Saturday, June 15, 2019

တက္ကသိုလ် ၂၂ ခု၏ ဝင်ခွင့်အား အဆင့်မြင့် ပညာဦးစီးဌာနမှ ပြန်လည်စိစစ် ရွေးချယ်မည်

၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ် တွင် တက္ကသိုလ် ၂၂ ခု၏ ဝင်ခွင့်အား အဆင့်မြင့်ပညာဦးစီးဌာန၊ တက္ကသိုလ် ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့မှ ပြန် လည်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။  တက္ကသိုလ်ဝင်ခွင့် ရွေးချယ်မှု ကတ်ပြားများကို ဇွန်လ ၂၆ ရက်မှ ဇူလိုင်လ ၂ဝ ရက်အတွင်း တင်သွင်း ရမည်ဖြစ်ပြီး တိုက်ရိုက်ခေါ်ယူသည့် တက္ကသိုလ်များ၏ ဝင်ခွင့်စာရင်းကို သြဂုတ်လ ၁၅ ရက်တွင် ကြေညာ မည်ဖြစ်ကာ အဆင့်မြင့်ပညာဦးစီးဌာ န၊ တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ် ရေးအဖွဲ့က ရွေးချယ်သည့် ဝင်ခွင့် စာရင်းများသည် ဒီဇင်ဘာလမတိုင်မီ ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ် ကြောင်း သိရသည်။ 

''တိုက်ရိုက်ခေါ်တဲ့ တက္ကသိုလ် တွေလည်းလျှောက်ပေါ့။ ဝင်ခွင့်လမ်း ညွှန်မှာလည်း ထပ်လျှောက်ဖို့လို တယ်။ အကယ်၍ ကိုယ်က ဟိုဘက် တွေမှာ မရခဲ့ဘူးဆိုတာမျိုး ဖြစ်လာ ရင် ဒီဘက်ကလျှောက်တဲ့ တက္က သိုလ်က ဝင်ခွင့်ရထားရင် အဆင်သင့် တာပေါ့''ဟုအဆင့်မြင့်ပညာဦးစီးဌာ နမှ တာဝန်ရှိသူတစ်ဦးက အကြံပြု ပြောကြားထားသည်။ 
တက္ကသိုလ်ဝင်ခွင့်ခေါ်ယူမှုနှင့် ပတ်သက်၍ တောင်ကြီးမြို့နေ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားတစ်ဦးက ''ကျွန်တော့်အနေနဲ့ကတော့ တိုက်ရိုက်ခေါ်တဲ့ တက္ကသိုလ်တွေကိုလည်း လျှောက်မယ်။ ဝင်ခွင့်လမ်းညွှန်မှာလည်း ထပ်လျှောက်မယ်။ တကယ်လို့ဟိုဘက် မှမရခဲ့ ဘူးဆိုရင် ဒီဘက်ကလျှောက်တဲ့ တက္ကသိုလ်က ဝင်ခွင့်ရတော့ အဆင်ပြေတာပေါ့''ဟု ¤င်း၏အမြင်ကို ပြောဆိုခဲ့သည်။
ရှမ်းပြည်နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/ ကျောင်းသူများအနေဖြင့် တက္ကသိုလ်ဝင်ခွင့် ရွေးချယ်မှုကတ်များကို တောင်ကြီးတက္ကသိုလ်၊ လားရှိုးတက္ကသိုလ်နှင့် ကျိုင်းတုံတက္ကသိုလ်တို့တွင် တင်သွင်းရမည်ဖြစ်သည်ဟု သိရ သည်။  ယင်းဝင်ခွင့်ကတ်ပြားများကို သတ်မှတ်ရက်ကျော်လွန်မှ လျှောက် ထားသူများသည် အဆင့်မြင့်ပညာ ဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ သထုံလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့သို့ ပေးပို့လျှောက်ထားရမည်ဖြစ်ပြီး တက္ကသိုလ်များမှ လက်ခံနိုင်သည့် အရေအတွက်အတိုင်း တက္ကသိုလ်ဝင် စာမေးပွဲရမှတ်အပေါ်တွင် အခြေခံ၍ ယှဉ်ပြိုင်သည့်စနစ်ဖြင့် လူဦးရေစိစစ် လက်ခံသွားမည်ဟု သိရသည်။  အဆိုပါ ဝင်ခွင့်သင်တန်း ပယ်ချခံရသော လျှောက်လွှာများကို ဝင်ခွင့်ချပေးမည်မဟုတ်ဘဲ အသနားခံစာတင်မှသာ တက္ကသိုလ်များတွင် နေရာရှိပါက လက်ခံရန် စဉ်းစားပေး မည်ဖြစ်သည်။ တက္ကသိုလ်ဝင်ခွင့် အမှတ်များအား နှစ်စဉ်နှစ်တိုင်း ပညာရေးဝန်ကြီးဌာနမှ ကြိုတင် သတ်မှတ်ထားခြင်းမရှိဘဲ ကျောင်း သား/ ကျောင်းသူများ၏ ဝင်ခွင့် တောင်းဆိုမှုအပေါ် မူတည်ကာ တက္ကသိုလ်ဝင်ခွင့်အမှတ် သတ်မှတ် ခြင်းဖြစ်သည်ဟု သိရသည်။ ရှမ်းပြည်နယ်တစ်ခုလုံးတွင် ၂ဝ၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/သူ စုစုပေါင်း ၅၆၅၅၈ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ကျောင်း သား/သူ ၁၅၉၈ဝ ဦး အောင်မြင်ခဲ့ ကြောင်း သိရသည်။

No comments:

Post a Comment