Saturday, June 15, 2019

မုတ်သုံလေ အားအလွန်ကောင်းနေ၊ တနိုင်ငံလုံး မိုးထစ်ချုန်းရွာမည်

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပြီး တနိုင်ငံလုံး မိုးထစ်ချုန်းရွာမယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။ ဒီနေ့ညနေအထိ ခန့်မှန်းချက်အရ တနိုင်ငံလုံး နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေပြည်တော်နှင့် ရခိုင်ပြည်နယ်တို့မှာ ဒေသအလိုက်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်နဲ့ ချင်းပြည်နယ်တို့မှာ နေရာကွက်၍ မိုးကြီးနိုင်ပါတယ်။



မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက် လေပြင်း များကျရောက်ပြီး လှိုင်းကြီးမှာဖြစ်ပြီး ရေပြင်/မြေပြင်လေဟာ တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါတယ်။ လှိုင်းအမြင့် ၉ ပေမှ  ၁၂ ပေလောက် ရှိနိုင်ပါတယ်။ နောက် ၂ ရက်အထိ မုတ်သုံလေ ဆက်လက် အားကောင်းနေမယ်လို့ မိုးဇလက ဆိုပါတယ်။

နေပြည်တော်၊ ရန်ကုန်မြို့တို့နဲ့ အနီးတစ်ဝိုက်တွေမှာတော့ မိုးအသင့်အတင့် ထစ်ချုန်းရွာမှာဖြစ်ပြီး မန္တလေးမြို့နဲ့ အနီးတစ်ဝိုက်မှာတော့ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမယ်လို့ ဆိုပါတယ်။

No comments:

Post a Comment