါကြောင့် ဘယ် တုန်းက စိုက်ခဲ့မှန်း၊ ဘယ်အပင် မှန်း မသိသလို သူတို့တွေ ရှင်၊ မရှင် ဆိုတာကိုပါ သတိမထားမိ တော့ပါဘူး။ လုပ်ငန်းခွင်ဝင်လို့ သစ်ပင်စိုက်ပျိုး ပွဲတော်တွေမှာ သစ်ပင်စိုက်တော့လည်း အဲဒီလိုပဲ ဖြစ်ခဲ့ပြန်ရော။

ငယ်ငယ်တုန်းက မိုးတွင်း ကာလမှာ သစ်ပင်စိုက်ခဲ့တာနဲ့ အ သက်ကြီးလာမှ သစ်ပင်စိုက်တာ ဘာကွာသွားသလဲဆိုတာ 7Day Daily သတင်းစာမှာ ဖော်ပြခဲ့ သလို သစ်ပင်စိုက်ပြီးရင် နောက် ဆက်တွဲလုပ်ရမယ့် အလုပ်တွေ ကွာခြားသွားတာပါ။ ရေမလောင်း၊ပေါင်းမသင်တော့ ပြုစုသူမဲ့သစ် ပင် ဘယ်ရှင်သန်တော့မှာလဲ။

ဒါကြောင့် သစ်ပင်စိုက်တဲ့ အခါ ရှင်အောင် စိုက်စေချင်ပါ တယ်။ ရှင်အောင်မစိုက်ရင် ဘယ် လောက်ကုန်ကျစရိတ်ရှိပြီး ဘယ် လို အကျိုးယုတ်စေတယ်ဆိုတာ ကို မိတ်ဆွေတစ်ယောက်က ဖေ့စ် ဘွတ်ခ်ပေါ် တက်ရေးထားတာ လေး ဖတ်မိလိုက်တာမို့ ဖောက် သည်ပြန်ချပါရစေ။ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ပညာရှင် ဖြစ်တဲ့ ဦးစည်သူလွင်ဖြစ်ပြီး မေလ၃၀ ရက်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ အောက်ပါအတိုင်း ရေးထားပါ တယ်။

‘၂၀၁၉ မိုးရာသီမှာ ပျိုးပင် ပေါင်း ၅၅ သန်းကျော် စိုက်မယ် ဆိုတော့ ပန္နက်ရိုက်ခ၊ ပန္နက်ဖိုး၊ ကျင်းတူးခ၊ သယ်ပို့ခ၊ ဘာညာ သာရကာခ ဘာမှမပါဘဲ သုံးလ သားအရွယ် အနည်းဆုံးရှိနေရ မယ့် ပျိုးပင်တစ်ပင်ရဲ့ ကုန်ကျ စရိတ်ဟာ ကျပ် ၂၀၀ အနည်းဆုံး ရှိပါမယ်။ ၅၅ သန်း × ၂၀၀ ကျပ်= ၁၁,၀၀၀,၀၀၀,၀၀၀ ကျပ် မို့ ကျပ်သန်းပေါင်း တစ်သောင်း တစ်ထောင်ဖြစ်ပါတယ်။ (အမှန် တကယ် ကုန်ကျစရိတ်က ဒီထက် မက ပိုကုန်မှာပါ။)

ဒါ အလကားရလာတဲ့ ပိုက်ဆံတွေ မဟုတ်ပါဘူး။ တစ် ကျောင်းကို သိန်းတစ်ထောင်တန် တဲ့ စာသင်ကျောင်းပေါင်း ၁၁၀ ဆောက်လို့ရပါတယ်။ တစ်လုံးကို သိန်းတစ်ထောင်တန်တဲ့ ကျေး လက်ဆေးပေးခန်းပေါင်း ၁၁၀ ဆောက်လို့ ရပါတယ်။ ကျွန်တော် တို့နိုင်ငံက ဆင်းရဲပါတယ်။ တစ် ကျပ်မှ အဟောသိကံ အဖြစ်မခံ နိုင်ပါဘူး။ ဒီသစ်ပင်တွေ ရှင်မလာရင် ဘယ်လိုလုပ်ကြမလဲ၊ ဘယ် သူတွေက ဘယ်လိုတာဝန်ခံပေး ကြမလဲဆိုတာကို ရှင်းရှင်းလင်း လင်း သိချင်ပါတယ်။ ဟိုတုန်းက လိုပဲ ရွှေခြင်းတော်ထဲက ရွှေမြေ တော်တွေကို ရွှေဂေါ်ပြားတော်နဲ့ ကော်ပြီး ရွှေရေကရားတော်ထဲက ရွှေရေတော်တွေ လောင်းချ၊ ဓာတ်ပုံရိုက်၊ ဖေ့စ်ဘွတ်ခ်တင်၊ သတင်း စာထဲထည့်ပြီးရင် ဖုတ်ဖက်ခါပြန် ကြ၊ အပင်တွေကတော့ သေသေ ကျေကျေ ကိစ္စမရှိဘူးလို့တော့ ဆက်မလုပ်ကြစေချင်ပါဘူး။ မိတ်ဆွေများခင်ဗျာ’လို့ ရေးသားထားပါတယ်။

