Saturday, June 15, 2019

ဘာသာ သာသနာကို ဘယ်လိုကာကွယ်စောင့်ရှောက်မလဲ

ကျောင်းတိုက်မှ  အပြင်သို့  ထွက်ရန် ဆရာတော်အရှင် ထာဝရအဝါရောင်သင်္ကန်းကို  ရှာဖွေ နေသည်။ ပုံမှန်အားဖြင့် အနီ ရောင်သင်္ကန်းကိုသာ ဝတ်ရုံလေ့ ရှိသော အရှင်ထာဝရမှာ ယခု နောက်ပိုင်းတွင်တော့ အဝါရောင် သင်္ကန်းကို မဖြစ်မနေဝတ်ရုံနေရ ပါသည်။ နော်ဝေးနိုင်ငံ အော်စလို မြို့ရှိ ဓမ္မသုခကျောင်းတိုက်ဆရာ တော် အရှင်ထာဝရ အပြင်ထွက် သည့်အခါတိုင်း လုပ်ဆောင်နေရ သောအရာဖြစ်သည်။ 

၂၀၁၂ ရခိုင်ပြည်နယ် ကျောက်နီမော် ပဋိပက္ခကအစပြု ဖြစ်ပွားခဲ့သော ဘာသာရေး၊ လူ မျိုးရေးပြဿနာ၊ ၂၀၁၃ မတ်လ တွင်ဖြစ်ပွားသော မိတ္ထီလာမြို့မှ ဘာသာရေး၊ လူမျိုးရေးအဓိက ရုဏ်း၊ ဥက္ကံ၊ လားရှိုး၊ မန္တလေးစ သော ဒေသအချို့တွင်ဖြစ်ပွားခဲ့ သော အဓိကရုဏ်းများနှင့်သံဃာ အချို့၏အမုန်းစကားနှင့်  အပြုအ မူများကြောင့် ဥရောပတိုက်အ တွင်း မြန်မာသံဃာတော် အချို့  ရန်ပြုခြိမ်းခြောက်ခံခဲ့ရပါသည်။  ယင်းနောက်ပိုင်းတွင်တော့ပြည်ပ ရောက် မြန်မာသံဃာတော်များ  ရုံလေ့ရှိသည့် အနီရောင်သင်္ကန်း အစား ထိုင်းဘုန်းတော်ကြီးများ ရုံလေ့ရှိသော အဝါရောင်သင်္ကန်း ကို အရှင်ထာဝရက ပြောင်းလဲရုံ နေရခြင်းဖြစ်သည်။

 အကြောင်းမှာ အနီရောင် သင်္ကန်းကို မြင်တွေ့ရုံဖြင့် မြန်မာ ဘုန်းကြီးများဟု သိသာစေသဖြင့် ရန်ပြုတိုက်ခိုက်ခံရလေ့ရှိ၍ ယင်း အန္တရာယ်ကိုရှောင်လွှဲရန် အ၀ါ ရောင်သင်္ကန်းကို ပြောင်းလဲဝတ်ရုံ နေရခြင်းဖြစ်သည်။

‘‘အနီရောင် ဝတ်လာရင် ဘယ်နိုင်ငံက ဘုန်းကြီးလဲ မေး တယ်။ အဝါရောင်ဝတ်လာရင် မမေးတော့ဘူး’’ဟု  သက်တော်(၃၅)နှစ် ဝါတော် (၁၅)ရှိ ဆရာတော် အရှင်ထာဝရက ဥရောပတွင် မြန်မာသံဃာတော်များ ကြုံတွေ့နေရသည့် အခက်အခဲကို ဖွင့်ဟမိန့်ကြားသည်။

ပြည်ပတွင် သံဃာတော်များ  ယင်းသို့အခက်အခဲရင်ဆိုင်ကြုံ တွေ့နေရသလိုပြည်တွင်း၌လည်း  သံဃာတော်အချို့၏ ဆောင်ရွက် မှုနှင့်ပတ်သက်၍ အငြင်းပွားမှု၊ မေးခွန်းထုတ်မှုများလည်း ရှိလာ သည်။

