Saturday, June 15, 2019

ဂုဏ်ပြုထိုက်သူ ကိုသာဇံများ

ဒီဘက်နှစ်တွေပိုင်းမှာ ပြုပြင် ပြောင်းလဲမှုတွေနဲ့အတူ ပြည်သူ့မေတ္တာကိုခံယူတဲ့ အဖွဲ့အစည်း  သည် မည်သည့်အဖွဲ့စည်းဖြစ် မည်ထင်ပါသနည်း။ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာ၊  ထွေအုပ်တို့ဖြစ်သည်ဟု ထင်ပါ သလား။ အဆိုပါအဖွဲ့များတစ်ခု မှ မဟုတ်ပါ။ မီးသတ်တပ်ဖွဲ့ဝင် များဖြစ်ကြပါသည်။ ယခုနှစ်ပိုင်း မှာ မီးသတ်တပ်ဖွဲ့ဝင်များအပေါ်  ပြည်သူတို့၏ သဘောထားများ သိသိသာသာပြောင်းလဲလာခဲ့ပါ သည်။ အထူးသဖြင့် မီးသတ်တပ် ဖွဲ့ဝင်များ၏ လုပ်ရည်ကိုင်ရည် နှင့် စွမ်းဆောင်ရည်များကို ပြည် သူအများစု အသိအမှတ်ပြုလာ ကြခြင်းဖြစ်သည်။ ယခင်က မီး သတ်နှင့် ပြည်သူများမှာ သူစိမ်း ပြင်ပြင်များ မဟုတ်ကြသော် လည်းဖက်လဲတကင်းရှိသည်ဟု လည်း မဆိုနိုင်ပေ။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ၀င်များသည် ပြည်သူများနည်း တူခေတ်ဆိုး၊ စနစ်ဆိုးအောက် တွင် ရာစုတစ်ဝက်ကျော်နေထိုင်ခဲ့ ကြရပြီး ခေတ်ဆိုး၊ စနစ်ဆိုးဒဏ်ခံ ခဲ့ရသော အဖွဲ့အစည်းဖြစ်ခဲ့ သည်။  အာဏာရှင်ခေတ်တစ် လျှောက်လုံးတွင် အာဏာရှင်များ ၏ လက်ကိုင်တုတ်သဖွယ်အသုံးချ ခြင်းခံခဲ့ကြရသည်။ ဧည့်စာရင်း စစ်ရာမှာဖြစ်စေ၊ ယာဉ်မောင်း လိုင်စင်စစ်ဆေးရာမှာဖြစ်စေ၊စစ် ရေးပြချီတက်ရာမှာဖြစ်စေ၊ ပွဲ လမ်းသဘင် လုံခြုံရေးများတွင် ဖြစ်စေ မီးသတ်တပ်ဖွဲ့ဝင်များကို ယူနီဖောင်းဝတ်စေပြီး ပါဝင်စေ ခဲ့ကြခြင်းက မီးသတ်တပ်ဖွဲ့ဝင် များကို ပါလေရာငါးပိချက်များ အဖြစ်အများပြည်သူများ အထင် မြင်မှားစေခဲ့သည်။ အာဏာရှင် များက အာဏာတည်တံ့ခိုင်မြဲရေး အတွက် နိုင်ငံတော်ကာကွယ်ရေး၏  အရန်အင်အားစုများအဖြစ် ဘေးတီးပေးခဲ့ကြပြီး မီးသတ်နှင့် ပြည်သူကိုစည်းခြားခဲ့ကြသည်။ 

 မီးသတ်တပ်ဖွဲ့ဝင်များ၏  အဓိကပင်မလုပ်ငန်းမှာ သဘာဝ ဘေးအန္တရာယ် ကူညီကယ်ဆယ် ရှာဖွေရေးလုပ်ငန်းဖြစ်သည်။ မီး သတ်တပ်ဖွဲ့ဝင်များ၏ ယခင်နှင့် ယခုကွာခြားချက်မှာ ပြည်သူ့လို အင်ဆန္ဒများပိုမိုဖြည့်ဆည်းလာ  နိုင်ရုံမက ပြည်သူများနှင့် တသား တည်းဖြစ်လာသည်ဟု အများစု က ယူဆလာကြခြင်းဖြစ်သည်။ ထို့အပြင် မီးသတ်တပ်ဖွဲ့ဝင် အချို့ကလူမှုကွန်ရက်ကို အကျိုး ရှိရှိသုံးပြီး    အချိန်နှင့်တစ်ပြေးညီ အများပြည်သူ သိသင့်သိထိုက် သည့် သဘာဝဘေးသတင်းမှန် သမျှကို တင်ပေးခြင်းကလည်း ပြည်သူ့မေတ္တာကို ရရှိစေခဲ့ကြ သည်။ ခေတ်နှင့်အညီဆိုရှယ် မီဒီယာကို အသုံးချပြီးမီးသတ် တပ်ဖွဲ့ဝင်တွေရဲ့ ဂုဏ်သိက္ခာမြင့် မားအောင်လုပ်နိုင်ခဲ့တာ အသိ အမှတ်ပြုကြရမှာပါပဲ။

