Saturday, June 15, 2019

မွန်လွှတ်တော် အထူးအစည်းအဝေးတွင် မေးမြန်းချက် အဖြေများကို အစိုးရအဖွဲ့က ကြိုတင်မပေးတော့

မွန်ပြည်နယ်လွှတ် တော် အထူးအစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းသော မေးခွန်း၏ အဖြေ များကို အစိုးရအဖွဲ့ဘက်က ကြိုတင်ပေးထားခြင်း မရှိတော့ ကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။  ယခင်အစည်းအဝေးများ တွင် အစိုးရဘက်က ကြိုတင်၍ နာရီဝက်ခန့်စောကာ မေးခွန်းများ ၏ အဖြေလွှာများကို ပေးပို့သော် လည်း ဇွန်လ ၁၂ ရက်မှ ၁၄ ရက် အထိ ပြုလုပ်သည့် ယခုအစည်း အဝေး၌ ကြိုတင်မပေးတော့ ကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက ဆိုသည်။



 ‘‘ကျွန်တော်ထင်တာက တော့ ရှင်းပါတယ်။ ထပ်ဆင့်မေး ခွန်းတွေကို ကြောက်လို့ပါ။ ကိုယ် စားလှယ်တွေက သူတို့ဆီက အ ဖြေကိုရတဲ့အချိန်လေးမှာ ဖတ်ပြီး ထပ်ဆင့်မေးခွန်းအတွက် ပြင်ဆင်ကြတယ်လေ။ အခုက စာရွက် မပေးဘဲ သူတို့ပြောတာ နား ထောင်ဆိုတော့ ထပ်ဆင့်မေးဖို့က အားနည်းသွားတာပေါ့’’ဟု သထုံ မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူ က ပြောသည်။

ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်များ မေးမြန်းသော မေး ခွန်းများသည် ပြည်သူများ သိရှိလို သော မေးခွန်းများသာဖြစ်ပြီး အစိုးရအဖွဲ့ဘက်မှ တိတိကျကျ ဖြေကြားနိုင်ပါက ထပ်ဆင့်မေး ခွန်းမေးရန် မလိုကြောင်း ဦးအောင်ကျော်သူက ဆိုသည်။

မုဒုံမြို့နယ် မဲဆန္ဒနယ် အ မှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်က ‘‘အဖြေတွေကို လွှတ်တော်မစခင် လည်း မပေးဘူး၊ လွှတ်တော်ပြီး သွားတဲ့အချိန်မှာလည်း ကိုယ်စား လှယ်တွေကို မပေးဘူးဆိုတော့ ဘာကြောင့်လဲပေါ့။ ကျန်တဲ့ပြည် နယ်တွေမှာ အဲဒီလိုမရှိဘဲ ကျွန်မ တို့ ပြည်နယ်တစ်ခုပဲဆိုရင်တော့ စဉ်းစားစရာပဲပေါ့’’ဟုပြောကြားသည်။

လွှတ်တော်မကျင်းပမီ ကိုယ်စားလှယ်များ၏ မေးခွန်းများကို စိစစ်ကာ ပြည်နယ်အစိုးရအဖွဲ့သို့ ၁၀ ရက်ခန့် ကြိုတင်ပေးပို့သော် လည်း အစိုးရအဖွဲ့က အဖြေများ ပြန်လည် မပေးပို့သောကြောင့် လွှတ်တော်လုပ်ငန်းစဉ် နှောင့်နှေး ကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင် နိုင်ဦးက ဆိုသည်။

‘‘အစိုးရအဖွဲ့အနေနဲ့ ပြင် ဆင်ချိန်ရအောင် ကျွန်တော်တို့ ဘက်က မေးခွန်းတွေကို ၁၀ ရက် ကြိုတင်ပေးပို့တယ်။ အစိုးရအဖွဲ့ ဘက်က အဖြေတွေကို လွှတ် တော်ပြီးလည်း မပေးဘူး၊ ယူသွားတယ်။ အဲဒီတော့ လွှတ်တော်ပေ့ခ်ျမှာရော၊ မှတ်တမ်းတင်ရာမှာရော နှောင့်နှေးကုန်တာပေါ့’’ဟု ဒေါက် တာအောင်နိုင်ဦးက ပြောကြားသည်။

မေးခွန်းကို ကြိုတင်မပေး ခြင်းကိစ္စနှင့်ပတ်သက်၍ အစိုးရ အဖွဲ့ ဝန်ကြီးများအား မေးမြန်း သော်လည်း မှတ်ချက်မရပေ။ ပြီးခဲ့သည့် မွန်ပြည်နယ်လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အ စည်းအဝေးတွင် အစိုးရအဖွဲ့နှင့် ပြည်နယ်လွှတ်တော်ကြား ထပ် ဆင့်မေးခွန်းများနှင့် ပတ်သက်၍ တင်းမာမှုအချို့ ရှိခဲ့သည်။

No comments:

Post a Comment