Saturday, June 15, 2019

မ​ကွေးမြို့​ ​ဈေး ၄ ​ဈေးကို​ အက်စ်ဒီအေ ၀င်စစ်​​၊ တာရှည်ခံဆေးသုံး အသားတုများကို ဖျက်ဆီး

မကွေးတိုင်း မ​ကွေးမြို့​ပေါ် ​ဈေး ၄ ​ဈေးက စားသုံးရန်​မသင့်​တဲ့ အစား​​သောက်​​တွေကို ဇွန်​လ ၁၄ ရက်​​နေ့ မနက်​ပိုင်းက ပူး​ပေါင်းအဖွဲ့က ​ရွေ့လျားဓာတ်​ခွဲယာဉ်​နဲ့ စစ်​​ဆေးခဲ့ပြီး တာရှည်ခံဆေးသုံးထားတဲ့ အသားတုတွေကို ဖျက်ဆီးခဲ့တယ်လို့ အက်ဖ်ဒီအေက ပြောပါတယ်။ ​ဈေးကွက်​အတွင်းမှာ စားသုံးရန်​မသင့်တဲ့ စား​သောက်​ကုန်​​တွေ တ​ဖြည်းဖြည်း​လျော့နည်းသွား​အောင်​ ရည်​ရွယ်​ပြီး ​ကော်​မတီအဖွဲ့နဲ့ စစ်​​ဆေး​တာဖြစ်ပြီး တလကို တ​ကြိမ်​ စစ်​​ဆေးသွားမယ်လို့ မ​ကွေးတိုင်း​ဒေသကြီး အစား​သောက်​နဲ့​ဆေးဝါးများကွပ်​ကဲမှု ဦးစီးဌာန တိုင်း​တာဝန်​ခံ ​ဒေါက်​တာပြည့်​ထူးက ပြောပါတယ်။



ကုန်​ပစ္စည်း အမျိုးစားပေါင်း ၄၂ မျိုးလောက်ကို စစ်​​ဆေးတာဖြစ်​ပြီး ခွင့်​မပြု​ဆေး သုံးစွဲမှု ယခင်​ကထက်​​ အများကြီး​လျော့နည်းလာတာ တွေ့ရတယ်လို့ ဆိုပါတယ်။

အဓိက အသားတု​တွေမှာ တာရှည်​ခံ​ဆေး အသုံးပြုထားတာ​တွေ ​တွေ့ရှိလို့ ​ကော်​မတီအဖွဲ့​ရှေ့မှာ သိမ်းဆည်းဖျက်​ဆီးပြီး ဝန်​ခံကတိ ထိုးတာ​တွေ ပြုလုပ်​ခဲ့တယ်​လို့ ဒေါက်တာပြည့်ထူးက ဒီဗွီဘီကို ပြောပါတယ်။

“တစ်​ခြား ကုန်​ပစ္စည်း ၈ မျိုးကို​တော့ ​ရွေ့လျားဓာတ်​ခွဲခန်းနဲ့ စစ်​​ဆေးတာ သိပ်​မသဲကွဲလို့ ​နေပြည်​​တော်​ဓာတ်​ခွဲခန်းကို ပို့ထားတယ်​။ aဈးသည်​​တွေအ​နေနဲ့ ဝယ်​ယူတဲ့​နေရာကို မ​ပြောတဲ့ အတွက်​ ပင်​မ​ရောင်းချတဲ့​နေရာကို လိုက်​ဖို့ အခက်​ခဲ​တွေရှိတယ်​။ ပညာ​ပေးတာ​တွေပြုလုပ်​ပြီး ပင်​မ​နေရာကို စုံစမ်း​ဖော်​ထုတ်​နိုင်​ဖို့ ကြိုးစား​နေတယ်​။ လူသုံးများတဲ့ မုန့်​ဟင်​ခါးဖတ်​တို့ ​ခေါက်​ဆွဲဖတ်​​တို့မှာ​တော့ ​ဖော်​မယ်​လင်​ပါဝင်​တာ မ​တွေ့ရဘူး။”

ကံသာ​ဈေးမှ​ ဈေးဆိုင်​ပိုင်​ရှင်​တဦးဖြစ်​တဲ့ ကိုစိုင်းစိုးငယ်​က ​”အဓိက စစ်​​ဆေးမယ့် အရာ​တွေကို ​ဈေးသည်​​တွေကို ပွင့်​ပွင့်​လင်းလင်း ချပြရမှာဖြစ်​တယ်​။ ဘယ်​ပစ္စည်း အမျိုးစားက ​ရောင်းချခွင့်​မရှိဘူးလို့ တရားဝင်​ထုတ်​ပြန်​ရပါမယ်​။ အဓိက ပင်​ရင်း ​ရောင်းချတဲ ကုမ္ပဏီကြီး​တွေကို အ​ရေးယူ​ဆောင်​ရွက်​ရမှာပါ။ လက်​လီ​ရောင်းချ​နေတဲ့ ​ဈေးသည်​​တွေကို အ​ရေးယူ​ဆောင်​ရွက်​ ​တော့ နစ်​နာမှု​တွေရှိပါတယ်​” လို့ ပြောပါတယ်။

မ​ကွေးမြို့​ပေါ်ရှိ မြို့မ​ဈေး၊ ရန်​ပယ်​​ဈေး၊ ရန်​ကင်း​ဈေးနဲ့ ကန်​သာ​ဈေးရှိ ဈးဆိုင်​ခန်း​ပေါင်း ၃၂ ခန်းကို ​ကော်​မတီအဖွဲ့နဲ့ ပူး​ပေါင်းစစ်​​ဆေးခဲ့တာလို့ မ​ကွေးတိုင်း​ဒေသကြီး အစား​သောက်​နှင့်​​ဆေးဝါးများကွပ်​ကဲမှု ဦးစီးဌာနက သိရပါတယ်​။

No comments:

Post a Comment