မီးသတ်တပ်ဖွဲ့ရဲ့ သတင်း  စာမျက်နှာက အမြဲအသက်ဝင်နေ ပြီး လူမှုကွန်ရက်အသုံးပြုသူတွေ အမြဲမြင်နိုင်အောင် ဆီးဖတ်စ် (See First) လုပ်ထားရသည်အထိ သြဇာကြီးသည့်သတင်းစာ မျက်နှာဖြစ်သည်။  မီးသတင်း စာမျက်နှာတွေရဲ့ ပို့စ်တွေ အောက်မှာ ကွန်မန့်ပေးသူအများ  စုက မီးသတ်တပ်ဖွဲ့ဝင်တွေကို ချီးကျူးကြတဲ့အပြင် အချိန်နှင့် တစ်ပြေးညီ မီးသတင်းတင်ပေးမှု အတွက်လည်း ကျေးဇူးစကားဆို ကြသည်။ သို့သော်အခုချိန်အထိ ဆိုရှယ်မီဒီယာကို အသုံးပြုရ ကောင်းမှန်းမသိသေးသည့် ဌာန ဆိုင်ရာအ ဖွဲ့တွေရှိနေသေးသည်။ သတင်းမီဒီယာခေတ်မှာ ဆိုရှယ် မီဒီယာကို ပစ်ပယ်၍မရပေ။ မန္တလေးမြို့အတွင်း မီးဘေးသင့် မိသားစု၏   ရွှေထည်ပစ္စည်းများကို  မီးသတ်တပ်ဖွဲ့ဝင်များက ပြန် လည်ပေးအပ်မှု၊ ရေစကြိုမြို့နယ် အတွင်းက ကျေးလက်ဒေသမှာ ထန်းပင်တက်ရင်း ပြန်မဆင်း နိုင်သူကို ကူညီနိုင်မှု စသည့် ကောင်းသတင်းများက မီးသတ် တပ်ဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာကို ပိုမိုမြင့်မားစေခဲ့သည်။

 မီးသတ်တပ်ဖွဲ့ဝင်များ၏  အဓိကလုပ်ငန်းမှာ အများပြည်သူ  ကို ကူညီရသည့်လူမှုဝန်ထမ်း လုပ်ငန်းများသာဖြစ်သည်။ ကိုယ့် ထမင်းကိုယ်စား  ကြီးဒေါ်နွားအ ငှားကျောင်းသူဟုပင် အမနာပဆို ကြသူတွေရှိခဲ့သည်။ ထို့ကြောင့် ပင် မီးသတ်တပ်ဖွဲ့သည် လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး ၀န်ကြီး ဌာနအောက်တွင် ကာလအတန် ကြာရှိခဲ့ဖူးသည်။ ယခုအခါ မီးသတ်တပ်ဖွဲ့သည် ပြည်ထဲရေး ၀န်ကြီးဌာနအောက်တွင် ပြောင်း လဲတာဝန်ထမ်းဆောင်နေသည်။   မည်သည့် ၀န်ကြီးဌာနအောက် တွင်ရှိသည်ဖြစ်စေ ပြည်သူ့ဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်လျှင် ပြည်သူက မေတ္တာထားစမြဲဖြစ် သည်။ မေတ္တာပေးသူသည် မေတ္တာရစမြဲဖြစ်ကြောင်း မီး သတ်တပ်ဖွဲ့များက သက်သေပြ လျက်ရှိသည်။

