Saturday, June 15, 2019

မန်စီးတီးနှင့်အတူ ကွင်းလယ်လူ ဂန်ဒိုဂန် စံချိန်တင်နိုင်ခဲ့

မန်စီးတီးကွင်းလယ်ကစားသမား ဂန်ဒိုဂန်ဟာ ၂၀၁၈၊ ၂၀၁၉ တရာသီအတွင်း တဂိုးဂိုးမရှိကနေ ၉ ဂိုးပြတ်ထိ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်တွေမှာ ပါဝင်ခဲ့သူအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ ဂန်ဒိုဂန်ဟာ မန်စီးတီးအသင်းနဲ့အတူ FA ဖလား ဆီးမီးဖိုင်နယ်မှာ ဘရိုက်တန်ကို ၁ ဂိုးဂိုးမရှိ၊ မန်ချက်စတာယူနိုက်တက်အသင်းကို ၂ ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်နဲ့ ဒုတိယအကျော့ ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်တွေမှာ ပါဝင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဝက်စ်ဟမ်ကို ၄ ဂိုးဂိုးမရှိ၊ ကာဒစ်ဖ်ကို ၅ ဂိုးဂိုးမရှိ၊ ချဲလ်ဆီးအသင်းကို ၆ ဂိုးဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်တွေမှာ ပါဝင်ခဲ့ပါတယ်။


ဆက်လက်ပြီးတော့ ဥရောပပွဲစဉ်ဖြစ်တဲ့ ရှော်ကီကို ၇ဂိုးပြတ်နဲ့အနိုင်ရတဲ့ ပွဲစဉ်၊ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်မှာ လိဂ်ဝမ်းကလပ် ဘာတန်အယ်ဘီရွန်ကို ၉ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်တွေမှာလည်း ပါဝင်ခဲ့ပါတယ်။ ၈ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ကတော့ ပြီးခဲ့တဲ့ ရက်ကအက်စ်တိုးနီးယားအသင်းနဲ့ ပွဲဖြစ်ပါတယ်။ ဂန်ဒိုဂန်ဟာ ပြိုင်ပွဲစုံ ၃၆ ပွဲကစားခဲ့ရပြီး ၆ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားပါတယ်။

No comments:

Post a Comment