Saturday, June 15, 2019

လမ်းပတ်အနေဖြင့် ချဲလ်ဆီးနည်းပြရာထူး လက်လွှတ်မခံသင့်ဟု ရက်နက်ပြော

ဖရန့်ခ်လမ်းပတ်အနေနဲ့ ချဲလ်ဆီးအသင်းရဲ့ နည်းပြရာထူးဟာ နောက်တခါ ထပ်မရနိုင်တော့တဲ့ အခွင့်အရေးဖြစ်လို့ လက်လွှတ်မခံသင့်ကြောင်း ဦးလေးဖြစ်သူ နည်းပြ ဟယ်ရီရက်နက်က ပြောကြားလိုက်ပါတယ်။ ရက်နက်က လမ်းပတ်ဟာ အဆင်သင့်ဖြစ်နေသလို ဘောလုံးအကြောင်းနားလည်ပြီး ထက်မြတ်တဲ့သူဖြစ်လို့ ချဲလ်ဆီးအသင်းမှာ အောင်မြင်လာနိုင်ကြောင်း တူဖြစ်သူကို ချီးကျူးခဲ့ပါတယ်။



လက်ရှိ ဒါဘီအသင်းနည်းပြလမ်းပတ်ဟာ ကစားသမားဘဝက ချဲလ်ဆီးအသင်းနဲ့အတူ အောင်မြင်မှုများစွာရရှိခဲ့တဲ့ ဂန္တဝင်ကစားသမားဖြစ်တာကြောင့် နည်းပြရာထူးပေးအပ်ဖို့ အသင်းဘက်ကလည်း ရည်ရွယ်နေတာဖြစ်ပါတယ်။

လက်ရှိနည်းပြ မာရီယိုဆာရီကတော့ အီတလီမြေကို တကျော့ပြန်ခြေချဖို့ သေချာနေသလို ဂျူဗင်တပ်စ်အသင်းကိုပြောင်းရွှေ့ဖို့လည်း သဘောတူညီချက်ရရှိထားပြီလို့ သိရပါတယ်။

လမ်းပတ်ဟာ ပြီးခဲ့တဲ့ရာသီက ဒါဘီကောင်တီအသင်းကို ပရီးမီးယားလိဂ် တက်လှမ်းနိုင်ဖို့ ကြိုးပမ်းပေးခဲ့ပေမယ့် Play off ဖိုင်နယ်မှာ အက်စ်တွန်ဗီလာအသင်းကို ရှုံးနိမ့်ခဲ့လို့ လိဂ်ဝမ်းမှာပဲ ဆက်လက်ကျန်ရှိနေခဲ့ပါတယ်။

No comments:

Post a Comment