Saturday, June 15, 2019

Ongo နှင့် BRAC တို့ ချေးငွေပေးသွင်းမှု ဆောင်ရွက်ရေး ပူးပေါင်း

 စီးပွားရေးလုပ်ငန်းများ အကြား ဒစ်ဂျစ်တယ်ငွေပေးချေမှု ကို ဝန်ဆောင်မှုပေးသည့် Ongo သည် အသေးစားငွေချေးလုပ်ငန်း ဖြစ်သည့် Myanmar Micro-finance Company (BRAC)နှင့် ဇွန်လ ၁၃ ရက်တွင် ချေးငွေပေး သွင်းခြင်းကဏ္ဍအတွက် ပူးပေါင်း ခဲ့သည်။ ပူးပေါင်းမှုအရ BRAC ထံ တွင် ငွေချေးထားသူများသည် Ongo Mobile App (သို့မဟုတ်) Ongo Agent များထံတွင် QR စနစ်ဖြင့် ငွေကြေးပြန်လည်ပေး သွင်းနိုင်သည်။ BRAC သည် အခြေခံလူတန်းစားနှင့် ကျေးလက်နေ ပြည်သူလူထုကို ငွေချေးရန် ၂၀၁၄ တွင် မြန်မာနိုင်ငံ၌ လုပ် ငန်းစတင်ခဲ့သည်။



BRAC အနေဖြင့် ၂၀၁၄ တစ်နှစ်တာအတွင်း လူတစ်သိန်း သုံးသောင်းကို ကန်ဒေါ်လာ ၇၆ သန်းကျော် ထုတ်ချေးခဲ့သည်။

BRAC ၏ ချေးငွေပေးသွင်း ခြင်းကို လက်ခံဆောင်ရွက်ပေး သည့် Ongo သည် ၂၀၁၇ တွင် မြန်မာအရှေ့တိုင်းဘဏ်လီမိ တက်နှင့် မြန်မာနိုင်ငံဈေးကွက်အ တွင်းသို့ ဝင်ရောက်ခဲ့သည်။ ၎င်း ၏ ကွန်ရက်သည် ၅၅ မြို့၌ အေးဂျင့် ၁,၈၀၀ ကျော်ဖြင့် ချိတ် ဆက်ထားပြီး အသုံးပြုသူ ငါး သိန်းကျော်ပိုင်ဆိုင်ထားသည်ဟု ကုမ္ပဏီက ကြေညာထားသည်။ BRAC သည် နယ်သာလန် နိုင်ငံ၌ မှတ်ပုံတင်ထားပြီး ဘင်္ဂ လားဒေ့ရှ်တွင် ရုံးချုပ်တည်ရှိပြီးငွေ ချေးလုပ်ငန်းအပြင် ပညာရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးရေးလုပ် ငန်းများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို လည်း လုပ်ဆောင်သည်။

No comments:

Post a Comment