Saturday, June 15, 2019

အလီဘာဘာ မြန်မာပြည်ရုံးခွဲ ရန်ကုန်မြို့၌ ဖွင့်လှစ်ထား

 တရုတ်နိုင်ငံအခြေစိုက် အလီဘာဘာ နိုင်ငံပေါင်းစုံလုပ် ငန်းအင်အားစု ကုမ္ပဏီအုပ်စု သည် မြန်မာနိုင်ငံ၌ e Government ၀န်ဆောင်မှု၊ Smart City ၀န်ဆောင်မှုနှင့် Cloud Service ၀န်ဆောင်မှုများ လုပ်ကိုင်ရန် ရန်ကုန်မြို့၌ ရုံးခန်းဖွင့်လှစ်ခဲ့သည်ဟု Whale Cloud နည်းပညာ ကုမ္ပဏီစီအီးအို (တောင်အာရှ) Mr.Louis Lu က ပြောသည်။ e Commerce ၀န်ဆောင်မှု လုပ်ငန်းဖြင့် လူသိများပြားသည့် အလီဘာဘာ ကုမ္ပဏီသည်တရုတ်နိုင်ငံအခြေစိုက် ဆော့ဖ်ဝဲ ကုမ္ပဏီ ZTEsoft ထံတွင် အစု ရှယ်ယာ ၄၃ ဒသမ ၇ ရာခိုင်နှုန်း ကို ကန်ဒေါ်လာသန်း ၁၉၀ ကျော် ဖြင့် ၂၀၁၈ ဖေဖော်ဝါရီအတွင်း ၀ယ်ယူပြီးနောက် Whale Cloud နည်းပညာကုမ္ပဏီ အမည်ဖြင့် Software Solution ဈေးကွက်အတွင်းသို့ ၀င်ရောက်လာခြင်းဖြစ်သည်။



‘‘ZTEsoft က မြန်မာနိုင်ငံမှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို ၀န်ဆောင်မှုပေးနေခဲ့တာ ၁၀ နှစ် လောက်ရှိပြီ။ အခု Whale Cloud နည်းပညာကုမ္ပဏီအနေနဲ့ ဘဏ် လိုမျိုး ငွေကြေးဆိုင်ရာအဖွဲ့အ စည်းတွေနဲ့ အစိုးရ၀န်ကြီးဌာန တွေကို e Government ၀န် ဆောင်မှု၊ Smart City ၀န်ဆောင် မှု၊ Cloud Service ၀န်ဆောင်မှု တွေ ပေးအပ်နိုင်ဖို့ ဆွေးနွေးနေ တာတွေ ရှိတယ်’’ဟု Mr.Louis Lu က ပြောသည်။

မြန်မာနိုင်ငံတွင် Whale Cloud နည်းပညာကုမ္ပဏီရုံးခွဲကို Sule Square တွင် ၂၀၁၉ မတ် လအတွင်း အလီဘာဘာ နိုင်ငံ ပေါင်းစုံ လုပ်ငန်းအင်အားစုကုမ္ပ ဏီအုပ်စုက ဖွင့်လှစ်ခဲ့သည်။ လက်ရှိတွင် တရုတ်အစိုးရသည် မြန်မာနိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှု ပံ့ပိုးပေးရန် စိတ်ဝင်စားနေ ကြောင်း Mr.Louis Lu က ပြော သည်။

‘‘Whale Cloud က ကမ္ဘာမှာ အဆင့်(၃) နေရာမှာရှိနေတယ် ဆိုတာ အင်တာနက်မှာ ရှာကြည့် ရင်လည်း သိနိုင်ပါတယ်။ အလီ ဘာဘာရဲ့ Cloud ဒေတာစင်တာ လည်း အာရှမှာ ဟောင်ကောင်၊ အိန္ဒိယ၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား အပါအ၀င် တရုတ် မှာ ရှိနေတယ်’’ဟု ၎င်းက ပြော သည်။ အလီဘာဘာသည် ဂျာမနီ နိုင်ငံအခြေစိုက် Rocket Internet Group လက်အောက်ခံ Daraz ကုမ္ပဏီပိုင်ဆိုင်သည့် Shop.com.mm အွန်လိုင်းဈေးဝယ် ၀က်ဘ်ဆိုက်ကို ၂၀၁၈ မေလအ တွင်း ၀ယ်ယူ၍ မြန်မာနိုင်ငံဈေး ကွက်သို့ ၀င်ရောက်ခဲ့သည်

No comments:

Post a Comment