Saturday, June 15, 2019

ထိုင်းနိုင်ငံက နာမည်ကြီး မင်းသမီး ဘာရောဂါမှမရှိ ကျန်းမာရေးကောင်းနေရာကနေ ရုတ်တရက် သေဆုံး

ထိုင်း TV နဲ့  ရုပ်ရှင်သရုပ်ဆောင် နမ့်(မ)သန် သစတား (သကြား ကြယ်ပွင့်လေး)အသက်( ၂၈) နှစ်ဟာ ဘာရောဂါမှမရှိ ကျန်းမာရေးကောင်းနေရာကနေ နှာခေါင်းနဲ့  ပါးစပ်ကနေ သွေးယိုစိမ့်ထွက်လာပြိး သတိလစ်သွားခဲ့လို့ အရေးပေါ်ဆေးရုံတင်ခဲ့ရပြီးသုံးရက်အကြာမှာ သေဆုံးသွားခဲ့ပါတယ်။ နာမည်အရင်း ဘူစဒါ ထောင်ကြူ ဖြစ်ပါတယ်။ နမ့်သန်(မချို)နာမည်နဲ့  အနုပညာလောကကို ၀င်ရောက်လာလို့  ဒီနာမည်တွင် လူသိများပြီး အနုပညာအသိုင်းအ၀န်းက သူမကို ချစ်ခင်သူများပါတယ်။ခုလို မြန်မြန်ေ သဆုံးရတာကို အံ့သြနေကြသလို စီရီလ ဆေးရုံက ဆရာဝန်တွေကလည်း သူမဘာကြောင့် သေဆုံးရတယ်ဆိုတာ စစ်ဆေးနေဆဲပါ။


ဇွန်လ ၁၁ ရက်နေ့  မနက်ပိုင်းက သူမနေထိုင်နေတဲ့ စမုစာခွန်နေအိမ်မှာ မိခင်ဖြစ်သူကို အမေရယ် သမီးနှာခေါင်းသွေးရှန်နေတယ်လို့  အသိပေးပြီး သွေးတွေစီးကျလာတာဟာ မရပ်သွားပဲ ဆက်တိုက် နှာခေါင်းနဲ့  ပါးစပ်ကနေဒလဟော ထွက်လာနေရင်း သတိမေ့သွားခဲ့ပါတယ်။

သူမလို ဖြစ်ရပ်မျိုး ထိုင်းနိုင်ငံ သူမအပါအ၀င် သုံးဦးသာရှိတယ်လို့  သိရပါတယ်၊ အရေးပေါ်ခန်းရောက်တဲ့အချိန်မှာ မင်းသမီးဟာ သွေးထွက်လွန် ဒဏ်ကြောင့် အသဲတခြမ်းပျက်စီးသွားပြီး ဦးနှောက်ရောင်နေတယ်။ ဦးနှောက်အတွင်းက ဆဲလ်တွေပျက်စီးနေပြီး ဖြစ်တယ်။ သတိလည်း ပြန်လည်မလာတော့ပဲ ကိုးမားCOMA ဖြစ်နေပြီလို့  ဆေးမှတ်တမ်းတွေအရ သိရပါတယ်။

ဘန်ကောက်က နာမည်ကြီး စီရီလ ဆေးရုံအရေးပေါ်လူနာဆောင်မှာ ဆရာဝန်ကြီးတွေဟာ သူမအသက်ကယ်တင်ဘို့  အစွမ်းကုန် ကုသခဲ့ကြပါတယ်။ ဇွန်လ ၁၄ရက် နေ့ လည် နှစ်ရီနှာတော့ သူမသေဆုံးသွားကြောင်းကို တရားဝင် သတင်းစာရှင်းခဲ့ပါတယ်။

No comments:

Post a Comment