ဗုဒ္ဓဘာသာအပေါ် မေးခွန်းထုတ် ခံရခြင်း၏ အစ

အနီးစပ်ဆုံးကာလကို လှမ်း ကြည့်ပါက ၂၀၀၇ ရွှေဝါရောင် သံဃာ့အရေးအခင်းသည် သံဃာ တော်များ၏ ငြိမ်းချမ်းမှုနှင့်မေတ္တာ တရားရှေ့ထားမှုများကို သိသာ ထင်ရှားစေခဲ့သည်။ ယင်းဖြစ်စဉ် က ဘုရားသားတော်သံဃာတော် များ၏ မေတ္တာဖြင့်ရင်ဆိုင်ဖြေရှင်း ခြင်းကို နိုင်ငံတကာသတင်းဌာန များ၌ ကောင်းသတင်းအဖြစ် နေရာယူခဲ့သည်။ သံဃာတော် များနှင့် ဗုဒ္ဓဘာသာပုံရိပ်မှာလည်း နိုင်ငံတကာတွင် ကောင်းသတင်း ဖြင့် ထင်ရှားခဲ့သည်။

သို့သော်လည်း ၂၀၁၂ မေ လတွင် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ နယ် ကျောက်နီမော်တွင် မသီတာ ထွေးသတ်ဖြတ်ခံရပြီး နောက် ဆက်တွဲပေါ်ပေါက်လာသောဘာ သာရေး၊ လူမျိုးရေးပဋိပက္ခ၊ မိတ္ထီ လာနှင့် အချို့ဒေသများရှိ အဓိက ရုဏ်းများအပါအ၀င် လက်ရှိအ ချိန်အထိ သင်္ကန်းဝတ်သံဃာအ ချို့၏ အမုန်းစကားဟောပြောမှု များကြောင့် ဗုဒ္ဓသာသနာ၏ ပုံရိပ် သည် မကောင်းသတင်းအဖြစ် တံဆိပ်ကပ်ခံရသည်တို့ ရှိလာ သည်။

အမျိုးသားရေးဆရာတော် ဟု ၎င်းကိုယ်ကိုယ်ကင်ပွန်းတပ် ထားသော မန္တလေးမြို့ မစိုးရိမ် ကျောင်းတိုက်မှ ဦးဝီရသူခေါင်း ဆောင်သော ၉၆၉ လှုပ်ရှားမှု သည် ၂၀၁၃ တွင် စတင်ပေါ် ပေါက်ခဲ့ပြီး ယင်းအမျိုးသားရေး လှုပ်ရှားမှုသည် ဗုဒ္ဓသာသနာကို ရေရှည်ထိန်းသိမ်းနိုင်ရေးထက် နိုင်ငံတစ်ဝန်းရှိ ဘာသာခြားများ အပေါ်ခွဲခြားမှုက ပိုမို ဖြစ်စေ ကြောင်း ရှုမြင်ဝေဖန်သူများလည်း အများအပြားရှိခဲ့သည်။

တစ်ချိန်တည်းတွင် အဆိုပါ  ၉၆၉ အမျိုးသားရေးလှုပ်ရှားမှုကို  အမျိုးဘာသာ၊သာသနာကိုစောင့် ရှောက်မှု၊ ဗုဒ္ဓသာသနာတည်တံ့ စေရန်လုပ်ဆောင်မှုဟု ထောက်ခံ သူများလည်း များစွာရှိခဲ့သည်။ ယင်းအချိန်က ရန်ကုန်မြို့ရှိလူနေ တိုက်ခန်းများ၊ ခြံဝင်းတံခါးများ တွင် ၉၆၉ အမှတ်တံဆိပ်ကို ကပ် နှိပ်ထားခြင်းဖြင့် အမျိုးသားရေး လှုပ်ရှားမှုကို ထောက်ခံခဲ့ကြ သည်။

 ထိုစဉ်က ဗိုလ်ချုပ်ကြီး ဟောင်း ဦးသိန်းစိန်ခေါင်းဆောင် သည့် အရပ်သားတစ်ဖြစ်လဲအစိုး ရ၏လက်ထက်ဖြစ်ပြီး  အထက်ပါ အမျိုးသားရေးလှုပ်ရှားမှုများကို  အရေးယူဆောင်ရွက် ခြင်းမရှိခဲ့ပေ။ ယင်းနောက် ၉၆၉ အမျိုး သားရေးလှုပ်ရှားမှုကိုအခြေခံကာ  သံဃာတော်များဦးဆောင်သည့် မဘသဟု ထင်ရှားသောအမျိုး ဘာသာသာသနာ ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ဟူ၍ ထပ် မံပေါ်ပေါက်လာခဲ့သည်။