မီးသတ်တပ်ဖွဲ့ဝင်များပြည် သူ့မေတ္တာရရှိလာသည်နှင့်အမျှ မီးသတ်ကား ၀ယ်ယူလှူဒါန်း သည့် အလှူရှင်၊ မီးသတ်အ ဆောက်အအုံဆောက်လုပ်လှူ ဒါန်းကြသည့် ရပ်ကွက်၊  မီးသတ် ယူနီဖောင်းဝယ်ယူဆင်မြန်းသည့် ကုသိုလ်ရှင်တွေရှိလာကြတာကို  လည်း ၀မ်းမြောက်ဖွယ်တွေ့လာ ရပါသည်။ မီးသတ်တပ်ဖွဲ့ဝင် တွေပြည်သူတွေရဲ့ တုံ့လှည့် မေတ္တာရရှိတာ ၀မ်းသာစရာပါ။ တစ်ချိန်က မီးသတ်တပ်ဖွဲ့ဆို လျှင် လူရွှင်တော်တွေက ပြက်လုံး ထုတ်ကြသည့်အခါရှိသလိုသံချပ်  သမားတွေကလည်း သံချပ်ထိုးခဲ့ ကြသည်။ တစ်လျှောက်လုံးလူရွှင် တော်တွေရဲ့  ပြက်လုံးခွင်မှာ အမြဲတစေပြက်ခံခဲ့ရပေမယ့် အခု တော့ မီးသတ်တပ်ဖွဲ့ဝင်တွေ  ကောင်းသောပြောင်းလဲခြင်းကို ပြောင်းလဲနိုင်ခဲ့ပါပြီ။

  မီးသတ်တပ်ဖွဲ့ဝင်များ၏ ပြုပြင်ပြောင်းလဲမှုများအတွက်အ သိအမှတ်ပြုကြရမှာဖြစ်သည်။   မီးသတ်တပ်ဖွဲ့ကဲ့သို့ ပြည်သူကို  ၀န်ဆောင်မှုပေးနေကြရသည့် ဌာနဆိုင်ရာအဖွဲ့အစည်းများစွာ ရှိသည်။ အဆိုပါအဖွဲ့များလည်း   မီးသတ်တပ်ဖွဲ့များ၏ ပြုပြင် ပြောင်းလဲမှုကို အတုယူစေလိုပါ သည်။ ပြုပြင်ပြောင်းလဲမှုများ သည် မည်သည့်အခါမှ နောက် ကျသည်ဟူ၍မရှိပေ။ ပြောင်းလဲ  မှုများအတွက် သတ္တိလိုအပ်ပါ  သည်။  ပြုပြင်ပြောင်းလဲမှုတိုင်း  သည် ပြည်သူကိုမျက်နှာမူဖို့သာ လိုပါသည်။ ငယ်ငယ်ကသင်ခဲ့ရ တဲ့တို့တာဝန်ဆိုသော ကဗျာမှာ  နယ်ပယ်အသီးသီးကပရော်ဖက် ရှင်နယ်တွေကို ဂုဏ်ပြုဖွဲ့ဆို ထားသော ကဗျာဖြစ်သည်။  လယ်သမား၊ သူနာပြု၊ အလုပ် သမား၊ စာပို့လုလင်၊ ရဲတပ်ဖွဲ့ ၀င်၊ ကျောင်းဆရာ၊ ယာဉ်ထိန်း၊ မီးသတ်စသည့်နယ်ပယ်စုံကိုဂုဏ် ပြုဖွဲ့ဆိုထားခြင်းဖြစ်သည်။ 

ကိုယ့်ပရော်ဖက်ရှင်နယ်ကို ပီပီပြင်ပြင်တာဝန်ကျေပွန်လျှင် ဂုဏ်ပြုခံထိုက်သူများသာဖြစ် သည်။ မီးသတ်ရာတွင် စွန့်စား ကယ်တင်ကြသော ကိုသာဇံများ  သာမက စပါးအထွက်တိုးအောင် စိုက်မည့် လယ်သမားကြီးဖိုးသာ အောင်၊ စေတနာနှင့်ပြုစုသည့် သူနာပြုမလှမွန်၊ စာပို့ရာတွင် အချိန်မှန်သော မောင်သိန်းတန်၊ လူဆိုးဖမ်းဖို့တာဝန်ကျေသော ဦး လှရွှေများလည်း ပြည်သူ့မေတ္တာခံ ယူပြီး ပြည်သူကိုအလုပ်အကျွေး ပြုကာ ဂုဏ်ပြုခံထိုက်သူများ ဖြစ်အောင်စွမ်းစွမ်းတမံ တာဝန်  ထမ်းဆောင်ကြပါစေလိုကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ရပါ သည်။

No comments:

Post a Comment