Saturday, June 15, 2019

ငွေအလွဲသုံးစားပြုလုပ်တဲ့ တရုတ်ဘဏ်ကို ဒဏ်ငွေ ဒေါ်လာ ၄၅ သန်း ချမှတ်လိုက်ပြီ

No photo description available.ငွေကြေး အလွဲသုံးစားမှုတွေ ကျူးလွန်ခဲ့တဲ့ တရုတ်အစိုးရပိုင် စက်မှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် ICBC အနေနဲ့ မိမိတို့ကို ဒဏ်ငွေအဖြစ် အမေရိကန် ဒေါ်လာ ၄၅ သန်း ပေးဆောင်ရမယ်လို့ အမေရိကန် အစိုးရ ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်း နှစ်ခုက မနေ့က ကြေညာလိုက်ပါတယ်။ တရုတ်အစိုးရပိုင် အဲဒီ ICBC ဘဏ်ဟာ တခြား ငွေကြေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ADR (American Depository Receipts) အမေရိကန် ဘဏ်တွေရဲ့ ငွေသွင်းလက်မှတ် အစုရှယ်ယာတွေကို လိမ်လည်ရယူကာ ငွေကြေးဝန်ဆောင်မှုကဏ္ဍကို ထိခိုက်နစ်နာအောင် ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒီကိစ္စအတွက် အပြစ်ရှိကြောင်း တရုတ်အစိုးရဘဏ်က ဝန်ခံခဲ့တဲ့အတွက် အမေရိကန် တရားရေးဌာနကို ဒဏ်ငွေ ဒေါ်လာ သုံးသန်း ပေးဆောင်ဖို့နဲ့ အမေရိကန်ပြည်ထောင်စု အစုရှယ်ယာနဲ့ ငွေကြေးရောင်းဝယ်မှု ထိန်းချုပ်ရေးကော်မရှင်ကို ဒဏ်ငွေ ဒေါ်လာ ၄၂ သန်း ပေးဆောင်ဖို့ အခုလို ဆုံးဖြတ်ချက် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

No comments:

Post a Comment