Saturday, June 15, 2019

လိုက်ပ်ဇစ်တိုက်စစ်မှူး တိုက်မိုဝါနာကို ခေါ်ယူရန် လီဗာပူးကြိုးပမ်း

Image may contain: 1 personဘိုင်ယန်မြူးနစ်အသင်းရဲ့ စိတ်ဝင်စားမှု လျော့ကျသွားခဲ့တာကြောင့် လိုက်ပ်ဇစ်တိုက်စစ်မှူး တိုင်မိုဝါနာကို ဥရောပချန်ပီယံ လီဗာပူးက ခေါ်ယူဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းလာပါတယ်။ လီဗာပူးနဲ့လိုက်ပ်ဇစ်တို့ဟာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိထားပြီး နာဘီကိုင်တာကိုလည်း ခေါ်ယူခဲ့ဖူးပါတယ်။ တိုင်မိုဝါနာရဲ့ ပြောင်းရွှေ့ကြေးဟာ အနည်းဆုံးပေါင်သန်း ၅၀ ရှိနိုင်တာကြောင့် ဘွန်ဒက်စ်လီဂါချန်ပီယံတို့ နောက်ဆုတ်သွားတာဖြစ်နိုင်ပြီး မန်စီးတီးတောင်ပံကစားသမား လီရွိုင်းဆာနေးကို အရခေါ်နိုင်ဖို့ပဲ ကြိုးစားသွားဖွယ်ရှိနေပါတယ်။


ဝါနာဟာ လိုက်ပ်ဇ်အသင်းအတွက် ပွဲ ၃၀ ကစားပြီး ၁၆ ဂိုး သွင်းယူပေးထားသလို ဂျာမနီအသင်းအတွက်လည်း ၂၅ ပွဲကစားပြီး ၁၀ ဂိုး သွင်းယူပေးထားပါတယ်။

ဝါနာအနေနဲ့ လီဗာပူးကိုသာ ပြောင်းရွှေ့နိုင်ခဲ့မယ်ဆိုရင်တော့ နာမည်ကြီးတိုက်စစ်မှူး ၃ ဦးဖြစ်တဲ့ ဆာလက်၊ ဖာမီနို၊ မာနေးတို့နဲ့အပြိုင် ခြေစွမ်းပြနိုင်ဖို့လည်း လိုအပ်နေပါတယ်။

လီဗာပူးဟာ လက်ရှိအချိန်အထိ အပြောင်းအရွှေ့ဈေးကွက်မှာ ငြိမ်သက်နေပေမယ့် ပရီးမီးယားလိဂ်သရဖူကို မျှော်မှန်းနေတဲ့ နည်းပြ ကလောပ့်ကတော့ ကစားသမားအင်အား ထပ်မံဖြည့်တင်းဖို့ရှိနေပါတယ်။

No comments:

Post a Comment