Saturday, June 15, 2019

နေအိမ်အတွင်း တီဗွီကြည့်နေစဉ် ဓါးဖြင့် အထိုးခံရ

နေအိမ်အောက်ထပ်ဧည့်ခန်းတွင် တီဗွီကြည့်နေသည့် အသက် ၅၀ ကျော်အရွယ် အမျိုးသမီးဆရာဝန်တစ်ဦး ဓါးဖြင့်အထိုးခံရမှု ဇွန်လ ၁၂ ရက် ည ၁၀နာရီကျော်အချိန်က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၂၈လမ်း၊ ၇၉×၈၀လမ်းကြားရှိ သားဖွားဝင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဆရာဝန်အမျိုးသမီးသည် ခင်ပွန်းဖြစ်သူနှင့်အတူ နေအိမ်အောက်ထပ်ဧည့်ခန်း ဝင်ပေါက်တံခါးအနီးတွင် တီဗွီကြည့်နေစဉ် မင်းစိုးမိုး(ခ)ဒီလုံး ဆိုသူမှ အရိုးအသွား (၁၁)လက်မခန့်ရှိ ဓါးဦးချွန်ဖြင့်ထိုးကာ ထွက်ပြေးသွားသဖြင့်
ဝဲဘက်ရင်အုံတွင် ထိုးသွင်းဒဏ်ရာ တစ်ချက်ရရှိခဲ့ပြီး ဆေးရုံကြီးသို့ ပို့ဆောင်ကာ အတွင်းလူနာအဖြစ် ဆေးဝါးကုသမှု ခံယူနေရသဖြင့် သမီးဖြစ်သူက ရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ အမှတ်(၈) မြို့မရဲစခန်းမှ ထိုးသွင်းဒဏ်ရာရရှိအောင် ဓါးဖြင့်ထိုးခဲ့သူ မင်းစိုးမိုး (ခ)ဒီလုံး၃၃နှစ်၊ (ဘ)ဦးကြည်စိုး၊ ဆိုင်ကယ်ကယ်ရီမောင်း၊ ၈၇လမ်း၊ ၂၈x၂၉လမ်းကြား၊ သီရိဟေမာအရှေ့ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်နေသူအား (ပ)၅၃၇/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၅၂/၃၂၆ဖြင့် အမှုဖွင့် အရေးယူစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

No comments:

Post a Comment