Saturday, June 15, 2019

တောင်အာဖရိကကို အနိုင်ရခဲ့သော တရုတ် နောက်တစ်ဆင့်တက်ရေး စပိန်နှင့် အဆုံးအဖြတ်ကစားမည်

တောင်အာဖရိကကို ၁-၀ ဂိုးဖြင့် အနိုင်ရပြီးနောက် တရုတ်သည် အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ၌ လမ်းကြောင်းပေါ်သို့ ပြန်ရောက်လာပြီး အုပ်စု (B) တွင် ဒုတိယ နေရာအတွက် အပြိုင်ဖြစ်လာကာ နောက် တစ်ဆင့်တက်ရေး အာရုံစိုက်နေသည်။ စပိန်နှင့် သုံးမှတ်ချင်းတူနေသော တရုတ်သည် အုပ်စုအဖွင့်တွင် ရှုံးနိမ့်ခဲ့သော် လည်း ဒုတိယပွဲတွင် တည်ငြိမ်ခဲ့ပြီး အုပ်စု ဗိုလ် ဂျာမနီနှင့်အတူ (၁၆) သင်းအဆင့် တက်ရောက်ရန် ကြိုးပမ်းနေသည်။



‘‘ကျွန်တော်တို့မှာ ကြီးမားတဲ့စိတ်ဖိစီး မှုရှိခဲ့ပြီး ရှုံးလို့မရပါဘူး။ ဒီစိတ်ဖိစီးမှုကို ကစားသမားတွေက ကျော်လွှားနိုင်စွမ်းရှိခဲ့ ပါတယ်။ ကစားသမားတွေရဲ့ နိုင်လိုစိတ်က လွန်ခဲ့တဲ့နှစ်အတွင်း ကျွန်တော့်ကို အများ ဆုံး အထင်ကြီးစေပါတယ်။ ဒါက သူတို့ကို ဦးဆောင်ဖို့ သတ္တိပေးခဲ့ပါတယ်’’ဟု တရုတ်နည်းပြဂျီယာရွှန်ကွန်က ပြောသည်။

ယခုအခါ နောက်တစ်ဆင့်တက်ရန် ကြိုးပမ်းနေသော စပိန်ထက် ၎င်း၏ကစား သမားများတွင် ဖိအားပိုနည်းသည်ဟု ရွှန်ကွန်က ထင်နေသည်။

‘‘စပိန်ဟာ အလွန်တောင့်တဲ့ အသင်းပါ။ သူတို့က စပိန်အမျိုးသားအသင်းနဲ့ ကစားပုံဆင်တူပါတယ်။ စပိန်ကကျွန်တော် တို့ထက် တောင့်တင်းပါတယ်။ ဒါကြောင့် ကျွန်တော်တို့မှာ ဖိအားအများကြီးရှိမနေ ဘူး။ ဒါကြောင့် ဒါကကျွန်တော်တို့ကို ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်ပေးပါလိမ့်  မယ်။ ကစားသမားတွေက သူတို့ရဲ့ အစွမ်း အစတွေကို ထုတ်နိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်’’ ဟု ရွှန်ကွန်က ထပ် လောင်း ပြောသည်။ တရုတ်သည် အုပ်စုအဖွင့်တွင် ကမ္ဘာ့ဖလားချန်ပီယံနှစ်ကြိမ်ရ ဂျာမနီကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး စပိန်က တောင်အာဖရိကကို ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။ ယခုပွဲတွင် ဂိုးသွင်းမသေချာ ခဲ့သော တရုတ်အနေဖြင့် စပိန်နှင့်ပွဲတွင် အဆုံးသတ်စွမ်းရည်တိုးတက်ရန် လိုအပ်သည်။

No comments:

Post a Comment