Saturday, June 15, 2019

မြန်မာနိုင်ငံသားများအပေါ် သက်တမ်းလျှော့ချပြီး ဗီဇာကြေး တိုးမြှင့်ခဲ့သည့် အမေရိကန်ပြည်ဝင်ခွင့်ဗီဇာ ဖြစ်သည့် D Visas (Crew Visas) ကို ဇွန် ၁၈ ရက်မှစ၍ သက်တမ်းနှစ်နှစ် ပြန်လည်ပေးအပ်မည်

မြန်မာနိုင်ငံသားများအပေါ် သက်တမ်း လျှော့ချပြီး ဗီဇာကြေးတိုးမြှင့်ခဲ့သည့် အမေရိကန်ပြည်ဝင်ခွင့်ဗီဇာဖြစ်သည့် D Visas (Crew Visas) အား ၂၀၁၉ ခုနှစ် ဇွန် ၁၈ ရက်မှစတင်ကာ သက်တမ်းနှစ်နှစ် ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ  အမေရိကန်သံရုံးမှ သတင်းရရှိသည်။ ယခု ဗီဇာသက်တမ်း ပြန်လည်တိုးမြှင့် ပေးလိုက်သည့် D Visas (Crew Visas) အား ၂၀၁၉ ခုနှစ် ဇွန် ၁၈ ရက်တွင် ဗီဇာလျှောက်ထားသူများအပေါ် စတင်သက်ရောက်မှုရှိမည်ဖြစ်ပြီး ယင်းနေ့မတိုင်ခင် ဗီဇာလျှောက် ထားသူများအားလုံးမှာ ဗီဇာသက်တမ်း တစ်နှစ်သာရရှိမည်ဖြစ်ကြောင်း သိရသည်။



“D Visas (Crew Visas) ကို သက်တမ်းနှစ်နှစ်ကနေ တစ်နှစ်ကို လျှော့ချလိုက်ပြီး ဗီဇာကြေးကိုလည်း တိုးမြှင့်လိုက်ချိန်မှာ ဝန်ကြီးဌာနကနေ စာတင်တာတွေ၊  အမေရိကန်သံအမတ်နဲ့ သွားရောက်တွေ့ဆုံတာ တွေ လုပ်ခဲ့ပါတယ်။ အဲဒီလိုလုပ်ပြီးချိန်မှာ ဗီဇာကြေးကို အရင်တိုင်း ဒေါ်လာ ၁၆၀ ကို ပြန်ပြီးခွင့်ပြုပေးခဲ့တယ်။ ဗီဇာကြေးလျှော့ပေးခဲ့ပေမယ့် သက်တမ်းကတော့ အရင်လို နှစ်နှစ်ပြန်မရသေးဘူး။ အရင်လို သက်တမ်း နှစ်နှစ် ပြန်ရတာကတော့ ခုမှပေါ့လေ။ လာမယ့်ဇွန် ၁၈ ရက်မှာစပြီး အသက်ဝင်ပြီဆို တော့ အဲဒီနေ့ကစ ဗီဇာလျှောက်ထားသူတွေ အကုန်လုံး သက်တမ်းနှစ်နှစ်ပြန်လည်ရရှိမှာပါ” ဟု မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘ࿿ောသား ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် မှ ဥက္ကဋ္ဌဌ ဦးဆန်းဦးက ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဧပြီ ၉ ရက်မှ စတင်ကာ အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသားများအား ဗီဇာကြေးပြောင်းလဲမှုများ ပြု လုပ်ခဲ့ခြင်းဖြစ်သည်။ ယခင်ကမြန်မာသင်္ဘ࿿ောသားများအနေဖြင့် အမေရိကန်ပြည်ဝင်ခွင့် ဗီဇာအနေဖြင့် D Visas ဖြစ်သည့် Working Visa အား ဗီဇာကြေး အမေရိကန်ဒေါ်လာ ၁၆၀ နှင့် သက်တမ်းနှစ်နှစ်ခွင့်ပြုပေးခဲ့ပြီး ၂၀၁၈ ခုနှစ် ဧပြီ ၉ ရက်မှစတင်ကာ ဗီဇာကြေး အမေရိကန်ဒေါ်လာ ၆၀ဝ နှင့်ခွင့်ပြုသက်တမ်း တစ်နှစ်သို့ လျှော့ချခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ မြန်မာသင်္ဘ࿿ောသားတွေ အဓိကယှဉ်ပြိုင်နေရတဲ့ ဖိလစ်ပိုင် သင်္ဘ࿿ောသားတွေ အမေရိကန်ဗီဇာတစ်ခါ  လျှောက်ရင် ငါးနှစ်ပေးတယ်။ ယူကရိန်း သင်္ဘ࿿ောသားတွေဆို ၁၀ နှစ်ရထားတယ်။ ခုဆို အရင်အတိုင်း ဗီဇာကြေး ဒေါ်လာ ၁၆ဝနဲ့ သက်တမ်းနှစ်နှစ်ပြန်ရတော့ မြန်မာသင်္ဘ࿿ော သားတွေအတွက် အလုပ်အကိုင်အများကြီး ပိုမိုရရှိနိုင်ဖို့ မျှော်လင့်လာနိုင်မှာပါ” ဟု SRPS သင်္ဘ࿿ောကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အမေရိကန်ပြည်ဝင်ခွင့်ဗီဇာကြေး တိုးမြှင့်ခြင်းနှင့် ဗီဇာသက်တမ်းလျှော့ချမှုသည် မြန်မာသင်္ဘ࿿ောသားများ အလုပ်အကိုင် အခွင့်အလမ်း ဆုံးရှုံးမှုမရှိစေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် ဗီဇာကြေးတိုးမြှင့်ကောက်ခံမှုနှင့် ဗီဇာသက်တမ်း ကာလ လျှော့ချမှုအား ညိနှိုင်းစဉ်းစား သုံးသပ်ပေးပါရန် အလုပ်ရရှိမှုခက်ခဲလာနိုင်သည့်အတွက် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသို့ နိုင်ငံခြားရေးဝန်ကြီးဌာမှ ညှိနှိုင်းစာ ပေးပို့ခဲ့ ခြင်းများ ပြုလုပ်ခဲ့သည်။

 ယင်းပြင် ဗီဇာကြေးတိုးမြှင့်ခြင်း၊ ဗီဇာသက်တမ်းအား လျှော့ချလိုက်သည့်အတွက် မြန်မာသင်္ဘ࿿ောသားများ၏ အလုပ်အကိုင် အခွင့်အလမ်းအား အတိုင်းအတာတစ်ခုအထိ ထိခိုက်မှုများ ရှိလာနိုင်မည်ဖြစ်သည့်အတွက် မြန်မာသင်္ဘ࿿ောသားများ ဦးဆောင်ပါဝင်သည့် ဗီဇာကမ်ပိန်းအား ၂၀၁၈ ခုနှစ် မေ  ၂ ရက်မှ မေ ၄ ရက်အထိ သုံးရက်တာပြုလုပ်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment