Saturday, June 15, 2019

ဂျပန် တက္ကစီခ ကမ္ဘာပေါ်မှာ ဒုတိယဈေးအကြီးဆုံးဖြစ်နေ

ခရီးသွားဝန်ဆောင်မှု ဝက်ဘ်ဆိုက် taxi2airport.com က စစ်တမ်းကောက်ထားချက်အရ ဂျပန်သည် ကမ္ဘာပေါ်တွင် တက္ကစီခ ဒုတိယဈေးအကြီးဆုံးဖြစ်ကြောင်း သိရသည်။ ၅ ကီလိုမီတာ ခရီးစဉ်အတွက် ကျသင့်ငွေကို ယူရိုဖြင့် တွက်ချက်ကာ ကမ္ဘာ့နိုင်ငံများကို နှိုင်းယှဉ်ထားခြင်း ဖြစ်သည်။ ဂျပန်တွင် ၅ ကီလိုမီတာအတွက် တက္ကစီခ ၁၅ ဒသမ ၆၄ ယူရို ကျသင့်သည်။ ဆွစ်ဇာလန်က ၂၂ ဒသမ ၆၈ ယူရိုဖြင့် ကမ္ဘာ့ဈေးအကြီးဆုံး နံပါတ် တစ်စွဲကာ၊ ဂျာမနီက ၁၃ ဒသမ ၈ ယူရိုဖြင့် တတိယဈေးအများဆုံးဖြစ်သည်။



အီဂျစ်သည် ဈေးအချိုဆုံးဖြစ်ပြီး ၀ ဒသမ ၈၄ ယူရိုသာ ကျသင့်သည်။ အိန္ဒိယနှင့် ထိုင်းတို့သည်လည်း တက္ကစီခ ဈေးအချိုဆုံးနိုင်ငံများထဲတွင် ပါဝင်သည်။ မလေးရှားနှင့် မက္ကစီကိုတို့တွင်လည်း ၂ ယူရို ဝန်းကျင်သာ ကျသင့်သည်။ ဂျပန် တက္ကစီအဖွဲ့အစည်း၏ စာရင်းအရ ၂၀၁၆ ခုနှစ်တွင် နိုင်ငံတစ်ဝန်း တက္ကစီစီးနင်းသူ ၁ ဒသမ ၄၅ ဘီလီယံရှိပြီး၊ ၁၉၇၀ ပြည့်နှစ်များနှင့်ယှဉ်လျှင် ၆၆ ရာခိုင်နှုန်း ကျဆင်းသွားခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment