Saturday, June 15, 2019

ဆာရီပြောင်းရွှေ့ရန် ဂျူဗင်တပ်နှင့်ချယ်လ်ဆီး သဘောတူညီမှုရရှိ

မော်ရီဇီယိုဆာရီ စီးရီးအေချန်ပီယံအသင်းသို့ ပြောင်းရွှေ့ရေးချယ်လ်ဆီးအသင်းနှင့်မူအားဖြင့် သဘောတူညီချက်ရရှိခဲ့သည်ဟု ဘီဘီစီနှင့် စကိုင်းအီတလီရုပ်သံတို့က ပြောကြားသည်။ ယင်းသဘောတူညီချက်နှင့် ပတ်သက်၍ ကလပ်အသင်းနှစ်ခုစလုံးနှင့် ဆာရီထံမှ အတည်ပြု ချက်မရရှိသော်လည်းချယ်လ်ဆီး နှင့် ယူရိုပါလိဂ်ရရှိခဲ့သော ဆာရီသည် ဂျူဗင်တပ်နှင့်သုံးနှစ်စာချုပ်ချုပ်ဆိုမည်ဟု မျှော်လင့်ရသည်။ ဂျူဗင်တပ်မန်နေဂျာ အယ်လီဂရီသည် ရာသီကုန်ကအသင်းမှ ထွက်ခွာခဲ့ပြီး စာချုပ်နောက်ဆုံးနှစ်တွင် ထွက်ခွာသည့် ဆာရီအတွက် ချယ်လ်ဆီးက လျော်ကြေး လိုချင်ခဲ့သည်။



  လျော်ကြေးပေါင် ငါးသန်းကို ချယ်လ်ဆီးနှင့် ဂျူဗင်တပ်ကြား သဘောတူခဲ့ပြီး ဂျူဗင်တပ်က  ဆာရီအား မကြာမီ တရားဝင်မိတ်ဆက်ဖွယ်ရှိသည်ဟု ဘီဘီစီနှင့်စကိုင်းအီတလီတို့က ဖော်ပြသည်။

ဆာရီသည် ၂၀၁၈ ဇူလိုင်က နာပိုလီမှ ချယ်လ်ဆီးသို့ ရောက်လာပြီး အသင်းကို ပရီးမီးယားလိဂ် တတိယနေရာနှင့် ယူရိုပါလိဂ်ချန်ပီယံဖြစ်အောင် စွမ်းဆောင်ခဲ့ သည်။

သို့သော် ဆာရီသည် ၎င်း၏ နည်းဗျူဟာ၊ လူရွေးချယ်မှုနှင့် ပတ်သက်၍ ပရိသတ်များ၏ ကန့်ကွက်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ချယ်လ်ဆီးပိုင်ရှင် ရိုမန်အေဘရာမိုဗစ်ခ်ျလက်အောက်မှ ထွက်ခွာသည့် ကိုးဦးမြောက် မန်နေဂျာဖြစ်လာသည်။

No comments:

Post a Comment