Saturday, June 15, 2019

လက်နက်ကြီးကျည်များ ဖယ်ရှားပေးရန်နှင့် ဘ၀လုံခြုံမှုအာမခံချက် ရရှိရန် စပါးထားဒေသခံများ တောင်းဆို ရွာသားများတိမ်းရှောင်နေစဉ် ကျပ်သိန်းတစ်ရာခန့်တန်ဖိုးရှိ ပစ္စည်းများ ပျောက်ဆုံးခဲ့ဟုဆို

 ဒေသခံများ၏ ဘ၀လုံခြုံရေးအာမခံချက် ရရှိရန်နှင့် မပေါက်ကွဲသေးသော လက်နက်ကြီးကျည်များကို ရှင်းလင်းပေးရန် စပါးထားရွာဒေသခံများနှင့် ဆရာတော်များက ဇွန်လ ၁၄ ရက်တွင် ကျေးရွာဘုန်းကြီးကျောင်း၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ တောင်းဆိုသည်။ ဇွန်လ ၁၃ ရက်ကစပါးထား ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှု ကြောင့် ရွာသားများ ကျေးရွာ ဘုန်းကြီးကျောင်း၌ ခိုလှုံနေစဉ် လက်နက်ကြီးကျည်ကျရောက် သဖြင့် ဒေသခံရွာသား ခြောက်ဦး   သေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့ သည်။ ထိုသို့သော ဖြစ်စဉ်များ   ထပ်မဖြစ်စေရေး ဆောင်ရွက် ပေးရန် ရွာသားများကတောင်း ဆိုသည်။



စပါးထားကျေးရွာအနီးဝန်း ကျင်နှင့် ရွှေတမာကျေးရွာအ နီးတစ်ဝိုက်တွင် မပေါက်ကွဲသေး သည့် လက်နက်ကြီးကျည် များ စွာရှိနေပြီး ယင်းလက်နက်ကြီး ကျည်များကို သက်ဆိုင်ရာက အချိန်မီရှင်းလင်းပေးရန် လိုအပ် ကြောင်း ဒေသခံများက ပြော သည်။

‘‘သူတို့တွေဟာ ရွာမှာ ကြောက်စိတ်တစ်ဝက်၊ လန့်စိတ် တစ်ဝက်နဲ့နေကြရတယ်။ လုံခြုံ ရေး အာမခံချက်ဘာမှမရှိဘူး။ အာမခံချက်ရှိတဲ့ စာတစ်စောင် လောက်ဖြစ်ဖြစ် သက်ဆိုင်ရာက ထုတ်ပေးရင် ကျေနပ်မယ်ပေါ့။ အဲဒီလိုပြောကြတယ်’’ ဟု မင်း ပြားမြို့နယ်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်ဦးလှသိန်းအောင် ကပြောသည်။

စပါးထားအပါအ၀င် အနီး ၀န်းကျင်ရှိရွာသားများ လယ် ယာလုပ်ကိုင်ရမည့်အချိန်ရောက်  ပြီဖြစ်သော်လည်း မပေါက်သေး  သည့် လက်နက်ကြီးကျည် အန္တရာယ်အပါအ၀င် လုံခြုံရေး စိတ်ချရမှုမရှိသဖြင့် ယခုအချိန် အထိလုပ်ကိုင်ခြင်း မပြုရသေး ကြောင်း ဒေသခံများကပြော သည်။

‘‘လယ်ထွန်ဖို့အတွက် အ ပြင်ကိုမထွက်ရဲကြဘူး။ ဥယျာဉ် ခြံမြေတွေကိုလည်း မ၀င်ရဲကြ ဘူး။ မိုင်းကျန်ခဲ့ရင် ပြည်သူတွေ၊  ကျွဲ၊ နွားတွေအတွက် အန္တရာယ်ရှိ တဲ့အတွက် အမြန်ဆုံး ရှင်းလင်းဖို့ လိုတယ်’’ ဦးလှသိန်းအောင်က ပြောသည်။

လယ်ယာလုပ်ငန်းကိုသာ   လုပ်ကိုင်သူများဖြစ်သဖြင့် လယ် ယာအချိန်မီလုပ်ကိုင်နိုင်ခြင်း မ ရှိပါက စာရေးသောက်ရေးအ ခက်အခဲရှိမည်ဖြစ်ကြောင်း စပါး ထားကျေးရွာဒေသခံများက ပြော ကြသည်။

‘‘လယ်ထွန်ဖို့အတွက် သွား ချင်ပေမယ့် မသွားရဘူး။  လယ် မလုပ်ရမှာကိုစိုးရိမ်တာပေါ့။ လယ်လုပ်ပြီး စားလို့နေတဲ့ပုဂ္ဂိုလ် တစ်ယောက်ပါ’’ ဟု စပါးထား ကျေးရွာမှ ထွက်ပြေးကာမင်းပြား မြို့ပေါ်စစ်ဘေးရှောင်စခန်း၌ ခို လှုံနေရသည့် ဦးစိန်ရွှေဖြူကပြော သည်။

စပါးထားကျေးရွာဒေသခံ များ ထွက်ပြေးနေစဉ်အတွင်း ၎င်း တို့ ၏ နေအိမ်များရှိ ရွှေ၊ ငွေ၊ အ ၀တ်များ အပါအ၀င် အခြား ပစ္စည်းများ ပျောက်ဆုံးခဲ့ကြောင်း ရွာသားများက ဇွန်လ ၁၄ ရက် တွင်ပြုလုပ်သည့် သတင်း စာရှင်း လင်းပွဲ၌ ပြောသည်။

‘‘ပိုက်ဆံတွေရော၊ ဆိုင်က ပစ္စည်းတွေရော အကုန်လုံးယူ သွားကြတယ်။ အကုန်လုံး ၂၅  သိန်းဖိုးလောက်ရှိတယ်’’ ဟု စပါး ထားကျေးရွာမှ ကုန်စုံဆိုင်ရောင်း ချသူတစ်ဦးကပြောသည်။ ဆန်၊  ဆီ၊ ဆားစသည်တို့လည်းပျောက် ဆုံးသည့်အပြင် ထမင်းအိုး၊ ဟင်း အိုးများလည်း ပျောက်ဆုံးသည် ဟုဆိုသည်။

ရွာသားများ ထွက်ပြေးနေစဉ် ပျောက်ဆုံးခဲ့သည့် ပစ္စည်းများ၏ တန်ဖိုးကျပ်သိန်းတစ်ရာခန့်ရှိနိုင်ကြောင်း ဦးလှသိန်းအောင်ကဆိုသည်။

စပါးထားကျေးရွာအနီးမြှုပ် ထားသည့် အလောင်းများပေါ်နေ သည်ကိုလည်းတွေ့ရပြီး ထိုအ လောင်းများကိုရှင်းလင်းပေးရန် လိုကြောင်း ဦးလှသိန်းအောင်က ပြောသည်။ စပါးထားဖြစ်စဉ်နှင့် ပတ်သက်၍တွေ့ရှိချက်များကို အစီရင်ခံစာရေးသားကာ ရခိုင် ပြည်နယ်လွှတ်တော်နှင့် အစိုးရ အဖွဲ့ထံတင်ပြမည်ဟု ၎င်းက ဆိုသည်။

စပါးထားရွာသားများပြော ကြားချက်နှင့် ပတ်သက်၍ ‘‘အဲဒါ တော့ ကျွန်တော်ဘာမှမသိသေး ဘူးခင်ဗျ။ ကျွန်တော်လည်း ဟို ဟာဖြစ်ကြည့်လိုက်ပါဦးမယ်။   ဘာမှမသိသေးဘူးခင်ဗျ။ ဂဃန ဏဘာမှမသိသေးဘူး’’ ဟု အ နောက်ပိုင်းတိုင်း စစ်ဌာနချုပ်ပြော ရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်း ဇော်ဦးက ပြောသည်။

No comments:

Post a Comment