ဒါကြောင့် အဲဒီလိုတွေ မဖြစ် ရလေအောင် ဒီနှစ် မိုးရာသီမှာ တော့ သစ်ပင်တွေ စိုက်ရင်ဖြင့် ရှင်အောင်စိုက်ကြဖို့ရာ သစ်တော ဦးစီးဌာနကလည်း စည်းကမ်းတွေ သတ်မှတ်လိုက်တာပါ။ ပျိုးပင် တွေကို ဇူလိုင်နောက်ဆုံးပတ်မှာ အပြီးအစီးစိုက်ပျိုးဖို့ရာ ရည်ရွယ် ထားပြီး စိုက်ပြီးချိန်မှ ငါးနှစ်သား အထိ ပြုစုထိန်းသိမ်းရမယ်လို့ ပြောပါတယ်။ ပြည်သူတွေအတွက် ပျိုးပင် ၁၀ သန်းကျော်ကို အခမဲ့ ဖြန့်ဝေမယ်လို့ ဆိုပါတယ်။ အပင် လျှောက်ထားရာမှာ ကိုယ်တူးဖော်တဲ့ မြေကျင်းအရေအတွက်ပေါ် မူတည်ပြီး ပေးမှာဖြစ်ပြီး ပျိုးပင် ယူပြီးရင်တော့ ရှင်သန်ဖြစ်ထွန်း အောင် စိုက်ပျိုးပါ့မယ်လို့ ဝန်ခံ ကတိ လက်မှတ်ထိုးရမယ်လို့ လည်း ဆိုပါတယ်။ ဒါပေမဲ့ သစ် တောကြိုးဝိုင်းထဲ ခွင့်ပြုချက် မတောင်းဘဲ ကိုယ့်အစီအစဉ်နဲ့ ကိုယ် စိုက်ပျိုးချင်တဲ့အပင် စိုက် ပျိုးခြင်းကို ခွင့်မပြုသလို ကြိုးဝိုင်း ထဲမှာ သစ်တောဦးစီးဌာနဆီ အ ကြောင်းမကြားဘဲ စိုက်ပျိုးခွင့်မရှိ ဘူးလို့ သိရတယ်။

မန္တလေးမြို့တော်ဝန် ဦးရဲ လွင်ကတော့ သစ်ပင်စိုက်တာနဲ့ ပတ်သက်လို့ စနစ်တကျ စီစဉ်ထားတဲ့ သူ့စီမံချက်ကို လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ အခုလို ရေးသားတင်ပြထားပါတယ်။

မိုးရာသီ အရိပ်ရသစ်ပင် စံချိန် တင်စိုက်ပျိုးမည့် စီမံချက်

  ‘ မြို့နယ်ခြောက်မြို့နယ်စလုံးမှာအရိပ်ရပင် မရှိသလောက် နည်းနေတဲ့ နေရာတွေအတွက် စုစုပေါင်း အပင် ၁၅,၁၀၀ စိုက်ဖို့ လျာထားပြီးသွားပါပြီ။ ဆက်လက်ပြီး စိုက်ဖို့လိုတဲ့ လမ်းတွေရှာပြီး ထပ်မံလျာထားသွားပါမယ်။ လမ်းအလိုက် စိုက်သွားပြီး နေ့စဉ် ရေ လောင်းတာ၊ Tree Guard ဝါး ခြင်း ကာရံတာ၊ ပေါင်းသင်မြက် ရှင်းနဲ့ သေပင်ကို အပင်သစ်လဲ တာတွေ ဆက်လုပ်ပြီး ရှင်သန် အောင် စောင့်ရှောက်သွားမှာပါ။ လမ်းတွေပေါ် မူတည်ပြီး တစ် လမ်းစီကို အပင်တစ်မျိုးစီ စိုက်ဖို့ ရည်ရွယ်ထားပါတယ်။ အပင်ကျဲ နေတဲ့နေရာတွေ၊ ကွက်လပ်ဖြစ် နေတဲ့ နေရာတွေနဲ့ အရင်ကစိုက် ခဲ့ပြီး သေသွားတဲ့ အပင်နေရာ တွေမှာစိုက်ဖို့ အပင်ငါးသောင်း ကျော်ရှိနေပါသေးတယ်။ ဒီကွက် လပ်တွေကိုလည်း ရှာဖွေစိုက်ပျိုး ပေးသွားမှာပါ။ မြို့သူမြို့သား တွေအနေနဲ့ လိုအပ်တယ်ထင်လို့ စိုက်စေချင်တဲ့ နေရာတွေကို ရပ် ကွက်အုပ်ချုပ်ရေးမှူး (သို့မဟုတ်)မြို့နယ်စည်ပင်ရုံးတွေကို အ ကြောင်းကြားရင် ပျိုးပင်များ ဝေ ပေးမှာ ဖြစ်သလို စည်ပင်ကို စိုက် စေချင်ရင်လည်း မြေကျင်းတူး၊ မြေဆွေးထည့်၊ အပင်စိုက်တာ တွေ အားလုံးစည်ပင်က လုပ်ပေး ပါမယ်။ ရေပုံမှန်လောင်းပေးဖို့ပဲ လိုမှာပါ။ ပျိုးပင်တွေကို အရွယ် အစားနဲ့ အသက်ပေါ်မူတည်ပြီး အိတ်အရောင်နဲ့ ခွဲခြားထားပါ တယ်။ ပျိုးခြံတွေမှာ သုံးနှစ်ကနေ ငါးနှစ်ကျော်အထိ ပြုစုထားတဲ့ ပျိုးပင်တွေကို ဒီနှစ်ထဲ အများဆုံး စံချိန်တင် စိုက်ပျိုးသွားမှာပါ။ အိတ်ဖြူ ၅-၇ နှစ် ၄'-၇' ၃,၈၅၁၊အိတ်မည်း ၃-၅ နှစ် ၃'-၅'၃၅,၀၀၀၊ အိတ်အကြည် တစ်နှစ်-သုံးနှစ် ၂'-၄' ၄၀,၀၈၄ စုစုပေါင်း ၇၈,၉၃၅ ပင်ပါ။ နောင်နှစ်တွေမှာ မြို့ပတ်ဝန်းကျင်အထိပါ တိုးချဲ့ စိုက်နိုင်ဖို့ ပျိုးခြံတွေမှာ အပင်တစ်သိန်းကျော် ပျိုးထားပါသေးတယ်။ ကုက္ကို၊ ခရေ၊ စိန်ပန်း၊ တမာ၊ မည်စည်၊ သင်္ဘောတယ်၊ ငု၊ သရက်၊ စွယ်တော်၊ ဗာဒံ၊ တရုတ်စံကား၊ မဲဇလီ၊ ကံ့ကော်၊ ပိ တောက်၊ မန်ကျည်း၊ ပုန်းညက်၊ သင်းဝန်ပြာ၊ ကသစ်ကျား၊ ဖွား ဖက်တော်၊ တပြေဘူတ အပင်စုံ ပါ။ မြို့တော်တစ်ခုလုံး စိမ်းလန်း လာအောင် ကြိုးစားနေတဲ့ စည် ပင်ပါ’လို့ ရေးသားထားပါတယ်။

မန္တလေးမြို့တော်ဝန်ရဲ့ သစ် ပင်စိုက်ပျိုးမယ့် စီမံချက်က အတော့်ကို စနစ်ကျပါတယ်။ ဒီ ဆောင်းပါးလေး အဆုံးမသတ်ခင် သတင်းစကား ပါးချင်တာက တော့ သစ်ပင်တစ်ပင်ကို ရှင်သန် လာအောင် ကိုယ်တိုင်မစိုက်ဖြစ် သေးရင်လည်း ရှင်သန်နေဆဲသစ် ပင်ကို ခိုင်လုံတဲ့ အကြောင်းပြချက် မရှိဘဲနဲ့ ခုတ်လှဲတာတော့ မလုပ် စေချင်ပါဘူး။ အကောင်းဆုံးက တော့ သစ်ပင်စိုက်မယ်ဆိုရင် ရှင် သန်လာအောင် စိုက်ပျိုးပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။  ။

No comments:

Post a Comment