Saturday, June 15, 2019

တနင်္သ࿿ာရီ ကမ်းရိုးတန်းရှိ သရက်ချောင်းမြို့နယ်နှင့် ပုလောမြို့နယ်မှ ကမ်းခြေနှင့် ပင်လယ်ပြင်တွင် ICE အထုပ် ၇၀ ကျော် ထပ်မံတွေ့ရှိ

တနင်္သ࿿ာရီကမ်းရိုးတန်းရှိ သရက်ချောင်းမြို့နယ်နှင့် ပုလောမြို့နယ်မှ ကမ်းခြေနှင့် ပင်လယ်ပြင်တွင် ဇွန် ၁၄ ရက် နံနက်က ICE ဟု ယူဆရသော မူးယစ်ဆေးဝါး အထုပ် ၇၀ ကျော်ကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ပြီး ဆက်လက် စုံစမ်းရှာဖွေနေကြောင်း သိရသည်။ဇွန် ၁၄ ရက် နံနက် ၆ နာရီခန့်က သရက်ချောင်းမြို့နယ် ထားဝယ်မြစ်ဝရှိ ကနက်သီရိကျေးရွာ ကမ်းစပ်၌ ဒေသခံတစ်ဦး လမ်းလျှောက်နေစဉ် ပင်လယ်ပြင်မှ မျောလာပြီး သောင်ပြင်၌တင်နေသည့် အထုပ် ၁၆ ထုပ် အား တွေ့ရသဖြင့် ဖွင့်ဖောက်ကြည့်ရာ မူးယစ်ဆေးဝါးများဖြစ်နေကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက အကြောင်းကြား၍ ရဲတပ်ဖွဲ့ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း၊
စစ်ဆေးချက်အရ  Qingshan စာတန်းနှင့် ကြယ်နီငါးလုံးပုံ တံဆိပ်ပါ အစိမ်းရောင် ပလတ်စတစ်အိတ်ဖြင့်ထည့်၍ ပါကင် ပိတ်ထားသော ICE မူးယစ်ဆေးဝါးဟု ယူဆရသည့် တစ်ထုပ်လျှင် တစ်ကီလိုဂရမ်ပါ ၁၅ ထုပ်၊ အပေါ်အိတ်ခွံမပါသော ပါကင်ပိတ် ပလတ်စတစ်အဖြူဖြင့်ထုပ်လျက် တစ်ကီလို ဂရမ်ပါတစ်ထုပ် စုစုပေါင်း ၁၆ ကီလိုဂရမ်ခန့် (ဒေသပေါက်ဈေး တစ်ကီလိုဂရမ်လျှင် ကျပ် သိန်း ၄၀ဝ နှုန်းဖြင့် ကျပ်သိန်း ၆၄၀ဝ) အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သည်ဟု တနင်္သ࿿ာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ မှုခင်းမှတ်တမ်းများအရ သိရသည်။“ICE အထုပ်တွေက ရွာကမ်းခြေကနေ ရတာ။ စတွေ့တာ ရွာကအခေါ် ဘဲစားပြင်မော်ဖျားပိုင်းပေါ့။ အဲဒီက ကမ်းနားတစ်လျှောက်မှာ လာတင်နေတာ။ အားလုံး ၁၆ ထုပ်တွေ့တယ်။ ရွာသားတွေသိတော့ ရဲစခန်းကို အကြောင်း ကြားတယ်။ အခု ၁၆ ထုပ်တွေ့ပေမယ့် အချို့လူတွေက ကမ်းနားမှာ မျောနေတာတွေ့သေး တယ်လို့ ပြောသံကြားတယ်။ အချို့လူတွေကလည်း ပင်လယ်ထဲ အထုပ်တွေအများကြီး မျောနေတာ တွေ့လိုက်တယ်လို့ပြောတယ်” ဟု ကနက်သီရိကျေးရွာဒေသခံ ကိုလွင်နိုးဇော်က ပြောကြားသည်။ထို့ပြင် ယင်းနေ့ နံနက် ၈ နာရီခွဲခန့်ကလည်း ပုလောမြို့နယ် မလိကျွန်းရှိ အမှတ် (၄၈) မလိ အခြေစိုက်ရေတပ်စခန်းမှ ဒုဗိုလ်မှူးကြီးမှာ မလိကျွန်းပင်လယ်ပြင်တွင် လှည့်ကင်းဆောင်ရွက်နေစဉ် ပင်လယ်ပြင်မှ ICE ဟု ယူဆရသော မူးယစ်ဆေးဝါးအထုပ် ၅၇ ထုပ်ကို ပိုင်ရှင်မဲ့ သိမ်းဆည်ရမိထားကြောင်း အကြောင်းကြားချက်အရ ပုလောမြို့နယ်ရဲ တပ်ဖွဲ့က သွားရောက် သိမ်းဆည်းခဲ့ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။အဆိုပါ ICE မူးယစ်ဆေးဝါးများ ပင်လယ်ပြင်အတွင်း မျောပါနေသည်ကို သိမ်းဆည်းရမိမှုနှင့်ပတ်သက်၍ “အရင်တုန်းက တော့ ငါးဖမ်းကွက်တွေ ပိတ်တယ်။ ဒါပေမဲ့ ထိထိရောက်ရောက် မဟုတ်ဘူးပေါ့။ အခု ဒီ နှစ်ကျတော့ မဖြစ်မနေ အားလုံးက ကမ်းကို ဝင်ခိုင်းထားတာ။ အရင်တုန်းက ပင်လယ်ထဲမှာ ငါးဖမ်းလှေတစီးတွေ့လို့ ဘာမှမဟုတ်ပေမယ့် အခုကတော့ အကုန်လုံးဝင်ခိုင်းထားတဲ့အတွက် မဖြစ်မနေ ပင်လယ်ထဲမှာတွေ့ တဲ့လှေကို ရေတပ်က ခေါ်စစ်တာ။ ပင်လယ်ထဲမှာ လှေအသွားအလာက မရှိတော့ဘူး။ ရှိရင်တောင် တစ်စင်းသွားရင် တစ်စင်းသိနေတယ်လေ။ သိနေတော့ ခေါ်စစ်တော့ သူတို့ဆီမှာ မူးယစ်ဆေးပါတော့ ပင်လယ်ထဲပစ်ချတယ်လို့ ယူဆရတယ်”  ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးစိန်ဝင်းက ဆိုသည်။လက်ရှိတွင် ပုလောမြို့နယ် မလိကျွန်းပင်လယ်ပြင်အတွင်း ICE ၅၇ ထုပ် ပိုင်ရှင်မဲ့ သိမ်းဆည်းရမိမှုကို ပုလောမြို့မရဲစခန်းက မယ (ပ) ၁၅/၂၀၁၉ မူး/စိတ်ပုဒ်မ ၁၉ (က) ဖြင့် အမှုဖွင့်ထားကြောင်း၊ သရက်ချောင်းမြို့ နယ် ကနက်သီရိကျေးရွာတွင် ICE မူးယစ်ဆေးဝါး ၁၆ ထုပ်အား ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိသည့်အမှုမှာလည်း ပုလောမြို့မရဲစခန်း၌ အမှုဖွင့်လှစ်ထားသည့်အမှုနှင့်ဆက်စပ်နေသောကြောင့် ICE မူးယစ်ဆေးဝါး ၁၆ ထုပ်ကို ပုလောမြို့မရဲစခန်းထံ သွားရောက်အပ်နှံရန် ဆောင်ရွက်နေသည်ဟုသိရသည်။ဇွန်၁၁ ရက်ကလည်း မလိကျွန်းအနီး ပင်လယ်ပြင်တွင် အလားတူ ICE ၂၄ ထုပ်၊ ဇွန် ၁၂ ရက်တွင်လည်း ゞင်းမလိကျွန်းပင်လယ်ပြင်တွင် ရေဝင်ပြီးပျော်ဝင်စပြုနေသည့် ICE ၁၁ ထုပ်နှင့်အိတ်ခွံသုံးခု ပင်လယ်ပြင်အတွင်း မျောပါနေသည်ကို သိမ်းဆည်းရမိခဲ့သောကြောင့် လက်ရှိအချိန်ထိ အဆိုပါ မလိကျွန်း ပင်လယ်ပြင်တွင်မျောပါနေသည့် ICE ၉၂ ထုပ်နှင့် ကနက်သီရိကျေးရွာကမ်းစပ်တွင် လာတင်သည့် ICE ၁၆ ထုပ်၊ စုစုပေါင်း ၁၀၈ ထုပ်ကို သိမ်းဆည်း ရမိထားသည်။

No comments:

Post a Comment