အမျိုးသားရေးဝါဒီမဘသ အဖွဲ့ဟု လူသိများသည့်မဘသ (သာသနာ့ ဝံသပါလအဖွဲ့)ကို အင်းစိန်မြို့နယ် ရွာမပရိယတ္တိစာ သင်တိုက်နှင့် အောင်ဆန်းတပ်ဦး တောရမိုးကုတ်ဝိပဿနာ ဓမ္မရိပ် သာတို့၌ ၂၀၁၃ ဇွန်လ ၂၇ ရက် က ကျင်းပသော အင်းစိန်သံဃာ့ ညီလာခံကြီးတွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံဒေသအ သီးသီးမှ ကြွရောက်လာကြသော သံဃာတော်အပါး ၁,၃၅၀ ကျော် တို့၏ တညီတညွတ်တည်း သ ဘောတူညီအတည်ပြုချက်ဖြင့် ရဟန်းသံဃာ၊ လူပုဂ္ဂိုလ်များဖြင့်  ပါဝင်ဖွဲ့စည်းခဲ့သည်။

မဘသအဖွဲ့ကို အမျိုးသား ရေး၊ ဘာသာသာသနာရေးအကျိုး ကို သယ်ပိုးရန်ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့ကြောင်း ဦးဆောင်ဆရာ တော်များက မိန့်ကြားခဲ့သည်။


သံဃာအပါး ၁၈,၀၀၀ ဖြင့် ရွှေတိဂုံစေတီတော် ဗုဒ္ဓါဘိသေက အနေကဇာတင်မဟာမင်္ဂလာကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်က ပြုလုပ်ခဲ့သည်။ (ဓာတ်ပုံ − ရွှေအင်းသားခင်မောင်ဝင်း)

သို့သော် မဘသဆရာတော်တစ်ပါးဖြစ်သည့် ဦးဝီရသူ၏  ဟောပြော ရေးသားချက်များနှင့်အတူ မဘသအဖွဲ့ပေါ် ပေါက်လာပြီးနောက်ပိုင်း ရန်ကုန်အပါအဝင် နေရာအနှံ့ဖြစ်ပွားခဲ့သည့် လူမျိုးရေး၊ ဘာသာရေးအသွင်ပဋိပက္ခများတွင်  မဘသပါဝင်ပတ်သက်နေကြောင်း စွပ်စွဲမှုများက ပြည်တွင်းကိုကျော်လွန်၍ နိုင်ငံတကာအထိ ပျံ့နှံ့ခဲ့သည်။ ထို့အပြင် မဘသအဖွဲ့သည်အစပိုင်းတွင် ရည်ရွယ်ချက်ကောင်းမွန်ခဲ့သော်လည်း နောက်ပိုင်းတွင် အတ္တများလာပြီး မဟနအဖွဲ့ကို ပင်ဂရုမစိုက်တော့ဘဲ လုပ်ချင်ရာ လုပ်လာသည့်အတွက် တားမြစ်လိုက်ခြင်းဖြစ်ကြောင်း နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ အကျိုးတော်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇမင်းကျောင်း၊ ပထမပြန်စာ သင်တိုက်ဆရာတော် ဘဒ္ဒန္တ စန္ဒိမာဘိဝံကမိန့်သည်။

ထို့ကြောင့် မြန်မာနိုင်ငံအနှံ့ အပြားစိုက်ထူထားသော မဘသ အဖွဲ့ဆိုင်းဘုတ်များကို ၂၀၁၇ ဇူ လိုင် ၁၅ ရက်နောက်ဆုံးထား ဖယ်ရှားရန် မဟနက ၂၀၁၇  မေလ ၂၃ ရက်စွဲဖြင့် ထုတ်ပြန်  ၍ မဘသကို ဇာတ်သိမ်းခဲ့သည်။

အမျိုးသားရေးလှုပ်ရှားမှုများ၏ အကျိုးသက်ရောက်မှု

မြန်မာနိုင်ငံတွင် ဘာသာ ရေး၊ လူမျိုးရေးအကြမ်းဖက်မှုများ နှင့် အမုန်းစကားပြောဆိုမှုများ၏  ရိုက်ခတ်မှုအဖြစ် မလေးရှားနိုင်ငံ တွင်  သွားရောက်အလုပ်လုပ်ကိုင် နေသော မြန်မာလုပ်သားများပါ အကျိုးဆက်ကို ကြုံရသည်။

၂၀၁၃ က မလေးရှားနိုင်ငံ ဆာလာရန်းတွင် မလေးရှား ရောက် မြန်မာနိုင်ငံသား ၃၀ ခန့်  အသတ်ခံရပြီး အမျိုးသမီးငါးဦး  အုပ်စုဖွဲ့မုဒိမ်းကျင့်ခံရကာ အုပ်စု ဖွဲ့တိုက်ခိုက်ခံရမှု ငါးကြိမ်အထိ ဖြစ်ပွားခဲ့သည်။ ထို့နောက်ပိုင်း တွင်လည်း မြန်မာလုပ်သားများ  တိုက်ခိုက်ခံရမှုက ဆက်တိုက်ဆိုသလို  ဖြစ်ပွားခဲ့သည်။

