Saturday, June 15, 2019

ဘရဂ်အသင်းမှ ဘရာဇီးတိုက်စစ်မှူး ဝက်စလေကို အက်စတွန်ဗီလာက ကလပ်စံချိန်တင်ကြေးဖြင့်ခေါ်ယူ

ဘယ်လ်ဂျီယံကလပ် ဘရဂ်မှ ဘရာဇီးတိုက်စစ်မှူး ဝက် စလေကို အက်စတွန်ဗီလာက ကလပ်စံချိန်တင်ကြေး ပေါင် ၂၂ သန်းဖြင့် ခေါ်ယူသည်။ ချန်ပီယံရှစ်မှ တန်းတက် လာသော ဗီလာသည် ပွဲဦးထွက် အဖြစ် ချန်ပီယံလိဂ်ဒုတိယနေရာ ရ စပါးအိမ်ကွင်းသို့ သွားရောက် ကစားရမည်ဖြစ်သည်။ ဝက်စလေသည် ပြီးခဲ့သည့် ရာသီက ဘရဂ်အသင်းအတွက် ပြိုင်ပွဲအရပ်ရပ် ၁၇ ဂိုးသွင်းယူပြီး လေးရာသီအတွင်း ဖလားနှစ်လုံး ရရှိခဲ့သည်။ ဝက်စလေ (၂၂) နှစ်  သည် ပြီးခဲ့သည့်ရာသီက ဘယ်လ် ဂျီယံလိဂ်၏ အကောင်းဆုံးလူငယ် ကစားသမားဆုရရှိခဲ့သည်။



အက်စတွန်ဗီလာက ၂၀၁၁ တွင် ဒါရင်းဘန့်ကိုပေါင် ၁၈ သန်းအပေါင်း ထပ်တိုးကြေးထက် ကျော်သော ဈေးဖြင့်ခေါ်ယူခဲ့ သည်။ ဝက်စလေသည် ဘရဂ်အ သင်းအတွက် ပွဲ ၁၃၀ ကစားခဲ့ပြီး ၃၈ ဂိုးသွင်းကာ ၁၄ ကြိမ် ဂိုးဖန် တီးပေးခဲ့သည်။

ဗီလာက ပြင်သစ်ကလပ် လိုင်လီမှ အန်ဝါအယ်လ်ဂါဇီကို ခေါ်ယူကာ ဒေသတွင်းပြိုင်ဘက် ဘာမင်ဂမ် တိုက်စစ်မှူး ဂျိုတာကို ၂ နှစ်စာချုပ်ဖြင့် ခေါ်ယူပြီးနောက် ဝက်စလေကို တတိယမြောက် ကစားသမားသစ်အဖြစ် ခေါ်ယူ ခြင်းဖြစ်သည်။

ဝက်စလေသည် ပြီးခဲ့သည့် ရာသီက ချန်ပီယံလိဂ်အုပ်စုအ ဆင့်တွင် မိုနာကိုနှင့် တစ်ဂိုးစီသ ရေကျခဲ့သော ပထမပွဲတွင်တစ်ဂိုး၊  ၄-၀ ဖြင့် ဘရဂ်က နိုင်သော ဒုတိ ယပွဲတွင် တစ်ဂိုးသွင်းယူခဲ့သည်။

No comments:

Post a Comment