Saturday, June 15, 2019

ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများ အလုပ်သမားထံမှဝန်ဆောင်ခယူပါက အရေးယူခံရမည်

ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများ အလုပ်သမားထံမှဝန်ဆောင်ခယူပါက အရေးယူမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ ထုတ်ပြန်လိုက်သည်။ ဇွန်လတွင်းထုတ်ပြန်ထားသောထုတ်ပြန်ချက်အရ လက်ရှိတွင် ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအချို့သည် အလုပ်သမားများထံမှ အလုပ်လျှောက်လွှာဖောင်ဖိုးဟူ၍လည်းကောင်း၊ လုပ်ငန်းရှင်နှင့် အင်တာဗျူး တွေ့ဆုံခဟူ၍လည်းကောင်းအသီးသီးအခကြေးငွေ ကောက်ခံမှုများရှိကြောင်းသိရသည်။



ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအကျိုးဆောင်လိုင်စင်များအနေဖြင့် အလုပ်သမားထံမှ ၀န်ဆောင်ခစရိတ် အခကြေးငွေရယူခြင်းမပြုရန်နှင့် အလုပ်ရှင်ထံမှ အလုပ်သမားရမည့်လစာတစ်လစာထက်မပိုသော ၀န်ဆောင်ခကို ကောက်ခံနိုင်ကြောင်းသတ်မှတ်ထားပြီး ၊၄င်းထုတ်ပြန်ချက်စည်းကမ်းများနှင့်မညီပါက တည်ဆဲဥပဒေများနှင့်အညီအရေးယူမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဒုတိယ ၁ နှစ်တာလုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းအရ အလုပ်အကိုင်နေရာ ချထားရေးဆောင်ရွက်ခြင်းတွင် ရန်ကုန်တိုင်းဒေသကြီး၌အလုပ်ရရှိမှုမှာ ၃၃ ဒဿမ ၉၁ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment