Saturday, June 15, 2019

အရှေ့အလယ်ပိုင်း ဒီပလိုမေစီ ပျက်ပြားအောင် အမေရိကန်က တမင်လုပ်ဆောင်နေဟု အီရန် စွပ်စွဲ

အမေရိကန်နဲ့ မဟာမိတ်တွေဟာ အရှေ့အလယ်ပိုင်းမှာ ဒီပလိုမေစီ ပျက်ပြားအောင် တမင်ရည်ရွယ်လုပ်ဆောင်နေကြောင်း အီရန်နိုင်ငံဟာ ဇွန် ၁၄ ရက်က စွပ်စွဲပြီး ရေနံတင်သင်္ဘ࿿ောနှစ်စီး တိုက်ခိုက်ခံရမှုကိုလည်း အပြစ်ဆိုသွားခဲ့ပါတယ်။အီရန်နဲ့ အမေရိကန်ကြားက တင်းမာမှု အရှိန်မြင့်တက်နေချိန် ပထဝီနိုင်ငံရေး ပေါက်ကွဲလုနီးပါး အခြေအနေဆိုက်နေတဲ့ ဟောမုဇ်ရေလက်ကြားအနီး အိုမန်ပင်လယ်ကွေ့မှာ ရေနံတင်သင်္ဘ࿿ောနှစ်စီး တိုက်ခိုက်ခံရမှု ဖြစ်ထားတာပါ။
အဲဒီ တိုက်ခိုက်ခံရမှုကို အမေရိကန်ဟာ လက်ဆုပ်လက်ကိုင်မပြဘဲ အီရန်အပေါ် အပြစ်ဖို့နေတာဟာ အရှေ့အလယ်ပိုင်းမှာ သံခင်းတမန်ခင်း ပျက်ပြားအောင် တမင်ဖျက်ဆီးဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာဗက်ဇာရစ်က ပြောပါတယ်။“အမေရိကန်ဟာ လက်ဆုပ်လက်ကိုင် သက်သေမရှိဘဲ ချက်ချင်းပဲ အီရန်ကို လက်ညိုးထိုး အပြစ်ဖို့တာ ဖြစ်တယ်။ ဒါဟာ အုပ်စု နှစ်က Plan B ကို ဦးတည်လှုပ်ရှားလာပြီဆိုတာ ပြနေတာပဲ။ ဒီပလိုမေစီ ပျက်ပြားအောင် လုပ်ဆောင်တဲ့၊ အီရန်အပေါ် လက်သီးပုန်းထိုးပြီး စီးပွားရေးအကြမ်းဖက်ဖို့ လုပ်ဆောင်တဲ့ Plan B ကို ဖော်ဆောင်လာတာပဲ။”လို့ ဇာရစ်က ဆိုပါတယ်။ဇာရစ်ရဲ့ ပြောစကားက အုပ်စု နှစ်ဆိုတာဟာ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘော်တန်၊ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနဲ့ ဆော်ဒီအာရေဗျ မင်းသား မိုဟာမက်ဘင်ဆာလမန်တို့ကို ရည်ညွှန်းပြောဆိုဟန် ရှိပါတယ်။“ကျွန်တော် လွန်ခဲ့တဲ့ လအနည်းငယ်ကပဲ သေချာ သတိပေးဖူးတယ်။ ကျွန်တော်က အကြားအမြင် ရသူ မဟုတ်ပါဘူး။ ဒါပေမယ့် အုပ်စု နှစ်ရဲ့ လက်ဆလက်နတွေ မကြာခင် တွေ့လာရမယ်လို့ ကြိုတင်သတိပေးခဲ့ပြီးသား ဖြစ်တယ်။”လို့ ဇာရစ်က ပြောခဲ့ပါတယ်။

No comments:

Post a Comment