၂၀၁၇ အောက်တိုဘာ ၁၉ ရက်ကလည်း မလေးရှားနိုင်ငံ ပီ နန်မြို့ မေတ္တာနန္ဒဝိဟာရကျောင်း တိုက်တွင် ပြုလုပ်မည့်ကထိန်ပွဲသို့ သွားရောက်သော ရန်ကုန်မြို့မှ  သံဃာတော်နှစ်ပါးသည် မလေး ရှားနိုင်ငံသားအချို့၏ ကိုယ်ထိ လက်ရောက်တိုက်ခိုက်မှုများ ခံခဲ့ ရသည်။

ယခုနှစ် ဧပြီ ၂၈ ရက်က မန္တလေးမြို့ ကွန်ဗင်းရှင်းစင်တာ တွင် ပြုလုပ်သည့် ၂၀၁၉ ပြည်သူ့ ဂုဏ်ရည်ဆုပေးပွဲ အခမ်းအနား၌ မြန်မာသံဃာထုအတွက် ဝမ်း နည်းဖွယ်ရာသတင်းစကားကြား သိခဲ့ရသည်ဟု မန္တလေးမြို့ မြဝတီမင်းကြီး ကျောင်းတိုက် ဆရာတော်အရှင် အရိယဝံသာဘိဝံသက မိန့်ကြားသည်။

ယင်းဆုချီးမြှင့်ပွဲ အခမ်းအ နားကို အမေရိကန်နိုင်ငံမှ ကြွ ရောက်လာသည့် ဆရာတော်ဦးဝိ စာရက မိန့်ကြားခြင်းဖြစ်သည်ဟု  ဆိုသည်။ အခြားတော့မဟုတ်။  ဦးဝီရသူ၏ လုပ်ရပ်များကြောင့် ပြည်ပနိုင်ငံများသို့ ရောက်ရှိနေ သည့် သံဃာတော်များဗုဒ္ဓဘာသာ သင်္ကန်းဝတ်ဖြင့် အပြင်သို့မထွက် ရဲအောင်ဖြစ်နေပြီဟု အရှင်အရိ ယဝံသာဘိဝံသက မိန့်ကြားသည်။

‘‘သူတို့မှာ တော်တော်အထိ  နာနေပြီတဲ့။ အပြင်ကို ဒီသင်္ကန်း ဝတ်နဲ့ မထွက်ရဲဘူး ဖြစ်ကုန်ပြီတဲ့။  အဲဒီတော့ ကမ္ဘာမှာထိကို ညှိုးနွမ်း ကုန်ပြီ’’ ဟု ဆရာတော်က ဆက် လက်မိန့်ကြားသည်။

သံဃာတော်များ ရန်ပြုခြိမ်း ခြောက်ခံရမှုမှာ ဂျာမနီနှင့်ဒိန်း မတ်နိုင်ငံတို့တွင်လည်း ဖြစ်ပွားခဲ့ သည်ဟု ဆရာတော်အရှင်ထာဝရ က မိန့်သည်။ ၂၀၁၃တွင် ဒိန်းမတ် နိုင်ငံ၌ ဆွမ်းခံကြွသောသံဃာအ ချို့တိုက်ခိုက်ခံရပြီး ဂျာမနီနိုင်ငံ တွင်လည်း သံဃာတစ်ပါးရန်ပြုခံ ရသည်ဟုဆိုသည်။ ၎င်းကိုယ် တိုင်ပင် ဖုန်းဆက်၍ ခြိမ်းခြောက် ခံရသည်ဟု ဆရာတော်အရှင်ထာ ဝရက အတွေ့အကြုံကိုမိန့်သည်။

ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရန် ငြိမ်း ချမ်းရေးလုပ်ငန်းများ ဆောင်ရွက် နေသော မိတ္ထီလာမြို့ ရတနာဦး ကျောင်းတိုက် ဆရာတော်ဦးဝိ သုဒ္ဓက ‘‘ဗုဒ္ဓဘာသာဆိုတာ အ ကြမ်းဖက်ဝါဒလားဆိုပြီး ပြည်ပ သွားတဲ့အခါ ဘာသာရေးခေါင်း ဆောင်တွေက အမေးခံရတာရှိပါ တယ်။ ဗုဒ္ဓရဲ့သားတော် သံဃာ တော်တွေက ဒီလိုပဲလားဆိုပြီးမေး ပါတယ်။ စုန်းပြူးတွေပါလာတဲ့အ ခါ ပြဿနာတော့ရှိတာပေါ့။ အ ရင်က ဒီလိုစုန်းပြူးတွေမရှိဘူး လေ’’ ဟု မိန့်ကြားသည်။ ဆရာ တော်ဦးဝိသုဒ္ဓသည် ၂၀၁၃ မိတ္ထီ လာအဓိကရုဏ်းတွင် အစ္စလာမ် ဘာသာဝင် ၈၀၀ ကျော်ကို ကျောင်းတိုက်သို့ ခိုလှုံခွင့်ပေးခဲ့ပြီး အဆိုပါ ၈၀၀ ကျော်ကို သတ်လို သဖြင့် ထုတ်ပေးရန် တောင်းဆို သောအကြမ်းဖက်သမားများကို ရဲဝံ့ကာငြင်းဆန်၍ လူ ၈၀၀ကျော် အသက်ကို ကယ်တင်ခဲ့သော ဆရာတော်ဖြစ်ပြီး ကမ္ဘာ့သဟ ဇာတသင့်မြတ်ရေးဆု (World Har-mony Award)၊ လောက သာရနှင့် 7Day သူရဲကောင်းဆုတို့  ကို ရရှိထားသည်။

ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချနေသလား

တင်းကျပ်သော ဖိနှိပ်မှုများ ဖြင့် စစ်အစိုးရလက်ထက်မှာပင်  အမျိုးသားရေး လှုပ်ရှားမှုအချို့ရှိ ခဲ့ပါသည်။ သို့သော် သမ္မတဦး သိန်းစိန်လက်ထက် ရခိုင်ပြည် နယ်က အစပြုခဲ့သော လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းဖြစ်စဉ် များအပြီးတွင်မူ မြန်မာနိုင်ငံ၌ အ မျိုးသားရေး ကြွေးကြော်သံများ ပိုမိုကျယ်လောင်ခဲ့သည်။

ထိုစဉ်က အာဏာရပြည်ခိုင် ဖြိုးပါတီနှင့် အစိုးရတို့ကိုယ်တိုင် ကပင် အမျိုးသားရေးအသားပေး သော ဆောင်ပုဒ်များကိုလက်ကိုင် ပြုခဲ့သည်။ ကန့်ကွက်မှုများကြားမှ  မျိုးစောင့်ဥပဒေလေးရပ်ကို အ တည်ပြု ပြဋ္ဌာန်းနိုင်ခြင်းကိုပင် ပြည်ခိုင်ဖြိုး ဦးဆောင်သောအစိုးရ နှင့် လွှတ်တော်တို့၏အမျိုးသား ရေးဆိုင်ရာ အောင်မြင်မှုတစ်ခုအ ဖြစ် ညွှန်းဆိုခဲ့သည်။

ထို့နောက် ၂၀၁၅ ရွေး ကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ က အမျိုးသားရေးကြွေးကြော်သံများဖြင့် မဲဆွယ်စည်းရုံးခဲ့သည်။ ရွေးကောက်ပွဲမဲဆွယ်ကာလတွင်  မဘသအဖွဲ့ဝင် သံဃာတော်များ၊ လူပုဂ္ဂိုလ်များနှင့် အမျိုးသားရေး အောင်ပွဲများ နိုင်ငံတစ်ဝန်းကျင်းပ ကာ ပြည်ခိုင်ဖြိုးပါတီကို ထောက် ခံမဲပေးရန် ကူညီစည်းရုံးမှုများရှိခဲ့ သည်။

ယင်း၏ အခြားတစ်ဖက်တွင် မူ ဒေါ်အောင်ဆန်းစုကြည်နှင့်၎င်း ဦးဆောင်သော ဒီချုပ်ပါတီသည်  လူမျိုးရေး၊ဘာသာရေးအရ ထိုး နှက်မှုနှင့် အမျိုးသားရေးကို လျစ် လျူရှုကြောင်း ပုံဖော်တိုက်ခိုက်မှု များကို ရင်ဆိုင်ခဲ့ရသည်။ ထို့ ကြောင့် နိုင်ငံရေးတွင်ဘာသာရေး ကို အသုံးချမှုရှိ၊မရှိ တုံ့ပြန်ဝေဖန် မှုများလည်း ထွက်ပေါ်လာသည်။

လက်ရှိ အစိုးရလက်ထက် အမျိုးသားရေးဟု ကြွေးကြော် သည့် သံဃာတော်များ၊လူပုဂ္ဂိုလ် များနှင့် အစိုးရကြားပဋိပက္ခများ သည် ဘာသာရေးနှင့် နိုင်ငံရေး ရောထွေးခြင်းကြောင့် ပေါ်ပေါက် လာခြင်းဖြစ်ကြောင်း နိုင်ငံရေး လေ့လာစောင့်ကြည့်သူများက သုံးသပ်သည်။

‘‘လွတ်လပ်ခွင့်တွေရှိလာရင်  အမျိုးသားရေးလို့ပြောတဲ့ လူမျိုး ရေး၊ ဘာသာရေးကိစ္စတွေက ထိပ်တန်း ပြန်တက်လာကြတာ ပေါ့’’ဟု နိုင်ငံရေးသုတေသီဒေါက် တာတင်မောင်သန်းက မှတ်ချက် ပြုသည်။

ကမ္ဘာ့နိုင်ငံအချို့တွင်လည်း  အမျိုးသားရေး ကြွေးကြော်လှုပ် ရှားမှုများရှိသော်လည်း မြန်မာနိုင် ငံတွင်မူ လူမျိုးရေး၊ ဘာသာရေး လှုံ့ ဆော်မှုဆန်သော ဆောင်ရွက် ချက်များကို  အမျိုးသားရေးခေါင်း စဉ်အောက်မှ လုပ်ဆောင်နေ သည်ဟု ယူဆရကြောင်း ၎င်းက သုံးသပ်သည်။

‘‘ဘာသာရေးကို နိုင်ငံရေး အရ၊စီးပွားရေးအရ၊လူမှုရေးအရ  လက်နက်ကိရိယာလိုမျိုးသုံးတာ ဟာ ကမ္ဘာနဲ့တစ်ဝန်းပဲ။ အဲဒါက ကျွန်မတို့ ဗုဒ္ဓဘာသာနိုင်ငံတွေမှာ မှ မဟုတ်ဘူး’’ဟု စာရေးဆရာမ  မသီတာ(စမ်းချောင်း)က ပြော  သည်။

ယင်းအခြေအနေကို တွန်း လှန်ရန် တစ်ဦးတစ်ယောက်၊ အ ဖွဲ့အစည်းတစ်ရပ်တည်းဖြင့် ဖြေ ရှင်းနိုင်မည်မဟုတ်ဘဲ လူတစ်ဦး ချင်းစီက မိမိတို့ကိုးကွယ်ရာဘာ သာတရား၏ အဆုံးအမအတိုင်း လိုက်နာကျင့်ကြံဆောင်ရွက်ရ မည်ဖြစ်ကြောင်း ၎င်းက အကြံပြု သည်။

  ‘‘တိုင်းပြည်တကယ် တိုး တက်ချင်တယ်ဆိုရင် နိုင်ငံရေးမှာ ဘာသာရေးနဲ့ အသုံးမချဖို့လို တယ်။ ဒါက နိုင်ငံအတွက်လည်း မကောင်းဘူး။ ဘာသာအတွက် လည်းမကောင်းဘူး’’ဟု မြ၀တီ မင်းကြီး ကျောင်းတိုက်ဆရာတော်  အရှင်အရိယ၀ံသာဘိဝံသက မိန့်ကြားသည်။

နိုင်ငံရေးကိစ္စအတွက် ဘာ သာ သာသနာကို အလွဲသုံးစားမ ပြုရဟု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ  ဥပဒေပုဒ်မ ၃၆၄ တွင်ပြဋ္ဌာန်းထား သည်။

ထို့အပြင် လူမျိုးရေးကြောင့်  သော်လည်းကောင်း၊ ဘာသာရေး ကြောင့်သော်လည်းကောင်း တစ် ဖက်နှင့် တစ်ဖက်၊ တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်းမုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်းများပေါ်ပေါက် လာစေရန် ရည်ရွယ်သောအပြု အမူသည် ဤဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ဆန့်ကျင်သည်ဟု တစ် ဆက်တည်းဖော်ပြထားသည်။

ထိုအပြုအမူမျိုးအတွက်ပြစ် ဒဏ်ပေးနိုင်ရန် ဥပဒေပြဋ္ဌာန်းနိုင် သည်ဟုလည်းပါရှိသည်။ ဒီချုပ် အစိုးရလက်ထက်တွင် အမုန်း  စကားများ ပြောဆိုရေးသားခြင်း ကို တားဆီးအရေးယူနိုင်ရေးဥပ ဒေ တစ်ရပ်ပြဋ္ဌာန်းရန်ကြိုးပမ်းမှုရှိခဲ့သော်လည်း  လက်ရှိအချိန် အထိ အကောင်အထည်မပေါ် သေးပေ။

ဗုဒ္ဓသာသနာ စိုးရိမ်စရာ အခြေအနေလား

7Day က ချဉ်းကပ်မေးမြန်းခဲ့ သော သံဃာတော်များနှင့် ဗုဒ္ဓ ဘာသာဝင်အချို့၏ အဆိုအရ မြန်မာနိုင်ငံအတွင်း ထေရ၀ါဒသာ သနာတော်နှင့်ပတ်သက်၍အမြင် သုံးမျိုးကွဲပြားနေသည်ကိုတွေ့ရ သည်။ အမျိုးသားရေးအင်အားစု များက လက်ရှိအစိုးသည် သာ သနာတော်ကို အားပေးမြှောက် စားခြင်းထက် ဖိနှိပ်မှုများကို လုပ် ဆောင်နေကြောင်း စွပ်စွဲသည်။

 ‘‘ယနေ့ခေတ်မှာ သံဃာ တော်များနဲ့ပတ်သက်တဲ့ ဆောင် ရွက်မှုမှန်သမျှကို ကြည့်ရတာဟာ  ဒီမိုကရေစီစနစ်ကို ဖော်ဆောင် ခြင်းမဟုတ်ဘဲ အာဏာရှင်အ ကျင့်ကို ဖော်ဆောင်ခြင်းဖြစ်တယ် လို့သုံးသပ်ကာ ပြောလိုက်ချင်ပါ တယ်။ အထူးသဖြင့် သံဃာတော် များနဲ့ ဗုဒ္ဓဘာသာသာသနာအ ပေါ် ပိုလို့ပင် ဖိနှိပ်လာတဲ့သဘော တွေ ရှိနေပါတယ်’’ဟု ဆရာတော်ဒေါက်တာ အရှင်သောပါကက မိန့်သည်။ ဆရာတော်သည်မဘသအဖွဲ့ကို အမည်ပြောင်းထားသည့် ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း ဦးဆောင်အဖွဲ့ဝင် ဆရာတော်တစ်ပါးဖြစ်သည်။

အစိုးရနှင့် နီးစပ်သည့် သံ  ဃာတော်များကမူ  သာသနာ တော်အားအကောင်းဆုံး အခြေ အနေဟုဆိုသည်။ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကပင် လက် ရှိအချိန်သည် အစိုးရက ဗုဒ္ဓသာ သနာတော်ကို  လိုလေသေးမရှိ ထောက်ပံ့နေသည့် ရနိုင်ခဲသော အချိန်ကောင်းဟု မဟနအစည်း အဝေးတစ်ရပ်တွင် မိန့်ကြားသည်။

ထို့အတူ သာသနာတော်  အရှည် တည်တံ့ထွန်းကားပြန့်ပွား ရေးအတွက် သာသနာ့ဝန်ထမ်း များ၊ ဗုဒ္ဓဘာသာဝင်ပြည်သူများ နှင့် အစိုးရတို့သုံးပွင့်ဆိုင် ပြုပြင် ပြောင်းလဲရန် လိုအပ်နေကြောင်း သီးခြားရှုမြင်ချက်များလည်း ရှိနေ ပါသည်။

လက်ရှိအချိန်တွင် မြန်မာ နိုင်ငံ၌ ဗုဒ္ဓသာသနာနှင့်ပတ်သက် ၍ လုပ်ဆောင်ရန်အသင့်ဆုံးကိစ္စ ရပ်သည် သာသနာသန့်စင်ရေး လုပ်ငန်းစဉ်သာဖြစ်သည်ဟု ယုံ ကြည်သော သံဃာတော်များနှင့်  ဗုဒ္ဓဘာသာဝင်များလည်းရှိသည်။

ဆိုရှယ်လစ်လမ်းစဉ်ခေတ်  ဗိုလ်ချုပ်ကြီးနေ၀င်းလက်ထက် တွင် သာသနာသန့်စင်ရေးအ တွက်စီမံချက်ဖြင့် လုပ်ဆောင်ခဲ့ ပြီးနောက်ပိုင်း  ခေတ်အဆက် ဆက်တက်လာသော အစိုးရများ သည် သာသနာသန့်စင်ရေးအ တွက် တို့ထိခြင်းမရှိကြောင်း ၎င်း တို့က ထောက်ပြကြသည်။

သို့သော် ဦးနေ၀င်းအစိုးရ လက်ထက် သာသနာသန့်စင်ရေး ဆောင်ရွက်ချက်သည်လည်း အ လုံးစုံ အပြစ်ကင်းသော ဆောင် ရွက်ချက်ဟု မှတ်ယူခြင်းမခံခဲ့ရ ပေ။ အဆိုပါစီမံချက်အတွင်း တ ရားတော်နှင့်အညီ နေထိုင်ကျင့် ကြံသော သံဃာတော်များပင် လူဝတ်လဲခံရသည့်  ဖြစ်စဉ်များ ရှိခဲ့သဖြင့် ဝေဖန်ခံခဲ့ရသည်။

‘‘အဓိက လိုအပ်တာက သံ ဃာအကုန်လုံး၊ သံဃာထုအကုန် လုံး အစည်းအဝေးလုပ်ပစ်ရ မှာပဲ။ ဗုဒ္ဓရဲ့သားတော်တွေပဲ သ ဘောထားကြီးစွာနဲ့ အစည်းအ ဝေးမှာ  တခြားပုဂ္ဂိုလ်စွဲများ၊ အာ ဃာတအစွဲများလည်း ဖယ်ပြီး တော့ တကယ်သာသနာသန့်စင် အောင် ပြန်လုပ်ရလိမ့်မယ်တူ တယ်။ သာသနာက အခုဟာ မသန့်စင်ဘူး’’ ဟု စာရေးဆရာ ချစ်ဦးညိုက မှတ်ချက်ပြုသည်။

သာသနာသန့်စင်ရေး ဆောင်ရွက်ရန် လိုအပ်နေ ကြောင်း လက်ရှိသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး သူရဦးအောင်ကို ကလည်း မကြာခဏ ထုတ်ဖော် ပြောကြားလေ့ရှိသည်။

ရဟန်းသာမဏေအချို့၏ သာမဏေသိက္ခာနှင့်မလျော်ညီ သောမှုခင်းများကို ယခင်ကအ သေးအဖွဲမှုခင်းများအနေဖြင့်သာ တွေ့မြင်ကြားသိရသော်လည်းယ ခုအခါတွင်ကြီးမားသော ပြစ်မှု များကိုပါ ကျူးလွန်လာကြောင်း ပြည်ထောင်စုဝန်ကြီး သူရဦး အောင်ကိုက ယမန်နှစ် ဇူလိုင် အတွင်း မဟနအစည်းအဝေးတစ် ရပ်တွင် ဆရာတော်များအား လျှောက်ထားသည်။

‘‘မာတုဂါမများနှင့် မသင့် မလျော်နေထိုင်မှု၊သက်ငယ်မုဒိမ်း ကျူးလွန်မှု၊ ယာဉ်၊ ဆိုင်ကယ်များ ကိုယ်တိုင်မောင်းနှင်ပြီး ယာဉ် တိုက်မှုကျူးလွန်မှု၊ မူးယစ်ဆေး ၀ါးရောင်းဝယ်မှုဟူသည့် မကြားဝံ့ မနာသာသော ကြီးမားသည့်ပြစ် မှုများကိုပင် ကျူးလွန်ကျော်နင်း လာသည်ကို ကြားသိနေရပါသည် ဘုရား’’ ဟု သူရဦးအောင်ကိုက လျှောက်ထားခဲ့သည်။

သို့သော် လက်ရှိ  နိုင်ငံတော် သံဃမဟာနာယကအဖွဲ့အကျိုး တော်ဆောင် အဂ္ဂအဟာပဏ္ဍိတ၊  မဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇမင်း ကျောင်း ပထမပြန်စာသင်တိုက် ဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသ က သာသနာတော်သန့်စင်ရေး အတွက် ဆောင်ရွက်နေကြောင်း  မိန့်ကြားသည်။
‘‘ဒီမဟနအဖွဲ့ကြီး စတည် ထောင်ကတည်းက  သာသနာ တော်ကြီး သန့်ရှင်းဖို့အတွက် အဓိကထားတာ။ သန့်ရှင်းပြီးမှ တည်တံ့မယ်။ တည်တံ့ပြီးမှ ပြန့် ပွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆရာတော်ကြီးတွေက သန့်ရှင်း တည်တံ့ပြန့်ပွားရေးဆိုတဲ့မူနဲ့နိုင်ငံ တော် သံဃမဟာနယကအဖွဲ့ကြီး ကို ဖွဲ့စည်းပြီးတော့ တည် ထောင် ခဲ့တာ’’ဟု  ဆရာတော် ဘဒ္ဒန္တစန္ဒိ မာဘိဝံသက မိန့်သည်။

No comments:

Post a Comment